ဆိတ်တွေနဲ့သာ မြက်ရှင်းတဲ့ Google


Google ဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ မောင်တိန်းဗျူးမြို့က ရုံးချုပ်မှာ မြက်ပင်၊ပေါင်းပင်တွေကို မြက်ရိတ်စက်နဲ့ မရှင်းဘဲ၊ ဆိတ်တွေနဲ့သာ မြက်ရှင်းလေ့ရှိပါတယ်။

မြက်ရိတ်စက်နဲ့ မြက်ရှင်းတာဟာ၊ ဓာတ်ဆီလည်းကုန်၊ လေထုလည်း ညစ်ညမ်းစေတာကြောင့် ကာဗွန်ထွက်ရှိမှု မရှိတဲ့ ဆိတ်တွေနဲ့သာ မြက်ရှင်းတာဖြစ်တယ်လို့ Google က ဆိုပါတယ်။

ဆိတ်တွေကိုတော့ Rent A Goat ကုမ္ပဏီက ဌားရမ်းတာပါ။

Google အပြင်၊ အမေရိကန် ငါးနှင့်တောရိုင်းတိရိစ္ဆာန် ကာကွယ်ရေးအေဂျင်စီ၊ြေ့မယာဌာန၊ သစ်တောဌာန နဲ့ ဆီယက်တယ်မြို့တွေမှာလည်း ဆိတ်တွေနဲ့ပဲ ရှင်းကြတယ်လို့ သိရပါတယ်။

Digital times

မှတ်ချက်များ