ပနားမား နောက်ဆက်တွဲဂယက် ပင်လယ်ရပ်ခြားကုမ္ပဏီ ပိုင်ဆိုင်မှုများနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးလျက်ရှိ

ပနားမား စာရွက်စာတမ်းပေါက်ကြားမှုကြောင့် ဝင်ငွေအခွန်ရှောင်မှု ပြဿနာများပေါ်ပေါက်လာရာ ပါဝင်ပတ်သက်နေကြသော ကမ္ဘာ့ခေါင်းဆောင်များ၊ ထင်ရှားကျော်ကြားသူများ၊ အားကစားသမားများနှင့် နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်များ၏ ပင်လယ်ရပ်ခြား ကုမ္ပဏီပိုင်ဆိုင်မှုများနှင့်ပတ်သက်၍
ကမ္ဘာ့နိုင်ငံအချို့က စုံစမ်းစစ်ဆေးနေကြသည်။

မော့ဆက် ဖွန်ဆီကာ ဥပဒေလုပ်ငန်းနှင့် ဆောင်ရွက်ခဲ့သော ကနေဒါနိုင်ငံသားများသည် ပင်လယ်ရပ်ခြား၌ ကုမ္ပဏီထောင်ပြီး အခွန်တိမ်းရှောင်ခြင်း ရှိ မရှိ စစ်ဆေးရန်အတွက် ပေါက်ကြားခဲ့သော စာရွက်စာတမ်းမိတ္တူများကို ¤င်းတို့ထံလွှဲပေးရန် ကနေဒါနိုင်ငံက တောင်းဆိုထားသည်။

ထို့ပြင် ပနားမားနိုင်ငံအပါအဝင် သြစတြေးလျ၊ ပြင်သစ်၊နယ်သာလန်နှင့် စပိန်နိုင်ငံတို့ကလည်း စုံစမ်းစစ်ဆေးလျက်ရှိကြသည်။ ပင်လယ်ရပ်ခြား၌ ကုမ္ပဏီတည်ထောင်ထားကြသည့်အထဲတွင် ၄င်း၏ သားသမီးသုံးဦး ပါဝင်ပတ်သက်လျက်ရှိသော ပါကစ္စတန်ဝန်ကြီးချုပ် နာဝပ်ဇ် ရှာရစ်ဖ်က ကော်မရှင်တစ်ခုဖွဲ့ကာ စုံစမ်းစစ်ဆေးပေးမည်ဟု ကတိပြု ပြောကြားခဲ့သည်။

ပနားမားအခြေစိုက် မော့ဆက် ဖွန်ဆီကာ လုပ်ငန်းကမူ ¤င်းတို့အနေဖြင့် သင့်တော်မှန်ကန်မှုရှိသောဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအတိုင်း အမြဲတမ်း လိုက်နာဆောင်ရွက်ခဲ့ကြောင်းနှင့် မည်သည့်အမှားမျှ မလုပ်ဆောင်ခဲ့ကြောင်း ပြောဆိုခဲ့သည်။

ပနားမားနိုင်ငံသည် ငွေမည်းခဝါချမှုများနှင့် အခွန်ရှောင်ရန် တည်ထောင်သည့် ဟန်ပြကုမ္ပဏီများအတွက် လျှို့ဝှက် ဆောင်ရွက်ပေးနေသော ဗဟိုချက်မတစ်ခုအဖြစ် နာမည်ထွက်နေသောကြောင့် ပနားမားနိုင်ငံသမ္မတဲကညေ ဃေမူသ် ဠေမနူေ က စာရွက်စာတမ်းများ ပေါက်ကြားမှုနှင့်ပတ်သက်ပြီးနိုင်ငံတကာ စုံစမ်းစစ်ဆေးမှုများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သော်လည်း ၄င်းတို့ နိုင်ငံ့ဂုဏ်သတင်းအတွက်လည်း ကာကွယ်ထိန်းသိမ်းပေးမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်။

ဆီးရီးယားနိုင်ငံသည် နိုင်ငံတကာ၏ပိတ်ဆို့အရေးယူမှုများကို ကျော်လွှားရန်နှင့် စစ်ပွဲအတွက်ငွေကြေးရရှိရန် မော့ဆက် ဖွန်ဆီကာ ဥပဒေလုပ်ငန်း၏ အကူအညီကိုယူကာ ဟန်ပြကုမ္ပဏီများ တည်ထောင်ထားကြောင်း ပေါက်ကြားခဲ့သည့် စာရွက်စာတမ်းများကို ကိုးကားပြီး ပြင်သစ်သတင်းစာLe Monde က ဖော်ပြခဲ့သည်။

ဝင်ငွေခွန်သက်သာမှုကြောင့် အခြားနိုင်ငံများမှ အခွန်ထမ်း၊ လုပ်ငန်းရှင်များ ဝင်ရောက်ခိုလှုံရာ ကမ္ဘာ့နိုင်ငံများထဲတွင် ပွင့်လင်းမြင်သာမှုမရှိဆုံး နိုင်ငံများစာရင်းထဲ၌ပနားမားနိုင်ငံပါဝင်သည်ကိုပေါက်ကြားခဲ့သည့် အချက်အလက်များက ပြသလျက်ရှိကြောင်း OECD က အခွန်မူဝါဒဆိုင်ရာ အကြီးအကဲ ပက်စ်ကယ်လ် စိန့်တ် အမန်းစ်က ပြောကြားခဲ့သည်။ ပင်လယ်ရပ်ခြား၌ ကုမ္ပဏီတည်ထောင်ကာ အခွန်ရှောင်၊ ငွေကြေးခဝါချကြရာတွင် တစ်ဦးတစ်ယောက်ချင်းစီ သော်လည်းကောင်း၊ အဖွဲ့အစည်း တစ်ခုချင်းစီသော် လည်းကောင်း တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပါဝင်ပတ်သက်နေသူများ ထောင်ပေါင်းများစွာရှိသည်။

ထိုအထဲတွင် လက်ရှိတာဝန်ထမ်းဆောင်ဆဲ ကမ္ဘာ့ခေါင်းဆောင် ခြောက်ဦးအပါအဝင် စုစုပေါင်း ကမ္ဘာ့ခေါင်းဆောင် ၁၂ ဦး၊ အစိုးရဝန်ထမ်းနှင့် ထိပ်တန်းနိုင်ငံရေးသမား ၁၂၈ ဦး၊ ဥပဒေလုပ်ငန်းများ၊ ဘဏ်များနှင့် ကုမ္ပဏီပေါင်း ၁၄,ဝဝဝ အပြင် တိုက်ရိုက်ပါဝင်ပတ်သက်နေသည့်ဘဏ်များ (HSBC, UBS, Deutsche Bank နှင့် Societe Generale တို့အပါအဝင်) စုစုပေါင်း ၅၁၁ ခု တို့ပါဝင်သည်။

ကမ္ဘာ့ခေါင်းဆောင်များကလည်း ¤င်းတို့မည်သည့် အမှားမျိုးမျှ မလုပ်ခဲ့ကြောင်း တုံ့ပြန်ပြောဆိုခဲ့ကြပြီး အချကအလက် ပေါက်ကြားမှုနောက်ဆက်တွဲဂယက်အဖြစ် ရာထူးအဆင့်မြင့်သူ ခေါင်းဆောင်တစ်ဦးဖြစ်သော အိုက်စလန် ဝန်ကြီးချုပ်က ဧပြီ ၅ ရက်တွင် ပထမဆုံး နုတ်ထွက်သွားခဲ့ပြီဖြစ်သည်။

ယင်းကိစ္စ၌ ပါဝင်ပတ်သက်နေသူများထဲတွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ၏ လက်ရှိဥက္ကဋ္ဌသစ် Gianni Infantino နှင့် ဘာစီလိုနာ တိုက်စစ်မှူး Lionel Messi တို့လည်း ပါဝင်နေသည်။ မက်ဆီနှင့် ၄င်း၏ ဖခင်ဲသမါန နျြင တို့ကပနားမားကုမ္ပဏီတစ်ခု ပိုင်ဆိုင်ပြီး မက်ဆီသည် ယခင်ကတည်းက အခွန်ရှောင်သည့်သီးခြားအမှုတစ်ခုကိုရင်ဆိုင်နေရကာ ယင်းအမှုကိုလာမည့်မေလတွင် ရုံးတင်စစ်ဆေးမည်ဖြစ်သည်။ 

ဝင်းသော်တာ ဘာသာပြန်သည်။
မြန်မာတိုင်းမ်

မှတ်ချက်များ