ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် ဧပြီလ ၆ ရက်နေ့က ချိန်းတွေ့သူ သမီးရည်းစားစုံတွဲကို လူသုံးဦးက လူယက်ခဲ့ရာ သက်ဆိုင်ရာက အမှုဖွင့်စစ်ဆေးလျက်ရှိသည်။
အဆိုပါနေ့ ညနေ ၄ နာရီ အချိန်ခန့်တွင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ကိုမင်းသူခန့်သည် ရည်စားဖြစ်သူနှင့်အတူ ဒဂုံတောင်ပိုင်းမြို့နယ် ၂၀ ရပ်ကွက် အင်းဝ အိမ်ရာဝင်းအတွင်း ချိန်းဆိုတွေ့ဆုံခဲ့သည်။ ထိုသို့ချိန်းဆိုစဉ် လူငယ် ၂ ဦးနှင့် အမျိုးသမီးတစ်ဦးတို့ရောက်လာပြီး တစ်ဦးက လည်ပင်းကိုချုပ်ကိုင်ကာ၊ တစ်ဦးက ကွယ်ထားပြီး ကျန်တစ်ဦးက ရည်းစားဖြစ်သူထံမှ လက်ကိုင်ဖုန်း၊ ရွှေလက်စွပ်တစ်ကွင်း၊ ပိုက်ဆံအိတ်အသေးတစ်လုံး၊ နိုင်ငံသားကတ်၊ ကျောင်းသားကတ် စုစုပေါင်းတန်ဖိုး ၁၉၁၀၀၀ ဖိုးခန့် လုယူထွက်ပြေးခဲ့သည်။
လူယူသွားသူများမှာ ဒဂုံမြို့သစ်တောင်းပိုင်း မြို့နယ် ၂၀ ရပ်ကွက်နေ ချစ်ကို၊ စန်းထိုက်နှင့် ယမင်း(ခ)သီတာမိုး တို့ဖြစ်ကြောင်း သိရသဖြင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့မရဲစခန်း(ပ) ၅၁၂/၁၆ ပြစ်မှုပုဒ်မ ၃၈၂ အရ အမှုဖွင့် စစ်ဆေးလျက်ရှိသည်။
မြန်မာတိုင်းမ်

မှတ်ချက်များ