ဗဟန်းမြို့နယ် သင်္ကန်းဆိုင်အတွင်း ဓားထိုးမှုကျူးလွန်သူကို အမိန့်ချမည်
ဗဟန်းဈေးအိမ်ရာရှိ ရွှေအင်ကြင်းသင်္ကန်းဆိုင်မှ ၀န် ထမ်းအမျိုးသမီးကို ရည်းစား ဟောင်းဖြစ်သူက ဓားဖြင့် ထိုးခဲ့ သည့်အမှုမှ စွပ်စွဲခံထားရသူ စိုးမိုး ထက်(ခ) စိုးမိုးထွန်းကို ဧပြီ ၂၇ ရက်တွင် အပြီးသတ်အမိန့်ချမှတ်မည်ဖြစ်ကြောင်း အနောက်ပိုင်း ခရိုင် တရားရုံးမှ သတင်းရရှိ သည်။
အဆိုပါအမှုကို အနောက် ပိုင်းခရိုင်တရားရုံးရှိ ဒုခရိုင်တရား သူကြီး (၇)က တာဝန်ယူစစ်ဆေး ခဲ့ပြီး တရားလိုပြသက်သေ ၁၀ ဦး ကျော်အားစစ်ဆေးကာ တင်ကူးကြံ ရွယ်ချက်ဖြင့် လူသတ်မှုကျူးလွန် ခဲ့သည့် ပြစ်မှုပုဒ်မ ၃၀၂(၁)(ခ) ဖြင့် စွဲချက်တင် အမိန့်မှတ်ချခဲ့ သည်။
ထို့နောက် မတ်လကုန်တွင် စွပ်စွဲခံရသူ စိုးမိုးထက် (ခ) စိုးမိုး ထွန်းကို စစ်ဆေးကာ ဧပြီ ၂၁ ရက်၌ နှစ်ဖက်ရှေ့နေများက အပြီးသတ် လျှောက်လဲချက်ပေးခဲ့ ကြောင်း အနောက်ပိုင်းခရိုင် တ ရားရုံးမှ သိရသည်။
၂၀၁၅ စက်တင်ဘာ၁၂ရက် ညနေတွင် ဗဟန်းအိမ်ရာအခန်း အမှတ်(၁)ရှိ ရွှေအင်ကြင်းသင်္ကန်း အရောင်းဆိုင်၌ အလုပ်လုပ်ကိုင် နေသည့် မအိအိဌေးကို ၎င်းနှင့် ယခင်က ချစ်ကြိုက်ဖူးသူကစကား ပြောရန် ခေါ်ဆောင်ရာ မလိုက်သ ဖြင့် အသင့်ယူလာသော ဓားဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း ဗဟန်းမြို့ မရဲစခန်းမှ သိရသည်။
ဓားထိုးခံရသူ မအိအိဌေး သည် ၀ဲရင်အုံ၊ ယာရင်အုံနှင့် ယာဘက်ခါးတို့တွင် ထိုးသွင်းဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ၀င်ရောက်ဖျန်ဖြေသူ မခင်စန်းမေ နှင့် မင်းထက်အောင်တို့တွင် လည်း ပြတ်ရှဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူကို စက် တင်ဘာ ၁၃ ရက် နံနက်တွင် ပန်း ဆိုးတန်းဆိပ်ကမ်း၌ ဖမ်းမိခဲ့ပြီး ဗဟန်းမြို့မရဲစခန်းက ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူခဲ့ သည်။
အခင်းဖြစ်ပွားခဲ့သည့် ဆိုင် တွင် တပ်ဆင်ထားသည့် လုံခြုံ ရေးကင်မရာမှတစ်ဆင့် သေဆုံး သူအမျိုးသမီးနှင့် ပြစ်မှုကျူးလွန် သူတို့ ပြဿနာဖြစ်ပွားပုံ၊ ယင်း နောက် ဓားထိုးမှုဖြစ်စဉ်ဖြစ်ပွားခဲ့ ပုံများကို ကူးယူထားသည့် ဗီဒီယို ဖိုင်သည် လူမှုကွန်ရက်စာမျက်နှာ ပေါ်၌ ၂၀၁၅ စက်တင်ဘာ ၁၉ ရက် ညက စတင်တွေ့ရှိခဲ့ပြီး အ ဆိုပါ ဗီဒီယိုဖိုင်ကို မျှဝေထားသူ မှာ လေးရက်အတွင်း ငါးရာကျော် ရှိကြောင်း သိရသည်။
ဖြိုးဝေလင်း - 7day

မှတ်ချက်များ