ပြည်တွင် သင်္ကြန်တွင်း ပုလင်းခွံ၊ ဘူးခွံရောင်းရငွေများကို လမ်းပျော်ကလေးငယ်များ ပညာရေးအတွက် လှူဒါန်း

သင်္ကြန်တွင်း သိမ်းဆည်းရရှိခဲ့သည့် ပုလင်းခွံ၊ ဘူးခွံနှင့် တုတ်များကို စစ်ဆေးနေစဉ် (ဓာတ်ပုံ − ဇော်မင်းထိုက်)
ပြည်ခရိုင်ရဲတပ်ဖွဲ့နှင့် မြို့ မိမြို့ဖများ၊ အရပ်ဘက်အဖွဲ့အ စည်းများသည် သင်္ကြန်လည်ပတ် သော ကားများပေါ်မှ ရရှိသည့် ပုလင်းခွံ၊ ဘူးခွံရောင်းရငွေ ကျပ် တစ်သိန်းကျော်ကို လမ်းပျော် ကလေးငယ်များ၏ ပညာရေးအ တွက် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။

ပြည်ခရိုင် ရဲတပ်ဖွဲ့သည် သင်္ကြန်လည်ပတ်ကြသည့် ကား များပေါ်တွင် ပါလာသည့် တုတ်၊ ဓား၊ လက်နက်များ သိမ်းဆည်း ခြင်း၊ အရက်၊ ဘီယာများကို ပုလင်း၊ ဘူးစသည်တို့မှ ကြွပ် ကြွပ်အိတ်များအတွင်းသို့ ပြောင်း လဲထည့်ပေးခြင်းများကို သင်္ကြန် ဒုတိယအကြတ်နေ့နှင့် အတက် နေ့များတွင် ဆောင်ရွက်ခဲ့သည်။

‘‘သင်္ကြန်လည်ပတ်ကြရင်း ခိုက်ရန်ဖြစ်ပွားခဲ့ရင် ပုလင်းခွံ၊ ဘူး ခွံတွေကြောင့် ထိခိုက်ဒဏ်ရာရရှိ နိုင်တယ်။ ကြွပ်ကြွပ်အိတ်တွေနဲ့ လည်း ထည့်ပေးတယ်။ ပုလင်းခွံ၊ ဘူးခွံတွေကို ကျွန်တော်တို့က အလှူခံ သိမ်းဆည်းထားတယ်။ အဲဒါတွေကို အခုပြန်လည်ရောင်း ချတဲ့အခါ တစ်သိန်းနှစ်သောင်း ကျပ်ခန့်ရရှိတယ်’’ဟု ရဲတပ်ဖွဲ့ဝင် များနှင့် ကူညီဆောင်ရွက်ခဲ့သူ ပြည်မြို့ ဒေသခံ ကိုဗိတ်ကြီးက ပြောသည်။

ပုလင်းခွံ၊ ဘူးခွံရောင်းရငွေ များကို ပြည်မြို့ရှိ ကရုဏာလက် များ ကွန်ရက်ကူညီစောင့်ရှောက် နေသည့် လမ်းပျော်ကလေးငယ် ၃၀ ဦးခန့်၏ ပညာရေးအတွက် အ သုံးပြုနိုင်ရန် ပြည်ခရိုင်ရဲတပ်ဖွဲ့ နှင့်အတူ မြို့မိမြို့ဖများ၊ အရပ် ဘက်အဖွဲ့အစည်းများ ပူးပေါင်း ကူညီလှူဒါန်းခဲ့ခြင်းဖြစ်သည်။

ဇော်မင်းထိုက် - 7day

မှတ်ချက်များ