ရာသီခွင်က ပြောသော ကျူးလွန်တတ်တဲ့ အပြစ်များ


ရာသီခွင် တစ်ခုချင်းစီမှာ ကောင်းတဲ့ လက္ခဏာတွေရှိသလို မကောင်းတဲ့ လက္ခဏာတွေလည်း ရှိတတ်ပါတယ်။ သင့်မှာ ရှိတဲ့ မကောင်းတဲ့ အကျင့်စရိုက်တချို့ကို ရာသီခွင်ကိုကြည့်ပြီး ပြောနိုင်ပါတယ်။

မိဿ

ဒေါကြီးအရမ်းကြီးပြီး ကြိုတင်ခန့်မှန်းလို့ မရနိုင်တဲ့သူ။ကိုယ့် ဒေါသကိုယ် မထိန်းနိုင်တဲ့အတွက် လူသတ်မှု အထိတောင် ဖြစ်နိုင်တဲ့ သူမျိုး။

မိန်

စိတ်ကူးအရမ်းယဉ်လွန်းတဲ့ အတွက် ပျင်းရိတဲ့ လူတစ်ယောက် ဖြစ်လာတတ်တဲ့သူမျိုး ။

ကုမ်

ပညာရှိဟန်ဆောင်တတ်တဲ့သူ။ လူတွေကို ကိုယ့်စကားနားထောင်ပြီး အထင်ကြီးလာအောင် ပုံကြီးချဲ့ ပြီး လိမ်ညာပြောတတ်သူ။

မကာရ

အပြိုင်အဆိုင်စိတ်ဓာတ်များပြီး ငွေမက်သူ။

ပြိဿ-စိတ်

အလိုလိုက်၍ အသုံးအဖြုန်းကြီးသူ။ အစားကောင်း အသောက်ကောင်းကြိုက်ပြီး လောဘကြီးသူ။

ဓနု

ဖောက်ပြန်တတ်သူ။ အိမ်ထောင်တစ်ခု အတည်တကျ ထူထောင်လိုစိတ်မရှိဘဲ ပေါ့ပေါ့ပျက်ပျက်နေလိုသူ။ အိမ်ထောင်ကျပြီးလျှင် သစ္စာမရှိဘဲ မျက်နှာများ ဖောက်ပြန်တတ်သူ။

ဗြိစ္ဆာ

အပျော်အပါးမက်သူ။တစ်ယောက်ပြီး တစ်ယောက်ပြောင်းလဲ ချစ်နိုင်သူ။ပြောင်းလဲလွယ်သူ။

တူ

အလှဂုဏ် မာန်တတ်တဲ့သူ။အလှအပကို ဦးစားပေးလွန်းပြီး အလှအပသည်သာ အရေးပါသည်ဟု သတ်မှတ်တတ်သူ။

ကန်

မနာလိုတတ်သူ။ သူများ၏ ကောင်းခြင်းများကို ကိုယ့်ထက်သာ မနာလိုဖြစ်တတ်သူ။သူများအတွက် ဝမ်းသာမပေးတတ်သူ။

သိဟ်

မာနထောင်လွှားသူ-ကိုယ့်ရဲ့ ကိုယ်ပိုင်စွမ်းရည်ကို ယုံကြည်မှု လွန်ကဲသူ။

ကရကဋ်

ကိုးကွယ်မှု မှားခြင်း-ရုပ်ထု အတုများကိုးကွယ်ခြင်း။နတ်ကိုးကွယ်ခြင်း။အယူလွဲခြင်း။

မေထုန်

မရိုးသားသူ။တစ်ယောက်ကို တစ်မျိးပြော၍ နောက်တစ်ယောက်ကို နောက်တစ်မျိုး လိမ်လည်တတ်သူ။

Ref:idealist4ever
ခင်သူဇာ - Trend Myanmar

မှတ်ချက်များ