သင်္ကြန်မှာ ကဲမယ့်သူတွေအတွက် ကျန်းမာရေး နဲ့ အလှအပရေးရာ ထိန်းသိမ်းဖို့ ...
Thingyan tips လေး တချို့ မျှဝေလိုက်ရပါတယ်။
၁) ရေနားချိန်မှာ ရေလုံးဝ မပက်ဖို့ အရေးကြီးပါတယ်။
၂) နေပူကျဲတဲထဲမှာ အရက်သေစာကို လွန်လွန်ကျူးကျူး မသောက်မိဖို့ ထိန်းသိမ်းသင့်ပါတယ်။
၃) အရင်ဆုံး ကိုယ်နဲ့မသိတဲ့သူတွေက မုန့်လာကျွေးတာတို့ အအေးလေးလာတိုက်တာတို့ဆို ငြင်းပယ်ပါ။
၎) သင်္ကြန်ကားတွေနဲ့လည်ရင် စတန့်ထွင်ပြီး ကားဘေးလက်တန်းမှာ မတ်တပ်ရပ်တာတို့ ဘာတို့ လုပ်တာ ရှောင်ကျဉ်ပါ။
၅) Sunblock cream ကောင်းကောင်းလေး ဆောင်ထားပါ။
၆) မျက်ကပ်မှန် တက်တတ်သူများဖြစ်ပါက မျက်ကပ်မှန်မ၀တ်ဆင်ဘဲ သာမန်မျက်မှန်သာ တပ်ဆင်ပါ။
၇) ရေကစားပြီး အိမ်ပြန်ရောက်တိုင်း ရေချိုရေသန့်ဖြင့် ပြန်ရေချိုးပေးပါ။
၈) တစ်နေကုန် ရေကစားထားသူများအဖို့ ညဘက်တွင် အရက်ဆက်သောက်ခြင်းက ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေပါသည်။
၉) ညအိပ်ခါနီးတွင် ဗီတာမင်စီ မှီဝဲပါ။
Credit to City Care Health & Beauty Store Myanmar

မှတ်ချက်များ