ဒီရိုးရှင်းတဲ့ နည်းလမ်းလေးနဲ့ မလိုအပ်တဲ့ အမွေးအမျှင်တွေ ဖယ်ရှားနိုင်


အမွေးအမျှင်တွေ ကိုင်တွယ်ဖြေရှင်းခြင်းတို့က အခုခေတ်အလှအပဆိုင်ရာ သတ်မှတ်ချက်တွေရဲ့ တစ်စိတ်တစ်ဒေသ တစ်ခု ဖြစ်ပါတယ်။ အမွေးအမျှင်တွေဟာ မျက်နှာ၊ ခြေထောက်၊ လက်မောင်း၊ ဘယ်နေရာမှာပဲ ပေါက်နေပေါက်နေ မလိုအပ်တဲ့ အမွေးအမျှင်တွေကို ရိုးရှင်းပြီး သဘာဝကျတဲ့ ဒီနည်းလမ်းလေးက ဖယ်ရှားပေးပါလိမ့်မယ်။

နနွင်းဟာ တရုတ်နဲ့ အိန္ဒိယ ဆေးပညာမှာ အစွမ်းထက် ဆေးတစ်ခု ဖြစ်ပါတယ်။ အောက်က အရောအနှောမှာ နနွင်းဟာ အစွမ်းထက်တဲ့ ပစ္စည်းတစ်ခုအဖြစ် ပါဝင်ထားပါတယ်။

နနွင်းမှာ ရောင်ရမ်းကိုက်ခဲမှုဝေဒနာ ပျောက်ကင်းတဲ့ အစွမ်းသတ္တိတွေ ပါရှိပြီး ကိုယ်တွင်းထွက် အရည်ကြည်ဖြစ်ပေါ်မှု အားပေးပါတယ်။ လိုချင်တဲ့နေရာကို လိမ်းပေးပြီး အမွေးတွေ ရှင်းထုတ်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

ကုလားပဲမှုန့် ထမင်းစားဇွန်း (၂) ဇွန်း

နနွင်း လက်ဖက်ရည်ဇွန်း (၁) ဇွန်း

နို့ သို့မဟုတ် ဒိန်ချဉ် တစ်တို့လောက်

လမ်းညွန်ချက်များ

၁။ ကုလားပဲမှုန့်နဲ့ နနွင်းကို ပန်းကန်တစ်ခုထဲ ပေါင်းထည့်ပြီး တစ်သားတည်းမဖြစ်မချင်း မွှေပေးပါ။

၂။ နို့ သို့မဟုတ် ဒိန်ချဉ် ထည့်ပါ။

၃။ နှံ့စပ်အောင် ရောပါ။

၎။ ဖြစ်တဲ့နေရာကို လိမ်းပြီး အနည်းဆုံး မိနစ် ၂၀ ထားပါ။ မိနစ် ၂၀ တွင်း မခြောက်ပါက မခြောက်မချင်းစောင့်ပါ။

၅။ ပူပူနွေးနွေး ရေစိမ် တဘက်ယူပြီး အနှစ်အခဲပျော့တွေ ပွတ်တိုက်ပေးပါ။

Victor.PaaTung - Trend Myanmar
Ref: 1mhealthtips

မှတ်ချက်များ