အနုပညာရှင်တို့ရဲ့ သင်္ကြန်အစီအစဉ်


မကြာမီရက်ပိုင်းအတွင်း သင်္ကြန်ပွဲတော် ကျရောက်တော့မည်ဖြစ်သည်။ သင်္ကြန်ပွဲတော်ကို အနုပညာရှင်အများစုက ဖျော်ဖြေရေးမဏ္ဍပ်များတွင် ဖျော်ဖြေကာ ဖြတ်သန်းလေ့ရှိကြသည်။ ပရိသတ်များကလည်း ၎င်းတို့အားပေးသော အနုပညာရှင်များ ရှိသည့် မဏ္ဍပ်များသို့သွားရောက် အားပေးကာ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြသည်။ သင်္ကြန်အတွက် အဆင်သင့်ဖြစ်နေကြပြီဖြစ်သည့် အနုပညာရှင်တို့၏ သင်္ကြန်အစီအစဉ်များနှင့် မည်သည့်နေရာတွင်ဖျော်ဖြေမည် ဆိုသည်ကို ဖော်ပြလိုက်ပါသည်။

အိုင်းရင်းခရော့စ်

မန္တလေးရတနာပုံ တိရစ္ဆာန်ဥယျာဉ်ရှေ့၊ ကျုံးမြောက်ဘက်မှာရှိတဲ့ မန္တလေး MPT မဏ္ဍပ်မှာ အိုင်းရင်းခရော့စ်အဖွဲ့ရှိမှာဖြစ်ပြီး အဖွဲ့ရဲ့ပင်တိုင် အဆိုတော် လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်ဝိုင်းတို့နဲ့အတူ အဆိုတော်သစ်တွေဖြစ်တဲ့ လှိုင်းလေးနဲ့ အက်စတာတို့လည်း ပါဝင်ဖျော်ဖြေမှာဖြစ်ပါတယ်။

မိုးမိုး

နေပြည်တော် ACE မှာရှိမှာပါ။ သင်္ကြန်နဲ့ပတ်သက်တဲ့ ကျွန် တော့်သီချင်းက တစ်ပုဒ်၊နှစ်ပုဒ်ပဲရှိပါတယ်။ ဒါပေမဲ့ သင်္ကြန်တိုင်းမှာ သင်္ကြန်မိုးသီချင်းကိုတော့ အမြဲတမ်းဆိုဖြစ်ပါတယ်။ သင်္ကြန်မိုးက လွမ်းစရာကောင်းတယ်။ အဲဒီအပေါ်မှာလည်း ကြည်ကြည်နူးနူးလေး ရှိတယ်။ သင်္ကြန်မိုးသီချင်း ကြားလိုက်တာနဲ့ တစ်ခါတစ်ရံမှာ မျက်ရည်ကျ တာတောင်ဖြစ်တတ်တယ်။ သင်္ကြန်ကို လွမ်းသွားတာပေါ့။ ဘာလွမ်းမှန်းတော့ မသိဘူး။ သင်္ကြန်ကို မန္တလေး၊ ရန်ကုန်၊ မုံရွာ၊ ပုသိမ်၊ ချောင်းသာ၊နေပြည်တော် အဲဒီနေရာတွေမှာတော့ ဖြတ်သန်းဖူးတယ်။ နေပြည်တော်မှာတော့ ငါးနှစ်လောက်ရှိပြီ။

ဖြူဖြူကျော်သိန်း

မန္တလေး အယ်လ်ပိုင်းမဏ္ဍပ်မှာ သင်္ကြန်တစ်တွင်းလုံးရှိမယ်။ ၀ါတာပါတီရေပါတီ သီချင်းကိုလည်းဆိုမှာပါ။ ဒီနှစ်ထွက်ထားတဲ့ April Fool ထဲက EDM သီချင်း လေးတွေလည်းဆိုမယ်။ ခါတိုင်းလိုပဲ ဖြူဖြူ့ ပရိသတ်တွေ
ကြိုက်တဲ့၊ ပေါက်တဲ့ သီချင်းတွေလည်း ဆိုမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဖြူဖြူ့မှာက သင်္ကြန်သီချင်း များများစားစားမရှိဘူး။ ဖြူဖြူ့အဆိုတော် သက်တမ်းမှာ သင်္ကြန်သီချင်းက သုံးပုဒ်ပဲ ဆိုဖူးတာ။ နှစ်ပုဒ်ကကော်ပီ။ အရင်တုန်းက သီချင်းတွေကို ပြန်ဆိုထားတာ။ ၀ါတာပါတီရေပါတီတစ်ပုဒ်ပဲ ကိုယ်ပိုင်သံစဉ် သင်္ကြန်သီချင်း အနေနဲ့ရှိတာ။ တခြားကိုယ့်ရဲ့ အချစ်သီချင်းတွေ ပေါက်သီချင်းတွေဆိုမယ်။ သင်္ကြန်ဆိုရင် ဖြူဖြူ့ အဆိုတော်သက်တမ်း တစ်လျှောက် မန္တလေးမှာ ဆယ်နှစ်နေခဲ့ဖူးတယ်။ မြို့တော်ဝန်မဏ္ဍပ်နဲ့ အယ်လ်ပိုင်းမဏ္ဍပ်မှာ တစ်လှည့်စီပေါ့။ ရန်ကုန်မှာတော့ ၂၀၁၄ နဲ့ ၂၀၁၅ ၂နှစ်နေခဲ့ဖူးတယ်။ အခုနှစ်မှာ မန္တလေးအယ်လ်ပိုင်းကို ပြန်ရောက်မယ်။ အမျိုးတွေနဲ့ပြန်တွေ့ကြမယ်ပေါ့။ မန္တလေးက ပရိသတ်တွေကတော့ သင်္ကြန်မှာ ၀ါတာပါတီရေပါတီကို ဒီနှစ်မှပဲ အရှင်လတ်လတ်နားထောင်ရမှာပေါ့။ ကိုယ်လည်း ဒီနှစ်မှပဲ ဆိုပြရမှာ။ မနှစ်ကတော့ ရန်ကုန်က ပရိသတ်က ပွဲဦးထွက် နားထောင်ခဲ့ရတာ။

နန်းဆုဦး

ဒီနှစ်သင်္ကြန်ကို ကောင်းမှုကုသိုလ်လုပ်မယ်။ တရားစခန်းဝင်မယ်။ သင်္ကြန်ဆိုရင် အလုပ်နဲ့ဖြတ်သန်းတယ်။ ဒါမှမဟုတ်ရင် သူငယ်ချင်းတွေနဲ့ ရေကစားတယ်။ ဒီနှစ်ကျတော့ အရမ်းလည်း ပူတယ်။ အဲဒါကြောင့် အဲဒီ လိုလုပ်မယ့် အစား တရားစခန်း ၀င်မယ်လို့ စဉ်စားထားတယ်။

နေတိုး

ဒီနှစ်ထဲမှာတော့ ကျွန်တော်အိမ်မှာနေဖြစ်ဖို့တော့နည်းနည်းပိုများ လာတဲ့သဘောရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန်ကလွဲပြီး တခြား နေရာသွားဖို့ကလည်း မသွားချင်ဘူး။ နှစ်တိုင်းလည်းအိမ်မှာပဲနေပြီး လုပ်စရာ ရှိတာလေးနဲ့ ပြင်ဆင်စရာရှိတာလေး၊ နောက်ပြီး ကိုယ့်စိတ်နဲ့ပတ် သက်ပြီး ပြန်ဆေးကြောရတာလေးတွေရှိနေတော့ ဒီနှစ်လည်း အိမ်မှာနေ ဖြစ်ဖို့များတယ်။

နန်းခင်ဇေယျာ

သင်္ကြန်ကတော့ မန္တလေး အယ်လ်ပိုင်းမှာပါ။ ဒီနှစ်ကတော့ ကိုယ် ပိုင်သီချင်းအမြူးလေးတွေပဲ သီဆိုဖြစ်မှာပါ။ ဒီရက်မှာ သီချင်းတွေစတိုက် နေပါပြီ။ သင်္ကြန်က များသောအားဖြင့်တော့ မန္တလေးမှာ သုံးနှစ်ဆက် တိုက်ရှိပြီ။ အဲဒီမတိုင်ခင်ကတော့ ရန်ကုန်မှာပဲ။

လိမ္မော်သီး

မန္တလေးမြို့တော်ဝန်မဏ္ဍပ်မှာ သင်္ကြန်ငါးရက်စလုံးဖျော်ဖြေပေးမှာ ပါ။ သင်္ကြန်ဆိုတော့ သီချင်းအမြူးလေးတွေကို ရွေးဆိုဖြစ်မှာပါ။ ဒါပေ မဲ့ အငြိမ်ကြိုက်တဲ့ ပရိသတ်တွေလည်းရှိတော့ ထွက်ထားတဲ့ တစ်ကိုယ်တော်အခွေ၊နှစ်ခွေက သီချင်းတွေ ဆိုဖြစ်မှာပါ။ မန္တလေးသင်္ကြန်ကို အ ရင်ကတည်းက ဖျော်ဖြေချင်ခဲ့တာပါ။ ဒါပေမဲ့ အမြဲတမ်းပျက်နေခဲ့တာ။ အခုတစ်ကြိမ်က ပထမဆုံးအကြိမ် ဖြစ်တာကြောင့် ရင်ခုန်နေပါတယ်။

G Fatt

သင်္ကြန်က Rave မဏ္ဍပ်မှာရှိမှာပါ။ ရန်ကုန်မှာပါပဲ။ ဖျော်ဖြေရေး ကတော့ ပရိသတ်တွေ ကခုန်လို့ရမယ့် သီချင်းမျိုးတွေရွေးဖြစ်တယ်။ လွမ်းနေ ဆွေးနေရမယ့် ဟာမျိုးတွေတော့ နည်းနည်းလျှော့ရတာပေါ့။ ဂျင်တို့၊ ဖျပ်ဖျပ်ကိုလူးတို့၊ Single လေးတွေရှိတ်တို့ အဲဒီလို သီချင်းလေးတွေတော့ ရွေးပြီးဆိုဖြစ်မှာပါ။ သင်္ကြန်နဲ့ပတ်သက်ပြီး အမှတ်တရကတော့ ပရိသတ်တွေနဲ့ပဲ နှစ်တိုင်းသီချင်းတွေဆိုပြီး ဖြတ်သန်းဖြစ်နေတယ်။ ဒီနှစ် သင်္ကြန်အတွက် ကတော့ သီချင်းအသစ် မလုပ်ဖြစ်ပါဘူး။

စိုင်းစိုင်းခမ်းလှိုင်

မပြောတတ်သေးဘူး။ မဏ္ဍပ်ကတော့ ကျွန်တော်တို့ထိုးနေကြအတိုင်း ပြည်လမ်းမှာ လျှောက်လွှာတင်ထားပါတယ်။ ခွင့်ပြုမိန့်ရရင်လည်းထိုးမှာပါ။ မရရင်လည်း မထိုးဘူးပေါ့။ ကျွန်တော်က သင်္ကြန်မှာ အမြဲပျော်တာပါပဲ။ မဏ္ဍပ်ထိုးလို့ရရင်မဏ္ဍပ်ထိုးမယ်။ မဟုတ်ရင်လည်းရှိတဲ့ မဏ္ဍပ်မှာ ရေသွားပက်ရင်ပက်မယ်။ သီချင်းဆိုမယ်။ တခြားသိတဲ့ မဏ္ဍပ်တွေမှာလည်းသီချင်းဆိုတာမျိုးလည်း ဖြစ်နိုင်ပါတယ်။သင်္ကြန်ကို ရန်ကုန်မှာပဲရှိဖို့ များပါတယ်။

မိုးစက်ဝိုင်

သင်္ကြန်က Commercial ဆန်ဆန်တော့ မရှိပါဘူး။ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပဲ ဖြတ်သန်းဖြစ်မှာပါ။ ရန်ကုန်မှာ ရှိဖို့များပါတယ်။]

ရဲရင့်အောင်

လောလောဆယ်တော့ ရန်ကုန် Ve Ve မဏ္ဍပ်မှာပဲ ရှိမှာပါ။ သင်္ကြန်ဆိုရင် ကျွန်တော့်သီချင်းတွေထဲက မြူးမြူးကြွကြွ ဖြစ်မယ့်သီချင်းတွေကိုသီဆိုဖျော်ဖြေဖြစ်တယ်။ ပြီးတော့ စင်အောက်က ပရိသတ်တွေနဲ့ အတူတူဆိုလို့ရမယ့် သီချင်းတွေကိုရွေးပြီးဖျော်ဖြေဖြစ်တယ်။ အဆိုတော်အလုပ်မလုပ်ခင်ကတော့ သင်္ကြန်ဆိုရင် အိမ်မှာပဲနေဖြစ်တာများတယ်။ သင်္ကြန်မှာ ကျွန်တော်က ရေကစားတာတွေ လျှောက်လည်တာတွေ ဝါသနာမပါတော့ အားလပ်ချိန်အပြည့်ရတယ်။ အဲဒါကိုပြည့်ပြည့်ဝဝ အသုံးချတယ်။

မန္တလေး အယ်လ်ပိုင်းမဏ္ဍပ်

နှစ်စဉ်နှစ်တိုင်း မန္တလေး အယ်လ်ပိုင်းမဏ္ဍပ်မှာ အနုပညာရှင်တော်တော်များများဖြတ်သန်းကြသလိုဒီနှစ်မှာလည်း ဟန်ထွန်း၊ ဖိုးကာ၊ လင်းလင်း၊ ဟဲလေး၊ ကောင်းမြတ်၊ နန္ဒစိုင်း၊ အစိုင်း၊ ခန့်စည်သူ၊ မြင့်မြတ်၊ ဆန်းထွဋ်၊ DJ ပိုင်ပြည့်၊ ထွန်းအိန္ဒြာဗိုလ်၊ ဖြူဖြူကျော်သိန်း၊ ချစ်သုဝေ၊ ချမ်းချမ်း၊ နီနီခင်ဇော်၊ ရတနာ၊ ခိုင်သင်းကြည်၊ သက်မွန်မြင့်၊ နန်းဆိုင်စံ၊ နန်းခင်ဇေယျာတို့ ရှိမယ်လို့ သိရပါတယ်။

7day

မှတ်ချက်များ