သင့်မွေးဖွားရာသီဟာ ဓာတ်မတည့်မှု အန္တရာယ်အပေါ် အဆုံးအဖြတ်ပေး


မွေးရက်နဲ့ အချိန်က ကျွန်ုပ်တို့ရဲ့ ရာသီခွင်နဲ့ ဝိသေသလက္ခဏာတွေကို အဆုံးအဖြတ်ပေးပါတယ်။ ကျွန်ုပ်တို့ မျိုးရိုးဗီဇထဲမှာ တိကျတဲ့ အမှတ်အသားတစ်ခုကို လေ့လာချက်အသစ်တစ်ရပ်က ဖော်ပြထားပါတယ်။ အဲဒါက မွေးဖွားရာသီအလိုက် ရာသီခွင်တွေ ပေးပြီး ကျွန်ုပ်တို့ဘဝမှာ များစွာသော အရာတွေ ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာ ဖော်ပြပေးပါတယ်။ လူတစ်ယောက်ရဲ့ မွေးဖွားရာသီဟာ ဓာတ်မတည့်ရောဂါကနေ အရပ်အမောင်းနဲ့ အသက်ရှင်မယ့်အချိန်ကာလအထိပါ များစွာသက်ရောက်မှုရှိကြောင်း ယင်းလေ့လာမှုက ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် မွေးဖွားရာသီစတဲ့ တစ်ကြိမ်တစ်ခါသာ တွေ့ကြုံရတဲ့အဖြစ်က ရှည်ကြာတဲ့ အကျိုးသက်မှုတွေ ဆက်လက်ဖြစ်ပေါ်စေတာ လူအနည်းအကျဉ်းသာ သိကြပါတယ်။ DNA မှာ တွေ့ရှိခဲ့တဲ့ သိကျတဲ့အမှတ်အသားတစ်ခုက မွေးဖွားရာသီဟာ နောက်ပိုင်း ဓာတ်မတည့်မှုအန္တရာယ်နဲ့ စပ်ဆက်နေခြင်းပဲဖြစ်တယ်။

ရာသီအလိုက် ရာသီခွင်နဲ့ တူနိုင်ပေမယ့် အဲဒီရာသီခွင်ဟာ ဘယ်လောက်ထိ အကျိုးသက်ရောက်နိုင်လဲဆိုတာ သိပ္ပံနည်းကျသက်သေ အထောက်အထား ကျွန်ုပ်တို့မှာ ရှိပါတယ်။ မွေးဖွားတဲ့ရာသီဟာ မြောက်များစွာသော အချက်တွေပေါ် အကျိုးသက်ရောက်နေတာကြောင့် ဒီလေ့လာမှုမှာ တွေ့ရှိခဲ့တဲ့ မျိုးရိုးဗီဇဆိုင်ရာအမှတ်အသားတွေဟာ ရာသီအလိုက် အကျိုးသက်ရောက်တဲ့ ရောဂါတွေနဲ့ လက္ခဏာတွေ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ယင်းလေ့လာမှုကို ဦးဆောင်သူ Gabrielle Lockett က ပြောဆိုခဲ့ပါတယ်။

ဒီမျိုးရိုးဗီဇနဲ့ပတ်သက်တဲ့ အမှတ်အသားများက ဓာတ်မတည့်ရောဂါနဲ့ ဆက်နွယ်မှုရှိပါတယ်။ ဥပမာ - ဆောင်းရာသီမှာ မွေးတဲ့သူတွေဟာ နွေဦးရာသီမှာ မွေးဖွားသူတွေထက် နှင်းခူနာ ရောဂါအန္တရာယ်ပိုများခြင်း စသဖြင့်ပေါ့။ 

ပေါ်ထွန်း - Trend Myanmar
Ref:indianexpress

မှတ်ချက်များ