အပြာရုပ်ရှင်စတား Amber Rayne အသက်သေဆုံးလျက် တွေ့ရှိ


အပြာရုပ်ရှင်စတား Amber Rayne ကို သူမရဲ့ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းမှာ အသက်သေဆုံးလျက် တွေ့ရှိခဲ့ကြောင်း မီဒီယာသတင်းများအရ သိရပါတယ်။

အသက် ၃၁ အရွယ် Rayne ဟာ လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် ကျူးလွန်မှုနဲ့ ညစ်ညမ်းအပြာရုပ်ရှင်စတား James Deen ကို စွပ်စွဲခဲ့တဲ့ တစ်ဒါဇင်နီးပါး အမျိုးသမီးတွေထဲက တစ်ယောက် ဖြစ်ပါတယ်။ Rayne နဲ့ မိတ်ဆွေတွေဖြစ်တဲ့ Deen က ယင်းစွပ်စွဲချက်တို့ကို ငြင်းပယ်ခဲ့ပါတယ်။

Adult Video News maganzine AVN အရ Rayne ကို စနေည သို့မဟုတ် တနင်္ဂနွေမနက် အိပ်ယာပေါ် သေဆုံးလျှက်တွေ့ရှိခဲ့တာလို့ သိရပါတယ်။ အိပ်နေရင်း သေဆုံးခဲ့တာဖြစ်ပေမယ့် အာဏာပိုင်ဘက်မှ တရားဝင် အတည်ပြုပြောဆိုမှုနဲ့ ခွဲစိတ်စစ်ဆေးမှု မလုပ်ရသေးဘူးလို့ AVN က ဖော်ပြခဲ့ပါတယ်။ ဒီတစ်ပတ်အတွင်း အသေးစိတ်အချက်အလက်တွေ ထွက်လာဖို့ မျှော်လင့်ထားပါတယ်။

Rayne ဟာ ၂၀၀၅ ခုနှစ်ကတည်းက သရုပ်ဆောင်အလုပ်ကို လုပ်ကိုင်နေခဲ့သူ ဖြစ်ပါတယ်။

၂၀၁၅ ဒီဇင်ဘာလမှာ လိင်ဇာတ်လမ်း ဇာတ်ကွက်တစ်ခု ရိုက်ကူးနေစဉ် Deen သူမမျက်နှာကို ထိုးခဲ့ကြောင်း The Daily Beast ကို Rayne ပြောပြခဲ့ပါတယ်။

Deen က သူ့လိင်အင်္ဂါနဲ့ သူမရဲ့စအိုအတွင်းသို့ ကြမ်းတမ်းစွာ ထိုးသွင်းခဲ့လို့ နေရာတကာသွေးတွေ ပြည့်နေခဲ့ပြီး ပြန်ချုပ်ဖို့ ရိုက်ကွင်း ရပ်နားခဲ့ရတယ်လို့ Rayne က ပြောဆိုခဲ့ပါတယ်။

အဲဒီအင်တာဗျူးမှာပဲ Rayne က သူမ Deen နဲ့ နောက်ပိုင်းနှစ်တွေမှာ အတူတူတွဲလုပ်ခဲ့တယ်။ ဒါပေမယ့် ယုံကြည်ရတဲ့ ဒါရိုက်တာတစ်ဦးရဲ့ စောင့်ကြပ်မှုအောက်မှာပါလို့ ဆိုပါတယ်။

လူကြီးကြိုက် ရုပ်ရှင်စတားတချို့ထံမှ ယင်းစွပ်စွဲချက်တွေဟာ Deen ရဲ့ ယခင် ရည်းစား အပြာရုပ်ရှင်မင်းသမီးဖြစ်သူ Stoya က သူ သူမကို မုဒိမ်းကျင့်ခဲ့ကြောင်း twitter မှာ ရေးသားတဲ့ အချိန်မှာ စတင်ခဲ့တာပါ။

Deen အနေနဲ့ အဲဒီသတင်းကို ပြန်တုံ့ပြန်ပြောဆိုခြင်း မပြုလုပ်ခဲ့ပါဘူး။

Victor.PaaTung - Trend Myanmar
Ref: Cosmopolitan

မှတ်ချက်များ