iPhone မှာ storage တိုးမြှင့်နည်း


iPhone မှာ storage တိုးချဲ့ နိုင်တဲ့ ထူးခြားနည်းလမ်းတစ်ခု ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အဲဒီနည်းဟာ မိမိဖုန်းပေါ် space တွေ GB နဲ့ချီ လွတ်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ဒီနည်းကို လက်တွှေ့မြင်ရဖို့ Settings>General>About သို့သွားပြီး "Available" ဆီ ဆင်းပါ။

Storage ဘယ်လောက်ကျန်လဲ စစ်ဆေးပြီး iTunes Store ဆီ ဆက်သွားပါ။

ဖုန်းမှာ ကျန်တဲ့ space ထက် ပိုကြီးတဲ့ ရုပ်ရှင်တစ်ကား ရှာပါ။ The Lord of the Rings: The Two Towers (6.84GB) လိုဟာမျိုး တစ်ခုခုပေါ့။

နောက် page ရဲ့အပေါ်က "Rent" ဆိုတာလေး "click" နှိပ်ပါ။ စိတ်မပူပါနဲ့။ နေရာမကျန်တော့ရင် အခကြေးပေးဆောင်ရမှာ မဟုတ်ဘဲ storage မလုံလောက်တော့ကြောင်း အသိပေးတဲ့ error box လေးတစ်ခု ပေါ်လာပါလိမ့်မယ်။

"OK" နှိပ်ပြီးနောက် "Settings" ပြန်သွားပြီး ရနိုင်တဲ့ space တစ်ခါ ထပ်စစ်ပါ။ သိသိသာသာ တိုးသွားပါလိမ့်မယ်။

ဘာက space တိုးမြင့်ပေးလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမယ့် ဒေါင်းလုဒ်ဆွဲရန် ကြိုးပမ်းမှုက ဖုန်းရဲ့ caches တွေ ရှင်းလင်းပေးပုံ ရပါတယ်။

ဒါက သင့်ဖုန်းမှာ အမြဲအဆက်မပြတ်ရှိနေတဲ့ ဖြစ်ရပ်တစ်ခုပါ။ space နည်းတဲ့အခါ စက်ကနေ အလိုအလျောက် လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီနည်းက ဖုန်းကို ရှင်းလင်းရေးလုပ်ပေးကာ space အများကြီး လွတ်စေပါတယ်။

Victor.PaaTung - Trend Myanmar
Ref: TOI

မှတ်ချက်များ