သူလိမ်နေပြီဆိုတာကို ဘယ်လို အကဲခတ်နိုင်မလဲ
သူ့သူငယ်ချင်းတွေဆိုတာ နောက်ဆုံးမှာတော့ သူ့ကိုပဲ သစ္စာခံမယ့်လူတွေ ဖြစ်ပါတယ်။
၁ - ဖုန်းဆိုလန့်တယ်
သင်နဲ့အတူရှိနေတယ့်အချိန် ဖုန်းလာတဲ့အခါ လန့်တတ်တယ်။ သင့်ရှေ့မှာဆို မက်ဆေ့လာရင် ချက်ချင်းမကြည့်ဘူး။ အမူအရာပျက်နေတာကို သင်က သတိထားမိသွားရင်လည်း ပုံမှန်မဟုတ်တဲ့ အပြောအဆို အပြုအမူတွေ လုပ်တတ်တယ်။
၂ - အမူအရာပျက်လာတယ်
အရင်တုန်းက သူရယ်နေကျကိစ္စတွေကို မရယ်တော့ဘူး၊ အရင်တုန်းက သင်နဲ့ပက်သက်ရင် သူလုပ်တတ်တဲ့ ဟန်ပန်အမူရာတွေ ပျောက်လာတယ်။ ဒါဟာ အသေးအဖွဲလေးတွေလိုထင်ရပေမဲ့ စိတ်ချင်းဝေးလာတာဖြစ်ပါတယ်။
၃ - သူ့ သူငယ်ချင်းတွေက သူစိမ်းလို ဖြစ်လာ
သူ့သူငယ်ချင်းတွေဆိုတာ နောက်ဆုံးမှာတော့ သူ့ကိုပဲ သစ္စာခံမယ့်လူတွေ ဖြစ်ပါတယ်။ သင်မသိတာတွေကို သူ့သူငယ်ချင်းတွေက သိပါတယ်။ သင်နဲ့တွေ့တဲ့အခါ သူ့သူငယ်ချင်းတွေရဲ့ ဆက်ဆံပုံဟာ အရင်နဲ့မတူသလို ဖြစ်နေပါတယ်။ နည်းနည်းစိမ်းသွားသလို ပုံစံမျိုးပါ။
၎ - အသေးအဖွဲ လိမ်တာတွေ များလာ
အသေးအဖွဲလိမ်တာလေးတွေ အရမ်းများလာရင်လည်း သင်တို့ဝေးလာနေပြီဆိုတဲ့ လက္ခဏာပါ။ တကယ်တမ်း လက်တွဲကြတဲ့အခါမှာ သူလိမ်နေတာတွေကို ဗွေမယူဘဲနေနေတာကြောင့် သတိမထားမိတတ်ပါဘူး။
၅ - အလိုလိုသိနေ
အလိုလိုသိတတ်တဲ့ သင့်စိတ်ကိုလည်း အထင်မသေးပါနဲ့။ သူ ငါ့ကိုများ လိမ်နေလားလို့ စိတ်က အလိုအလျောက်ထင်နေမိတာမျိုး ဖြစ်ပါတယ်။
Photos & Source: Marie Clarie
duwun

မှတ်ချက်များ