ဂေး ခြေင်္သေ့များ သို့မဟုတ် လိင်တူချစ်သော ခြင်္သေ့ထီးများ







Botswana အမည်ရ အာဖရိက ကုန်းတွင်းပိတ် နိုင်ငံမှာ ဆာဖရီ သဘာဝ ဥယျာဉ်ကြီး ရှိပါတယ်။ ယင်း ဥယျာဉ်ထဲမှာ တောရိုင်း တိရစ္ဆာန် မျိုးစုံ ကြင်လည် ကျက်စားပြီး လိင်တူ ချစ်ကြတဲ့ စုံတွဲ ခြင်္သေ့ အထီးနှစ်ကောင်ကို ယခုလို မြင်တွေ့ရပါတယ်။

ဘယ်လ်ဂျီယံမှ ဓာတ်ပုံဆရာ တစ်ဦးမှာ တောထဲလည်ပတ်စဉ် မိတ်လိုက်ရန် ကြိုးစားနေတဲ့ ခြင်္သေ့ အထီး နှစ်ကောင်ကို မြင်တွေ့ခဲ့ပြီး ယခုလို မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ ပါတယ်။ ယင်း ခြင်္သေ့ နှစ်ကောင်ဟာ ကိုယ်စဉ် ခြင်္သေ့မ နဲ့ သားသမီး အကောင်ပေါက်များ ရှိကြပါတယ်။ ဒါပေမယ့် သူတို့ဟာ ပြီးခဲ့တဲ့ တစ်ပတ်ကစလို့ ကိုယ်စီ အကျင့် စရိုက်များ ပြောင်းလဲသွားပြီး အမ ခြင်္သေ့တွေကို ဂရုမစိုက်တော့ပဲ သူတို့ပါ သူတို့ ပျော်ရွှင်နေတာကို မြင်တွေ့ရ ပါတယ်။

ဆေးပညာ လေ့လာသူများရဲ့ ပြောဆိုချက်အရ သက်ရှိ မျိုးနွယ်ပေါင်း ၁၈၀၀ လောက်မှာ Homosexual လို့ခေါ်တဲ့ လိင်တူ စိတ်ဝင်စားမှု ဟိုမုန်း ရှိနိုင်ကြောင်း ဆိုပါတယ်။ ဒါကြောင့်မို့ လူသားတွေတင်မှာ မကပဲ တိရစ္ဆာန်တွေပါ လိင်တူ ချစ်ကြိုက်တာဟာ ရှားပါးပေမယ့် ယခုလို တစ်ခါတစ်ရံ မြင်တွေ့ရကြောင်း ဆိုပါတယ်။

Ref : dailymail
အောင်ခမ်း (ရိုးရာလေး)

မှတ်ချက်များ