![]() |
| စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းမြင့် (ဓာတ်ပုံ - MOI) |
ဥပဒေနှင့် အမိန့်များ စနစ် တကျထုတ်ပြန်ပြီး တိုင်းနှင့်ပြည် နယ်ဒေသဆိုင်ရာအစိုးရအဖွဲ့များ ကို ဗဟိုအစိုးရက ထောက်ပံ့မှုများ ပေးပြီး လုပ်ကိုင်ခွင့်ပြုပါက တရားမဝင်ကုန်သွယ်ရေးသည် လျော့ နည်းမည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။
‘‘အစိုးရက ဖက်ဒရယ်စနစ်ကို ဦးတည်သွားတော့ ဒေသဆိုင်ရာ အစိုးရကို အာဏာပိုပြီးတော့ ပေးသွားမှာပါ’’ဟု ပြည်ထောင်စုဝန်ကြီး ဦးသန်းမြင့်က သတင်း ထောက်များ၏ မေးမြန်းမှုကို ပြန် လည်ပြောကြားသည်။
ယခင်အစိုးရလက်ထက် တွင် စတင်အကောင်အထည်ဖော် ပြီး အစိုးရလွှဲပြောင်းခါနီး ၂၀၁၅နှစ်ကုန်၌ ဖျက်သိမ်းခဲ့သော တရားမဝင်ကုန်သွယ်မှု တားဆီးရေး အဖွဲ့ (Mobile Team)ကို ပြန်လည် ဖွဲ့စည်းမည်လားဟု သတင်းထောက်များက မေးမြန်းမှုကိုမူ တိကျစွာဖြေကြားခဲ့ခြင်း မရှိပေ။
မှောင်ခိုကုန်သွယ်မှု ဖမ်းဆီးရာ တွင် ဗဟိုကဖမ်းဆီးခြင်းထက် သက်ဆိုင်ရာဒေသဆိုင်ရာ အစိုးရအဖွဲ့က ဖမ်းဆီးခြင်းက ပိုကောင်း ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ယခင်အစိုးရလက်ထက်က တရားမဝင် ကုန်သွယ်မှုတားဆီး ရေး ဆောင်ရွက်ရာတွင် ဥပဒေ စိုးမိုးမှုအားနည်းခြင်းကြောင့် Mobile Team ဖျက်သိမ်းချိန်အထိ ဖမ်းဆီးရမိသည့် ကုန်ပစ္စည်းတန် ဖိုးပမာဏ လျော့ကျခြင်းမရှိပေ။ မြန်မာနိုင်ငံတွင် အိမ်နီးချင်း တရုတ်၊ ထိုင်းနိုင်ငံတို့နှင့် နယ် နိမိတ်ချင်းထိစပ်မှုသည် ရှည်လျား သည်။ ထို့အပြင် နယ်စပ်တစ် လျှောက်တွင်လည်း လက်နက် ကိုင်အဖွဲ့အစည်းများရှိနေသဖြင့် တရားမဝင် ကုန်သွယ်မှု တား ဆီးရေးဆောင်ရွက်မှု၌ အခက် အခဲများစွာရှိကြောင်း စီးပွားရေး လုပ်ငန်းရှင်အချို့က ဆိုသည်။
ယခင်အစိုးရလက်ထက် တွင် တရားမဝင်ကုန်သွယ်မှု တားဆီးရေး ဆောင်ရွက်ရာ၌လည်း နယ်စပ်ဒေသတွင် တရားဥပဒေစိုးမိုးမှု အားနည်းခြင်းကြောင့် စစ်ဆေးရေးလုပ်ဆောင်နေသည့် ဝန်ထမ်းများအား လက်နက်ဖြင့် ခြိမ်းခြောက်ခြင်း၊ ရန်မူတုံ့ပြန်မှုများ ပြုလုပ်ခြင်းတို့ကြောင့် အန္တရာယ်များကြုံတွေ့ခဲ့ရကြောင်း စီးပွားကူးသန်းဝန်ကြီးဟောင်း ဦးဝင်းမြင့်က မကြာခဏပြောလေ့ရှိသည်။
ထို့အပြင် ရွေ့လျားစစ်ဆေး ရေးအဖွဲ့များဖွဲ့ပြီး တရားမဝင် ကုန်သွယ်မှုတားဆီးရေးကို မလုပ် ဆောင်ရန် တိုင်းနှင့်ပြည်နယ် ကုန်သည်စက်မှုအသင်း ဥက္ကဋ္ဌ များ၊ ကုန်စည်ဒိုင်ဥက္ကဋ္ဌများနှင့် နယ်စပ်မှကုန်သည်များက ဧပြီ ၂၄ ရက်တွင် ရန်ကုန်မြို့ မင်းရဲ ကျော်စွာလမ်းရှိ ကုန်သည်စက်မှု အသင်းချုပ်၌ ပြုလုပ်သော စီးပွား ကူးသန်း ပြည်ထောင်စုဝန်ကြီးနှင့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
ပြည်သိမ်း - 7day

မှတ်ချက်များ