![]() |
| တရုတ်အစိုးရပိုင် ကုမ္ပဏီဖြစ်သော ဂွမ်ဒေါင်ရှန်ဝန်ကုမ္ပဏီ၏စက်ရုံတစ်ခုကိုတွေ့ရစဉ် (ဓာတ်ပုံ-mmbiztoday.com) |
အဆိုပါ စီမံကိန်းတွင် လောင်စာဆီလှောင်ကန်များနှင့် သို လှောင်ဖြန့်ဖြူးရေး အဆောက်အ အုံများ ပါဝင်မည်ဖြစ်သည်။
အဆိုပါ စီမံကိန်းသည် မြန် မာနိုင်ငံ၌ ဆယ်စုနှစ်များစွာအ တွင်း အကြီးမားဆုံး နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုကြီးတစ်ခု ဖြစ်လာမည် ဖြစ်သည်။
မြန်မာနိုင်ငံသည် လတ်တ လော၌ ပြည်တွင်းသုံး လောင်စာ ဆီအများစုကို ပြည်ပမှ တင်သွင်း နေရသည်။
မြန်မာရင်းနှီးမြှုပ်နှံမှုကော်မ ရှင်က နိုင်ငံတောင်ပိုင်း ထားဝယ် မြို့၌ တစ်နေ့လျှင် လောင်စာဆီ စည်တစ်သိန်း ထုတ်လုပ်နိုင်မည့် ရေနံချက်စက်ရုံ ဆောက်လုပ်ခွင့် ပေးအပ်ခဲ့သည်ဟု ကုမ္ပဏီ၏ ဒုတိယ ဥက္ကဋ္ဌ လီဟွေ (Li Hui) က ရိုက်တာသတင်းဌာနကို ပြော ကြားသည်။
အဆိုပါ စီမံကိန်း၏ ၇၀ ရာခိုင်နှုန်းကို တရုတ်ကုမ္ပဏီက ပိုင်ဆိုင်မည်ဖြစ်ပြီး ကျန် ၃၀ ရာ ခိုင်နှုန်းကို မြန်မာစီးပွားရေး ဦးပိုင် လီမိတက်၊ မြန်မာ့ရေနံလုပ် ငန်း၊ ထူးကုမ္ပဏီက အုပ်ချုပ်နေ သည့် ရန်ကုန်အင်ဂျင်နီယားရင်း အုပ်စုတို့က ပူးတွဲပိုင်ဆိုင်ကြမည် ဟု ၎င်းက ဆိုသည်။
ထိုစီမံကိန်း အတည်ပြုမှု သည် ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်သည့် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် အစိုးရက အာဏာမရ မီကတည်းက ရရှိခဲ့ခြင်းဖြစ်ပြီး ထိုစီမံကိန်းကို အစိုးရသစ်နှင့် လုပ်ဆောင်ရန် အဆင်သင့်ဖြစ် နေပြီဟု အဆိုပါကုမ္ပဏီက ပြော သည်။
‘‘ဒီစီမံကိန်းက အားလုံးအ တွက် အကျိုးစီးပွားကို ထည့်တွက် ထားတာမို့ စီမံကိန်းနဲ့ပတ်သက် ပြီး ကျွန်တော်တို့ ယုံကြည်မှုရှိပါ တယ်။ ဒီရေနံချက်စက်ရုံဟာ တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးမှုအ ပြင် ဒေသခံတွေကိုပါ အကျိုးရှိစေ မှာပါ’’ ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ လီက ပြောသည်။
ဂွမ်ဒေါင်ရှန်ဝန် စွမ်းအင် ကုမ္ပဏီသည် အဆိုပါ စီမံကိန်း ကို ၂၀၁၁ တွင် စတင်လုပ်ဆောင် ခဲ့ပြီး တရုတ်အစိုးရ၏ လုပ်ငန်း ဆောင်ရွက်ရန် ခွင့်ပြုချက်ကို ၂၀၁၄ နှောင်းပိုင်း၌ ရရှိခဲ့သည်။
၂၀၁၃ တွင် အကျိုးအမြတ် အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၄၅ ဘီလီယံရှိခဲ့သော ဂွမ်ဒေါင် ရှန်ဝန်ကုမ္ပဏီ၏ ရှယ်ယာဝေစု ၄၄ ဒသမ ၃ ရာခိုင်နှုန်းကို တရုတ် အစိုးရပိုင် Zhuhai Zhenrong ကော်ပိုရေးရှင်းက ပိုင်ဆိုင်ပြီး အဆိုပါ ကော်ပိုရေးရှင်းသည် တရုတ်အစိုးရ၏ ထိပ်တန်းကုန် သွယ်လုပ်ငန်းလေးခုအနက် တစ် ခုဖြစ်ပြီး ၁၉၉၀ အထိ တရုတ်စစ် တပ်နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ သည်။
ယခု မြန်မာနိုင်ငံက စီမံကိန်း အတွက် တရုတ်အစိုးရပိုင် တရုတ်ဖွံ့ဖြိုးရေးဘဏ်နှင့် တရုတ် ထုတ်ကုန်၊သွင်းကုန်ဘဏ်များက ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးမှုကို ရနိုင် မည်ဟု ကုမ္ပဏီဥက္ကဋ္ဌ Xiong Shaohui က ဆိုသည်။
အဘယ်ကြောင့်ဆိုသော် ယခုရင်းနှီးမြှုပ်နှံမှုသည် တရုတ် ကနေ အိမ်နီးနားချင်းနိုင်ငံများ ဖြစ်သည့် မြန်မာ၊ အိန္ဒိယနှင့် သီရိ လင်္ကာနိုင်ငံတို့ကို ချိတ်ဆက်မည့် တရုတ်အစိုးရ၏ ပင်လယ်ရေ ကြောင်း ပိုးလမ်းမကြီး အစီအစဉ် နှင့် အံဝင်ခွင်ကျဖြစ်နေသည့်အ တွက် ဖြစ်သည်။
ယခုစီမံကိန်းသည် ရေနံ ထွက်ပစ္စည်း၊ သတ္တု၊ ရေနံလှောင် ကန်များနှင့် သင်္ဘောကျင်းများကို အကြီးအကျယ် လုပ်ကိုင်နေသည့် ဂွမ်ဒေါင် ရှန်ဝန်ကုမ္ပဏီအတွက် ပထမဆုံးရေနံချက် စက်ရုံလုပ် ငန်းမှာ ၀င်ရောက်လုပ်ကိုင်ခြင်း ဖြစ်လိမ့်မည်။
ယင်းစီမံကိန်းတွင် တက် သစ်စ တရုတ်စွမ်းအင်ကုမ္ပဏီများ ကို သူတို့နှင့်အတူ လုပ်ဆောင်ရန် လမ်းဖွင့်ပေးခဲ့သည်ဟု ကုမ္ပဏီ အမှုဆောင်များက ပြောသည်။
တရုတ်အစိုးရပိုင် အကြီး ဆုံးစွမ်းအင်အုပ်စု စီအင်န်ပီစီ သည် မြန်မာနိုင်ငံ၌ အကြီးမားဆုံး နိုင်ငံခြားရင်းနှီးမြှုပ်မှု လုပ်ငန်းဖြစ် သည်။
တရုတ်စီအင်န်ပီစီသည် အ ရှေ့တောင်အာရှ၏ ဒုတိယအ ဆင်းရဲဆုံး မြန်မာနိုင်ငံတွင် တရုတ်နှင့်မြန်မာကို ဆက်သွယ် ထားသည့် ရေနံနှင့် ဓာတ်ငွေ့ပိုက် လိုင်းများကို ပိုင်ဆိုင် လုပ်ကိုင်နေ သည်။
7day
Ref: Reuters

မှတ်ချက်များ