ရန်ကုန်သင်္ကြန်မှာ ဖျော်ဖြေဖို့ မဏ္ဍပ်ရွေးနေဆဲ နေဝင်း
သီချင်းသစ်သုံးပုဒ် ထပ်မံထည့်သွင်းပေးထားသည့် Snare One Band ရှိုးခွေကို သင်္ကြန် ကာလအပြီး ထွက်ရှိမည်ဟု Snare အဖွဲ့မှ အဆိုတော်နေဝင်း က ပြောသည်။
‘‘သင်္ကြန်ပြီးရင် Snare Live Show ရဲ့ One Band Show ဒီဗီဒီ ထွက်ပါတော့မယ်။ အခုကတော့ အဲဒီအခွေအတွက် ပြင်ဆင်နေပါ တယ်။ ကြိုးစားနေပါတယ်။ သီချင်းအသစ်သုံးပုဒ်ကိုလည်း MTV ရိုက်ပြီး ပရိသတ်တွေအ တွက် မေတ္တာလက်ဆောင်ထည့် ပေးထားတာပါ’’ဟု နေဝင်းက ပြောသည်။
အဆိုပါအခွေတွင် မေတ္တာ လက်ဆောင်အဖြစ် ပါဝင်သည့် တေးသီချင်းသုံးပုဒ်မှာ ခေတ်လူ ငယ်ကောင်မလေးများနှင့်ပတ် သက်ပြီး ရေးသားထားသည့် သီချင်း၊ လူငယ်များ ပိုက်ဆံနှင့် ပတ်သက်ပြီး ဖြစ်ပျက်သည့် အ ကြောင်းအရာတို့ကို ထင်ဟပ်ရေး သားထားသည့် သီချင်းနှင့် အမျိုး သမီးများ စော်ကားခံရသည့်အ ကြောင်းအရာနှင့် ဆက်စပ်၍ ရေး သားထားသည့် သီချင်းတို့ပါဝင် ကြောင်း သိရသည်။
‘‘သုံးပုဒ်မှာ တစ်မျိုးက ပွဲ တွေ၊ ပါတီတွေမှာ ကောင်မလေး တွေ လှုပ်ပြီးကတဲ့အကြောင်း ကို ရေးထားတာ။ သီချင်းနာမည်က ‘လှုပ်’၊ နောက်တစ်ပုဒ်နာမည်က ‘ပိုက်ဆံ’၊ ပိုက်ဆံကြောင့်ဖြစ်ပျက် တဲ့ဟာလေးတွေ၊ ပိုက်ဆံကြောင့် ဒဏ်မခံနိုင်တဲ့ဟာလေးတွေ၊ နောက်ဆုံးတစ်ပုဒ်က စော်ကားခံ ရတဲ့ သီချင်းပုံစံပေါ့။ စော် (ကောင်မလေး)တွေကို ပြောထား တာပေါ့’’ဟု နေဝင်းက ပြောသည်။
နေဝင်းသည် လက်ရှိတွင် ၎င်း၏ Snare Live Show အခွေ အတွက် သီချင်းများပြင်ဆင်နေ ပြီး သင်္ကြန်၌ ရန်ကုန်တွင်သာ ပရိသတ်များအား ဖျော်ဖြေမည် ဖြစ်၍ မဏ္ဍပ်ကို ရွေးချယ်နေဆဲ ဖြစ်ကြောင်း ပြောသည်။
ဖြူဖွေးသန့် - 7day

မှတ်ချက်များ