တုပ်ကွေး တိုက်ဖျက် သစ်သီးနို့ဖျော်ရည် (၂) ခွက်


ကျန်းမာရေးနဲ့ ညီညွတ်မယ့် ထုတ်ကုန်ပစ္စည်းတွေ ထည့်သွင်းစဉ်းစားတဲ့အခါ မိမိမီးဖိုချောင်မှာတင် ရှိနေတဲ့ အရိုးရှင်းဆုံးဖြေရှင်းနည်းတွေကို ကျွန်ုပ်တို့ မကြာခဏ လျစ်လျူရှူထားတတ်ကြပါတယ်။ တခါတရံ အဖျားပျောက်အောင် သောက်တဲ့ဆေးတွေက ပိုမိုကောင်းမွန်တဲ့ ရွေးချယ်မှုနဲ့ တူနိုင်ပေမယ့် ပိုမိုရိုးရှင်းတဲ့ သဘာဝနည်းလမ်းကို မရွေးချယ်ခြင်းကြောင့် အခွင့်အကောင်းများစွာ လက်လွှတ်ဆုံးရှုံးနေကြရပါတယ်။

အောက်ပါဆေးနည်းတို့က ခန္ဓာကိုယ်မှ အဓိက လိုအပ်တဲ့ မရှိမဖြစ် အာဟာရတွေ ဖြည့်စွမ်းပေးပါလိမ့်မယ်။ ဒီသစ်သီးနို့ပျော်ရည်တွေဟာ ခန္ဓာကိုယ်ကို တစ်နည်းထက်မက အကျိုးပြုပါတယ်။

၁။ အစာချေချက်မှု မြင့်တင်ပေးတဲ့ သစ်သီးနို့ဖျော်ရည်

ပါဝင်ပစ္စည်းများ

· သဘာဝဂျင်းမှုန့် တစ်ဆိတ်

· အော်ဂဲနစ် ပန်းသီးရှာလကာရည် ၁/၂ အောင်စ

· သံပုယိုရည် ၁/၂ အောင်စ

လမ်းညွှန်ချက်

၁။ ပါဝင်ပစ္စည်းအားလုံးကို ရေအနည်းငယ်နဲ့ ပေါင်းစပ်ပါ။

၂။ အပျစ်အကျဲ အဆင်ပြေတဲ့ အနေအထားမရောက်မချင်း မွှေပေးပါ။

ဇီဝဖြစ်စဉ်ပိုမိုကောင်းမွန်အောင် လည်ပတ်စေတဲ့ သစ်သီးနို့ဖျော်ရည်

ပါဝင်ပစ္စည်းများ

· အော်ဂဲနစ် ပန်းသီးရှာလကာရည် ၁/၂ အောင်စ

· သံပုယိုရည် ၁/၂ အောင်စ

· ငရုတ်သီးမှုန့် တစ်ဆိတ်

လမ်းညွှန်ချက်

ပါဝင်ပစ္စည်းအားလုံးကို ရေအနည်းငယ်နဲ့အတူ သစ်သီးဖျော်စက်ထဲ ပေါင်းစပ်ပါ။

မှတ်ချက်။ ။ အရသာအရမ်းပြင်းနေပါက ရေအနည်းငယ် ထပ်ထည့်နိုင်ပါတယ်။

Ref: 1mhealthtips
Victor.PaaTung - Trend Myanmar

မှတ်ချက်များ