ပြန်ဆေးမယ့်အစား တစ်ခါတည်းလွှင့်ပစ်သင့်တဲ့ အိမ်ထဲက အရာ (၇) ခု
အချိန်ကြာလာတာနဲ့အမျှ ပိုမိုညစ်ပတ်လာပြီး ပိုးမွှားတွေ ကပ်ညိတွယ်လာတဲ့ပစ္စည်းတွေ ဖြစ်ပါတယ်။ ထို့ကြောင့် ပြန်ဆေးမယ့်အစား တစ်ခါတည်းလွှင့်ပစ်သင့်တဲ့ အိမ်ထဲက အရာ (၇) ခုကိုဖော်ပြပေးလိုက်ပါတယ်.............
၁ - ပန်းကန်ဆေးဖော့တုံး
ပိန့်ရှုံ့ပြီးသေးသွားတဲ့ထိ သုံးမယ်အစား ဈေးနှုန်းလည်း ဘယ်လောက်မှ မရှိတာကြောင့် ရက်ပိုင်းခြားအလိုက် လဲပြီး သုံးသင့်ပါတယ်။
၂ - ရေချိုးခန်းထဲက ကန့်လန့်ကာ
ရေချိုးခန်း ကန့်လန့်ကာရှိတယ်ဆိုရင် တစ်ခါနှစ်ခါလောက်ဆေးပြီးတာနဲ့ အသစ်ဝယ်သင့်ပါတယ်။
၃ - သွားတိုက်တံထည့်တဲ့ ခွက်
ခွက်တစ်ခုတည်းကိုပဲ ကြာရှည်သုံးနေမယ်ဆိုရင် အညစ်အကြေးတွေက အချိန်နဲ့အမျှကပ်တွယ်လာပါတယ်။
၎ - အိမ်ရှေ့ခြေသုတ်ဖုံ
ရာသီတစ်ခုပြောင်းတိုင်း ခြေသုတ်ဖုံအသစ်တစ်ခု ပြောင်းသင့်ပါတယ်။
၅ - လက်နှီးစုတ်
ခဏခဏဆေးဖို့လိုသလို ကိုယ် ပုံမှန်လဲသုံးတာထက်ပိုပြီး ခဏခဏ အသစ်လဲသင့်ပါတယ်။
၆ - ကျိုးနေတဲ့ အင်္ကျီချိတ်
ကျိုးနေတဲ့ အင်္ကျီချိတ်အပြင် နှစ်ပေါင်းများစွာသုံးတဲ့ အင်္ကျီချိတ်တွေကိုလည်း စွန့်ပစ်သင့်ပါတယ်။
၇ - ပလတ်စတစ်ဗူး
ပလတ်စတစ်ခွက်တွေဟာ စွန်းထင်းနေပြီဆိုရင် လွှင့်ပစ်သင့်ပါတယ်။ အက်ရာဖြစ်နေပြီဆိုရင်လည်း လွှင့်ပစ်သင့်ပါတယ်။ နှစ်များစွာကြာအောင် လည်း မသုံးသင့်ပါဘူး။
Ref : Duwun
Photo Credit : Duwun
Posted By : Wai Phyoe

မှတ်ချက်များ