၂၀၁၆ ခုနှစ် ဧပြီလ ၂၇ ရက် နေ့ ညနေပိုင်းတွင် တနင်္သာရီမြို့ ချောင်းငယ်ရပ်ကွက်တွင် ဇနီးဖြစ်သူ မတင်မာချိုအား လင်ယောင်္ကျား ဖြစ်သူ ချမ်းအေးအောင်က ကပ်ကျေးဖြင့် လည်ပင်းအား ထိုးသတ်ပြီး ထွက်ပြေးခဲ့ရာ တရားခံအား ဖမ်းဆီး ရမိပြီ ဖြစ်ကြောင်း သိရှိရပါတယ်။
ကတ်ကြေးဖြင့် ထိုးသည့် ဒဏ်ရာကြောင့် မတင်မာချိုမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။
တရားခံဖြစ်သူ ချမ်းအေးအောင်ဟာ မူးယစ်ဆေးဝါး အမှုဖြင့် ထောင် ၂ကြိမ် ကျခံခဲ့ရသူ ဖြစ်ပြီး အခုဖြစ်စဉ် ဟာလဲ မူးယစ်ဆေးဝါ သုံးစွဲပြီး ကျူးလွန်ခဲ့တာ ဖြစ်ကြောင်း သုံးသပ်နေကြပါတယ်။
၎င်းတိုမှာ သမီး ၂ ယောက် ရှိကြောင်း သိရှိရပြီး တရားခံ ချမ်းအေးအောင်ကို တနင်္သာရီ ရဲစခန်းက အမှုဖွင့် အရေးယူ ထားပါတယ်။
မြိတ်မြို့ သတင်းမီဒီယာ


မှတ်ချက်များ