အမြန်လမ်းတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားပြီး Miss Universe 2015 မော်လမြိုင်အလှမယ် အိဖြိုးသွယ်နှင့် မိခင်ဖြစ်သူတို့ သေဆုံး
အမြန်လမ်းမကြီး ၉၇ မိုင် အနီးတွင် ဧပြီ ၁၁ ရက် နံနက် ၉ နာရီခန့်က မွန်ပြည်နယ်မှ ရှမ်းပြည်နယ် အင်းလေးဘက်သို့ ဘုရားဖူး အလည်အပတ် ထွက်လာသည့် ယာဉ်မောင်း မအိဖြိုးသွယ် မော်လမြိုင်မြို့နေသူ မောင်းနှင် လာသော ပရာဒိုခဲရောင်ယာဉ်မှာ အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၉၇ မိုင်၊ ၂ ဖာလုံနှင့် ၃ ဖာလုံကြားသို့ အရောက်တွင် အရှိန်မထိန်းနိုင်ပဲ လမ်းလယ်ကျွန်းများသို့ ကျော်တက်ကာ ကတ်တုံးများအား ၀င်တိုက်မိပြီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Eleven




မှတ်ချက်များ