11လွှာကနေခုန်ချပြီးသေကြောင်းကြံခဲ့ပေမယ့် ဒဏ်ရာတောင်မရခဲ့တဲ့သူ


တရုတ်နိုင်ငံအရှေ့ပိုင်း Jiangsuပြည်နယ် Yangzhouမြို့မှာ လူတစ်ယောက်ဟာ ၁၁လွှာအဆောက်အဦးပေါ်ကနေ ခုန်ချသတ်သေဖို့ ကြိုးစားခဲ့ပါတယ်။ ရဲတွေနဲ့ မိသားစုဝင်တွေက ၂နာရီကြာအောင် ဖြောင်းဖျခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။

ဒါပေမယ့်သူခုန်ချဖို့ကြိုးစားတဲ့အချိန်မှာတော့ မီးသတ်သမားတွေ ပြင်ဆင်ထားတဲ့ လေအိတ်ပေါ်ကိုကျပြီး ဒဏ်ရာတောင်ရခဲ့ခြင်းမရှိခဲ့ပါဘူး။ ၂၀၁၁တုန်းကလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ တရုတ်နိုင်ငံရဲ့ သေကြောင်းကြံစည်မှုဟာ လူ၁သိန်းမှာ၂၂ယောက်အထိရှိခဲ့ပါတယ်။

ဒီနှုန်းဟာ အခြားနိုင်ငံတွေနဲ့နှိုင်းယှဉ်ရင်အတော်ကို မြင့်မားနေပါတယ်။ ဒီလိုမျိုး သေကြောင်းကြံစည်မှုတွေကို တားဆီးဖို့ Samaritans ဆိုတဲ့အဖွဲ့အစည်းက ကြိုးစားနေပါတယ်။ အကယ်၍မိမိကိုယ်ကိုသတ်သေဖို့ ကြိုးစာချင်နေတယ်ဆိုရင်သူတို့ကို ဆက်သွယ်ဖို့ သူတို့က အမြဲတံခါးဖွင့်ထားပါတယ်။

Source:mirror
Shwemom


မှတ်ချက်များ