အင်္ဂလန်နိုင်ငံ မန်ချက်စတာ မြို့ ရဲ့  အကြီးဆုံး ကုန်တိုက် Trafford Centre ကြီး ထဲကို ဖေါက်ခွဲရေးပစ္စည်းတွေ ကျောပိုး အိပ်အတွင်းထည့်လာသူအကြမ်းဖက် သမားတဦး ၀င်ရောက်လာခဲ့ပြီး အာရပ် ဘာသာဖြင့်
"အလ္လာဟူ အက္ကဘား" ဘုရားသခင်သည် ကြီးမြတ်ပေသည်အော်ဟစ်ပြီး အတွင်းမှာ ရှိနေကြတဲ့ သူတွေကို တိုက်ခိုက်ခဲ့ရာမှာ အကြမ်းဖက်နိမ်နင်းရေးတပ်ဖွဲ့ ဝင်တွေက ကုန်တိုက်ကို ရောက်လာပြီး အကြမ်းဖက်သမားကို ပစ်ခတ်ရှင်းလင်းခဲ့ပါတယ်၊
နောက်ဆုံးတော့ ဗုံးအိပ် ကိုင်ဆောင်ထားသူ လဲကျသွားပါတယ်၊ဒဏ်ရာရတဲ့ လူနာတွေ နဲ့  ကုန်တိုက်အတွင်းရှိနေတဲ့သူတွေကို အသိပညာပေးတဲ့ အနေနဲ့ ကြိုတင် လေ့ကျင့်ပေးတဲ့ သရုပ်ပြပွဲ ဖြစ်ပါတယ်၊
ယခုဖြစ်ရပ်နဲ့  ပါတ်သက်ပြီး အကြမ်းဖက်သမားက အော်ဟစ်ခဲ့တဲ့ "အလ္လာဟူ အက္ကဘား" ဆိုတဲ့ ဘာသာရေးဆိုင်ရာအသုံးနုံးကြောင့် နိုင်ငံတကာကအစ္စလာမ် ဘာသာဝင်တွေ စိတ်မသက်မသာ ဖြစ်ခဲ့ရတာကြောင့် အင်္ဂလန်ရဲတပ်ဖွဲ့ က တရားဝင်တောင်းပန်ခဲ့ကြောင်း သိရပါတယ်။
ABC News
Social Action for Women - SAW




မှတ်ချက်များ