၁နှစ်အရွယ်သမီးလေးကို အဆိပ်ခတ်သတ်ခဲ့တဲ့မိခင်အရင်း


Devon, Plymouth, Keyhamအရပ်ဒေသမှာနေထိုင်သူ Rose Jonesဆိုတဲ့အမျိုးသမီးဟာ သူမရဲ့တစ်နှစ်အရွယ်သမီးငယ်လေးကို အဆိပ်ခတ်သတ်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ သူမဟာ ကလေးငယ်ကို 2014 နိုဝင်ဘာကနေ 2015ဇွန်လအထိ နို့ချိုတိုက်ကျွေးတိုင်း Class Cအဆင့်ရှိတဲ့ Tramadol ကိုရောနှောပြီးတိုက်ကျွေးခဲ့တာဖြစ်ပါတယ်။

Tramadolဟာ အကိုက်အခဲပျောက်ဆေးတစ်မျိုးဖြစ်ပြီး ကလေးငယ်များအတွက် အဆိပ်နီးပါး ပြင်းထန်ပါတယ်။

သူမမှာ တစ်နှစ်အရွယ်ကလေးတစ်ယောက်အပြင် နောက်ထပ် ၂နှစ်အရွယ်သမီးလေးလည်းရှိပါသေးတယ်။ သူမဟာ၁နှစ်အရွယ်ကလေးလေးကို ရည်ရွယ်ချက်ရှိရှိအဆိပ်ခတ်ခဲ့ကြောင်းဝန်ခံခဲ့ပေမယ့် ၂နှစ်အရွယ်သမီးငယ်ကိုတော့ ဘာမှမလုပ်ခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

သူမဟာ အခြားအမှုတွေလည်းအရင်ကကျူးလွန်ဖူးပါတယ်။ သူများရဲ့ ကဒ်နဲ့ATMမှာသွားထုတ်တဲ့အတွက် တစ်ခါကတရားရင်ဆိုင်ခဲ့ရပါသေးတယ်။ လတ်တလောအမှုမှာတော့ သူမအနေနဲ့ဝန်ခံထားတာကြောင့် နောက်ဆုံးစီရင်ချက်ကို မေလ၁၉ ရက်နေ့မှာ ချမှတ်မယ်လို့သိရပါတယ်။

Source:metro
Shwemom

မှတ်ချက်များ