နာဆာက ဂြိုဟ်အသစ်များ တွေ့ရှိမှု ထုတ်ပြန်


အမေရိကန် အမျိုးသား အာကာသသိပ္ပံ နာဆာရဲ့ ကပ်ပလာ အာကာသ အဝေးကြည့် မှန်ပြောင်းက စုဆောင်းရရှိတဲ့ သတင်းအချက်အလက်တွေကို သိပ္ပံပညာရှင်တွေက စစ်ဆေးအပြီးမှာ နေအဖွဲ့အစည်းရဲ့ အပြင်ဘက်မှာ ဒါဇင်နဲ့ချီတဲ့ ဂြိုဟ်စနစ်တွေ အပါအဝင် ဂြိုဟ်ပေါင်း ၁၂၈၄ ခုကို တွေ့ခဲ့တယ်လို့ ပြောပါတယ်။

သူတို့ထဲက ဂြိုဟ် ၉ ခုက ဂြိုဟ်မျက်နှာပြင်မှာ ရေရှိဖို့ သင့်တော်တဲ့ ပတ်လမ်းတွေ ရှိနေတယ်လို့ ဆိုပါတယ်။

အခု ကြေညာချက်ကြောင့် နေအဖွဲ့အစည်းရဲ့ ပြင်ပမှာ တွေ့ထားတဲ့ အတည်ပြုပြီးသား ဂြိုဟ်စုစုပေါင်း ၃၂၆၄ ခု ရှိသွားပါပြီ။

ကမ္ဘာမြေနဲ့ ဆင်တူပြီး လူတွေနေလို့ရတဲ့ ဂြိုဟ်တွေကို ဒီစီမံကိန်းက ရှာဖွေနေတာပါ။

ဂြိုဟ်အသစ်တွေထဲမှာ အခု ၅၅၀ နီးပါးက ကမ္ဘာမြေနဲ့တူတဲ့ ကျောက်တောင်တွေ ရှိနေနိုင်တယ်လို့ နာဆာက ပြောပါတယ်။

ဂြိုဟ် ၉ ခုကတော့ ရေတွေသိုလှောင်ထားနိုင်လောက်တဲ့ အပူချိန်ကို ဖြစ်စေနိုင်လောက်အောင် ကြယ်တခုကနေ သင့်တော်တဲ့ အကွာအဝေးမှာ ရှိနေတာပါ။

ရှာဖွေတွေ့ရှိမှုအရ သက်ရှိတွေ နေနိုင်တဲ့ ခုလို အခြေအနေမျိုး ရှိနေတဲ့ ဂြိုဟ် စုစုပေါင်း ၂၁ ခု ရှိသွားပြီ ဖြစ်ပါတယ်။

DVB

မှတ်ချက်များ