တောင်ငူတွင် သားအဖနှစ်ယောက် ရန်ဖြစ် ဖခင်သေဆုံး




မေလ ၁၆ ရက်နေ့ ညနေပိုင်းက တောင်ငူမြို့ (၂) ရပ်ကွက်တွင် အရက်မူးပြီး ပြန်လာသော သားနဲ့ အဖေတို့ နှစ်ယောက် ရန်ဖြစ်ရင်း သားဖြစ်သူက ဖခင်၏ ရင်ဘတ်ကို တွန်းလိုက်ရာ ဖခင်လဲသွားချိန် သားဖြစ်သူက လဲနေသောဖခင် ရင်ဘတ်ပေါ် တက်ခုန်သဖြင့် ဖခင်သေဆုံးသွားတာ ဖြစ်တယ်လို့ သိရှိရပါသည်။

သေဆုံးသူမှာ ဦးမြင့်အောင် (၄၇) နှစ် ဖြစ်ပြီး သားဖြစ်သူမှာ ကုလား (၂၃) နှစ် ဟု သိရှိရပါတယ်။ သားဖြစ်သူက ထွက်ပြေးတိမ်းရှောင် နေတယ်လို့ဆိုပါတယ်။

အဆိုပါလူသတ်မှုအား တောင်ငူ အမှတ် (၂) ရဲစခန်းမှ ရဲအုပ်အေးဇော်နှင့် ရဲတပ်ဖွဲ့ဝင်များက အမှုမှန် ပေါ်ပေါက်အောင် ညလုံးပေါက် ကြိုးစားပမ်းစား ဖေါ်ထုတ်ခဲ့တာဖြစ်ပါတယ်။ လူသတ်တရားခံ အမြန်ဆုံး ဖမ်းဆီးနိုင်ရေး အတွက် ဆက်လက် ဆောင်ရွက်နေကြောင်း သိရှိရပါသည်။

သေဆုံးသူ၏ အလောင်းအား တောင်ငူမြို့ ၂၄ နာရီ နာရေးကူညီမှုအသင်းမှ တောင်ငူ ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ပါတယ်။

Sayar Khaine Gyi
24News Toungoo

မှတ်ချက်များ