![]() |
| အမျိုးသမီးကို မုဒိန်းကျင့်သော လူငယ်များကို ဖမ်းဆီးရမိ |
တရားလိုကို စစ်ဆေးမေးမြန်းကြည့်ရာ သန်းခေါင်ကျော် ၂ ချက်တီးအချိန်တွင် မိမိရဲ့နေအိမ် ယလာမြို့သို့ပြန်လာပြီး ပတ်တနီခရိုင်မှာနေထိုင်တဲ့ မိမိချစ်သူဆီကိုသွားခဲ့ပါတယ်။
ချစ်သူမှ မိမိကို ယလာသို့ပြန်လာပို့ပြီး မိမိသည် ဓာတ်ဆီဆိုင်မှာဆိုင်ကယ်ဆီသွားဖြည့်စဉ် လူငယ် ၁၀ဦးခန့်သည် ဆိုင်ခင်းနားမှာထိုင်နေကြပြီး မိမိဘက်ကိုကြည့်လာကြောင်းဆိုပါတယ်။ မိမိသည် ချစ်သူအား ဆိုင်ကယ်မြန်မြန်မောင်းပြေးရန်ပြောခဲ့ပါတယ်။
ဓါတ်ဆီဆိုင်မှ ထွက်ခွာလာပြီး မာကြာမီမှာပင် ၎င်းလူငယ်တစ်ဖွဲ့သည် အဖွဲ့၂ ဖွဲ့ခွဲပြီး ဆိုင်ကယ်၃စီးနှင့် မိမိတို့နောက်လိုက်ပြီး ဆိုင်ကယ်သော့ကိုဆွဲထုတ်ကာ ရေလောင်ကန်ဘေးသို့ခေါ်သွားပါတယ်။ ၆ယောက်အဖွဲ့က မိမိကို မုဒိန်းကျင့်ဖို့လုပ်နေစဉ် နောက်တစ်ဖွဲ့က မိမိရဲ့ချစ်သူကို ရိုက်နက် ထိုးကြိတ်နေကြောင်းဆိုပါတယ်။
ရဲတပ်ဖွဲ့က အမှုဖြစ်ပွားတဲ့ရေလှောင်ကန်သို့သွားရောက်စစ်ဆေးကြည့်ရာမှာ အမျိုးသမီးအတွင်းခံအင်္ကျီအနက်ရောင်ကို တွေ့ရပြီး တရားလိုမှ မိမိအတွင်းခံအင်္ကျီမဟုတ်ကြောင်းငြင်းဆိုပါတယ်။
ထို့အပြင် မူးယစ်ဆေးဝါးသုံးဆေးထိုးအပ်များလည်းတွေ့ရကြောင်းဆိုပါတယ်။
ထို့ကြောင့် ရဲတပ်ဖွဲ့မှ လူဆိုးအဖွဲ့သည် ၎င်းရေလောင်ကန်ဘေးတွင် မကောင်းမှုတွေကို မကြာခဏလုပ်နေကြဟုယူဆထားပါတယ်။
ရဲတပ်ဖွဲ့မှ ထိုဝန်းကျင်ရှိ cctv camera များကို စစ်ဆေးပြီး ၎င်းလူဆိုးအဖွဲ့ကို ရှာဖွေဖမ်းဆီးရာမှာ ၆ ဦးဖမ်းဆီးရရှိပြီဖြစ်ကြောင်းဆိုပါတယ်။ cctv camera များကိုစစ်ဆေးချက်အရ တရားခံတို့သည် စုစုပေါင်း ၁၁ ဦးရှိကြောင်းပြောပါတယ်။
MTF Channel

မှတ်ချက်များ