မူးယစ်ဂိုဏ်းအဖွဲ့ ဝင်းများနှင့် ထိုင်းနယ်ခြားစောင့် တပ်တို့  တိုက်ပွဲဖြစ်ပွား


ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင် မဲ့အိုင်းမြို့ နယ်အတွင်း မြန်မာနိုင်ငံ ဘက်မှ မူးယစ်ဆေးဝါးသယ်ဆောင်လာတဲ့ အဖွဲ့ နဲ့  ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ တွေ မေလ (၈)ရက် နေ့ က ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ မူးယစ်ဆေး ၀ါးမှောင်ခို သမား တစ်ဦးသေဆုံးပြီး တဦးဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ရာဘ စိတ်ကြွဆေးတွေ သယ်လာတဲ့သူတွေဟာ ၁၀ဦးခန့် ဟာ လက်နက်တွေနဲ့ အတူ ထိုင်းဘက်ခြမ်းကို ၀င်ရောက်လာခဲ့တာပါ၊ တိုက်ပွဲ ဖြစ်ပြီး အဆိုပါ လက်နက်ကိုင်တွေဟာ မြန်မာနိုင်ငံ ဘက်ကို ပြန်ပြေးသွား ခဲ့ကြကြောင်း၊ ထိုင်းစစ်တပ်က ပစ်ခတ်လို့  သေနတ်ဒဏ်ရာနဲ့  မဲ့အိုင်း ဆေးရုံ တက်ကုသနေရသူ မြန်မာနိုင်ငံတဦးကိုဆက်လက်စစ်ဆေးနေကြောင်းသိရပါတယ်။

သေဆုံးသွားသူကတော့ ဆဲသန့်  အသက် (၂၉)နှစ်ဖြစ်ပြီး ထိုင်းတောင်ပေါ်သား လက်မှတ်ကိုင်ဆောင်းထားပါတယ်၊ ဖခင်က ၀ တိုင်းရင်းသား စစ်သားဟောင်း တဦးဖြစ်တယ်လို့  ထိုင်းသတင်းတွေမှာ ဖေါ်ပြထားပါတယ်။

Credit Chaingrai time
Social Action for Women - SAW (fb)

မှတ်ချက်များ