ဝန်ထမ်းရေးရာမန်နေဂျာမှ တက္ကစီခ မပေးဘဲ စီးသော ကုမ္ပဏီဝန်ထမ်း မလေးကို အလုပ်ဖြုတ်။


အဆိုပါ လုပ်ငန်းသည် အငှားကားစီးရာတွင် ငွေသားဖြင့် ရှင်းစရာမလိုဘဲ အွန်လိုင်းမှတဆင့် ငွေပေးချေနိုင်သည့်လုပ်ငန်းဖြစ်သည်။ မကြာသေးမီကာလက ဝူသည် မိန်းကလေးတစ်ဦးအား သူမ၏ကုမ္ပဏီသို့ပို့ဆောင်ပေးခဲ့သည်။ သို့သော် ထိုမိန်းကလေးသည် ကားငှားခကို သူမဖုန်းမှတဆင့် ချက်ချင်းပေးဆောင်ခဲ့ခြင်း မရှိပေ။ ထို့ ကြောင့်မိန်းကလေးအား အကြိမ်ပေါင်းများစွာ ဖုန်းခေါ်ခဲ့သည်။ သို့သော်ဖုန်းကိုင်ခြင်း မပြုခဲ့ပေ။ နောက်ဆုံး ၀ူသည် ဆုံးဖြတ်ချက်ချကာ ထိုမိန်းကလေးရှိရာ ကုမ္ပဏီသို့သွား ရောက် ရှာဖွေခဲ့သည်။

ကုမ္ပဏီ၏ ဝန်ထမ်းရေးရာမန်နေဂျာမှ ထိုဝန်ထမ်းကောင်မလေး အား ကူညီရှာဖွေပေးခဲ့သည်။ သို့သော် ထင်မှတ်မထားသည်မှာ ယင်းမန်နေဂျာ သည်ထိုမိန်းကလေးကို ရှာဖွေပေးခဲ့ရုံသာမက ချက်ချင်းပင်အလုပ် မှထုတ်ပစ်ခဲ့သည်။ ကောင်မလေးမှ တက္ကစီခပေးခဲ့သော်လည်း တစ်ရက်နောက်ကျ သွားခဲ့သည်။

ဒီသတင်းသည် ရှန်ဟိုင်း ဝန်ထမ်းရေးရာလောကတွင် ရေပန်းအစားဆုံး သတင်း ဖြစ်ခဲ့သည်။ လူတစ်ချို့ကကားခမပေးတာနဲ့အလုပ်ဖြုတ်တာ မတရားဘူး ဟုထင်မြင်ကြ သကဲ့သို့အချို့ကတော့ အလုပ်လုပ်ရာတွင်ရိုးသားမှုလိုအပ်သလို သူမ၏လုပ်ရပ်က ကုမ္ပဏီကို ပါထိခိုက်နိုင်သည်ဟု ထင်မြင်ကြသည်။ လူအများစုကတော့ သူမအမှန် တကယ်မေ့နေ၍ မပေးဆောင်တာဖြစ်နိုင်ပြီး ဒီသေးမွှားတဲ့ကိစ္စရပ်ကြောင့် အလုပ်ထုတ်ပစ်တာမတရား ဘူးဟုပြောဆိုကြသည်။ သင်ရောဘယ်လိုထင်ပါသလဲ။

KT China.Com
china.com Myanmar

မှတ်ချက်များ