လိင်အသားပေးအခန်းတွေကို ဘာလို့မရိုက်တော့ကြောင်းရှင်းပြခဲ့တဲ့ Megan Fox
Megan Foxဆိုရင်တော့ ရုပ်ရှင်ကြည့်တဲ့သူတိုင်း သိကြမှာပါ။ သူမဟာ အရင်က လိင်အသားပေးဇာတ်ဝင်ကားတွေကြောင့် ဟောလိဝုဒ်မှာ နာမည်ကြီးခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ Megan Foxက အဲ့ဒိလိုဇာတ်ကားတွေ ရိုက်တော့မှာ မဟုတ်ကြောင်းပြောကြားခဲ့ပါတယ်။
အကြောင်းရင်းကတော့ သူမရဲ့သားတွေဖြစ်တဲ့ Noah, Bodhiအပြင် အခုလွယ်ထားတဲ့ ကိုယ်ဝန်ထဲက ကလေးတွေကိုသူမရဲ့ လိင်အသားပေးအခန်းတွေကို မကြည့်စေချင်လို့ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ “တစ်ခါတစ်လေ သားတွေမသိသင့်တဲ့အရာတွေရှိပါတယ်။ ကျွန်မအရည်အချင်းရှိတဲ့ ဒါရိုက်တာတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွဲပြီးလုပ်ခဲ့ပါတယ်။ ဒါပေမယ့်ကျွန်မသရုပ်ဆောင်ခဲ့တဲ့အခန်းတွေထဲမှာ ကျွန်မသားတွေမကြည့်သင့်တဲ့ အခန်းတွေပါပါတယ်။”လို့ ပြောခဲ့ပါတယ်။
“ကျွန်မကို HBOက ပရောဂျက်တစ်ခုအတွက်ကမ်းလှမ်းခဲ့ဖူးပါတယ်။ အဲ့ဒိပရောဂျက်က ပြည့်တန်ဆာတစ်ယောက်ရဲ့ဘဝအကြောင်းကိုရိုက်ကူးမယ့် အစီအစဉ်ဖြစ်ပြီး လိင်အသားပေးအခန်းတွေများစွာပါဝင်ပါတယ်။ အပြာကားတွေထဲက ဇာတ်ဝင်ခန်းလိုဟာမျိုးတွေတောင်ပါပါတယ်။”လို့ဆိုခဲ့ပါတယ်။ အမေတစ်ယောက်အနေနဲ့ ကိုယ့်သားသမီးတွေအတွက်မသင့်တော်ပဲ သူတို့တွေ အရှက်ရမယ့်အရာမျိုးတွေ မလုပ်သင့်တာကြောင့် ငြင်းပယ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
“ကျွန်မသားတွေကို ကျွန်မဒါမျိုးတွေလုပ်တာ မမြင်စေချင်ပါဘူး။ သူတို့ကြည့်မိရင်လည်း သူတို့အရှက်ရမှာပါ။ သူတို့ကငယ်သေးတဲ့အတွက် အနုပညာမျက်စိဆိုတာမျိုးနဲ့လည်း ကြည့်တတ်မှာမဟုတ်ပါဘူး။”လို့ မက်ဂန်ကဆိုပါတယ်။လတ်တလောမှာတော့ Megan Foxဟာ တတိယမြောက်သားလေးရဲ့ ကိုယ်ဝန်ကိုလွယ်ထားရပါတယ်။
Source: mirror
Shwemom


မှတ်ချက်များ