၁၃ နှစ်အရွယ် ကျောင်းသားနှင့် ကိုယ်ဝန်ရရှိခဲ့သည့် ကျောင်းဆရာမကို စစ်ဆေး


အမေရိကန်နိုင်ငံ၊ တက်ခ်ဆက်စ်ပြည်နယ်၊ ဟူစတန်မြို့မှ အလယ်တန်းကျောင်း တကျောင်းမှာ ဆရာမတဦးဟာ ၁၃ နှစ်သားကျောင်းသားတဦးနဲ့ ကိုယ်ဝန်ရရှိခဲ့တယ်လို့ ၀န်ခံခဲ့ပြီးနောက်မှာ ရဲတွေက အရေးယူစုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

သူတို့ ၂ ဦးဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလကတည်းက လိင်ပိုင်းဆိုင်ရာ ပတ်သက်ဆက်နွှယ်မှုတွေ ရှိနေခဲ့ကြတာလို့ အသက် ၂၄ နှစ်အရွယ် ဆရာ မ အလက်ဇန္ဒရီရာ ဗီယာက ဆိုပါတယ်။

စတော်ဗယ်လ်အလယ်တန်းကျောင်းမှာ တက်ရောက်နေတဲ့ အဆိုပါကျောင်းသားဟာ အတန်းတွေမတက်ပဲ ပျက်ကွက်နေခဲ့တာမို့ သူ့ကို အင်စတာဂရမ်လူမှုကွန်ရက်စာ မျက်နှာပေါ်ကနေတဆင့် သူ့ရဲ့ ဖုန်းနံပါတ်ကို ပေးခဲ့ပြီးနောက်မှာ ဇာတ်လမ်းတွေစခဲ့ကြ တာလို့ ဗီယာက ပြောပါတယ်။

သူတို့ ၂ ဦးဟာ နေ့စဉ်နဲ့အမျှ လိင်ဆက်ဆံမှုတွေ စတင်ခဲ့ကြတာဖြစ်ပြီး ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖုံးကွယ်ထားခဲ့တာမျိုးမရှိဘူးလို့ တရားရုံးသတင်းထုတ်ပြန်ချက်တခုမှာ ဖော်ပြပါတယ်။

“သူ(ကျောင်းသား)ဟာ အများသူငါရှေ့မှာတောင် ဆရာမရဲ့ တင်ပါးကို ပွတ်သပ် ကိုင်တွယ်တာမျိုးတွေ၊ အဲဒီအကြောင်းအရာတွေကို အချင်းချင်းပြောတာမျိုးတွေ လုပ် လေ့ရှိတယ်”လို့ မျက်မြင်သက်သေ ကျောင်းသားတဦးက ပြောပါတယ်။

အဆိုပါကျောင်းမှ အင်္ဂလိပ်စာဆရာမတဦးဖြစ်တဲ့ ဗီယာကတော့ ကျောင်းသားရဲ့ မိဘတွေဟာ သူတို့ရဲ့ ပတ်သက်ဆက်နွှယ်မှုကို ထောက်ခံခဲ့ကြပြီး ကလေးအတွက် စိတ်လှုပ်ရှားနေခဲ့ကြတာလို့ ဖြေရှင်းပြောဆိုပါတယ်။

ဒါပေမယ့် ဗီယာဟာ ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်မှုအတွက် ကျောင်းကို စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ လာရောက်ခဲ့ကြပြီးနောက်မှာ ကလေးပျက်ကျမှု တကြိမ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီစွပ်စွဲချက်တွေဟာ ပြီးခဲ့တဲ့ ဧပြီလမှာ စတင်ခဲ့တာဖြစ်ပြီး ကျောင်းအုပ်ချုပ်ရေး တာဝန်ရှိသူတွေက သူ့ကို ကျောင်းက ထုတ်ပယ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တခုမှာ ဖော်ပြပါတယ်။

DVB

မှတ်ချက်များ