ဘာကြောင့် မျက်လုံးနားတဝိုက် ခရင်မ်လိမ်းတဲ့အခါ ပမာဏ လျော့ပေါ့ သုံးစွဲသင့်လဲဆိုတာ


ညဘက် မျက်စိနားတစ်ဝိုက်လိမ်းခရင်မ် မလိမ်းသင့်မှန်း သိပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခါ လိမ်းတိုင်း ဘက်လောက်ပမာဏ အသုံးပြုသင့်လဲဆိုတာရော သိပါသလား။

မျက်စိနှစ်ဖက်လုံးအတွက် ပဲစေ့အရွယ်ထက် မကြီးတဲ့ ပမာဏ ဖြစ်သင့်ပါတယ်။ သုံးတာ များလွန်းနေရင် မျက်တောင်နဲ့ ပွတ်ထိမိပြီး မျက်တောင်ခတ်လိုက်တိုင်း ခရင်မ်တွေကို မျက်စိဆီ ကူးပြောင်းရောက်သွားစေပါလိမ့်မယ်။ ယားယံကျိန်းစပ်မှုဖြစ်စေနိုင်ပြီး ဖူးရောင်စေပါလိမ့်မယ်။

လိမ်းပါကလည်း ခရင်မ်ကို လက်သူကြွယ်နဲ့ယူပြီး မျက်လုံးအောက်က အတွင်းထောင့်စွန်းကနေ အပြင်သို့ တို့တို့ပြီး လိမ်းပေးပါ။ ပိုမိုကြာရှည်လည်း သုံးရမှာ ဖြစ်ပါတယ်။

Ref: purewow
Victor.PaaTung - Trend Myanmar

မှတ်ချက်များ