အီရတ်နိုင်ငံက ဖော်လျူကျာ တောင်ပိုင်းမှာ ဇွန် ၂၉ ရက်မှာ အမေရိကန်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ် ၂၅၀ လောက် သေဆုံးသွားပါတယ်။
တိုက်ခိုက်မှုအတွင်းမှာ ယာဉ် ၄၀ လောက်ကို ဖျက်ဆီးနိုင်တယ်လို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။
တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သလို အသေးစိတ် သတင်းအချက်အလက်ကို စုဆောင်းနေဆဲ ဖြစ်တယ်လို့ အမေရိကန် အရာရှိတဦးကို ကိုးကားပြီး အေဘီစီသတင်းမှာ ဖော်ပြပါတယ်။
ဖော်လျူဂျာမှာ ရာမာဒီနဲ့ ယှဉ်လိုက်ရင် တိုက်ပွဲတွေ ဖြစ်ပွားတာ လျော့သွားပြီး မကြာမီ ဖော်လျူဂျာကို အပြီးသတ် သိမ်းပိုက်ရရှိမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဖော်လျူဂျာတောင်ပိုင်းမှာလည်း သိမ်းပိုက်ထားတဲ့ တပ်တွေ အထောက်အပံ့ဖြစ်စေဖို့ အတွက် နယ်မြေရှင်းလင်းမှုတွေ လုပ်ဆောင်နေခဲ့ပါတယ်။
မေ ၂၁ ရက်ကစပြီး ဖော်လျူဂျာ အနီးတ၀ိုက်မှာ လေကြောင်း တိုက်ခိုက်မှု အကြိမ် ၁၀၀ ကျော် လုပ်ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။
DVB

မှတ်ချက်များ