မိန်းကလေးတွေအတွက် ညီမ၊ အစ်မ ရှိခြင်းရဲ့ကောင်းကျိုး (၁၀)ခု
များသောအားဖြင့် ညီအစ်မတွေ ညီအစ်ကိုတွေဟာ ချစ်ကြတာထက်၊ မတည့်အတူနေ ရန်တကျက်ကျက်ဖြစ်ပြီး အစေးမကပ်တာကများပါတယ်။ ဒါပေမယ့် မိန်းကလေးတစ်ယောက်အတွက်ဆိုရင် ညီမ(သို့မဟုတ်) အစ်မရှိတာဟာ သူငယ်ချင်းဆိုလည်းဟုတ်၊ တိုင်ပင်ဖော်တိုင်ပင်ဖက်ဆိုလည်းဟုတ်၊ အဖော်မွန်ကောင်းဆိုလည်းမမှားပါဘူး။
၁။ အကြံဉာဏ်တောင်းဖို့လိုနေရင် စကားပြောဖို့အဖော်လိုနေရင် ရှိနေပေးတယ်။
၂။ အစ်မရှိတယ်ဆိုရင် အစ်မက ကိုယ့်ကို သူကြုံခဲ့တဲ့ပြဿနာတွေ၊ အမှားတွေကို ဥပမာပေးလမ်းပြပေးမယ်။
၃။ ညီမရှိနေတာဆိုရင်လည်း ကိုယ်ကရှေ့ဆောင်လမ်းပြအကောင်းဆုံးနေပြရင်း ကိုယ့်ကိုယ်ကိုကောင်းအောင်ကြိုးစားလို့ရတယ်။
၎။ သင့်ကို ဖက်ရှင်နဲ့ပတ်သက်တဲ့အမြင်တွေ အမှန်အတိုင်းကောက်ချက်ချပေးတယ်။ စိတ်ချမ်းသာအောင် လိမ်မပြောသလို၊ တမင်သက်သက်ကဲ့ရဲ့ရှုတ်ချတာလည်းမလုပ်ဘူး။
၅။ အကြိုက်တူရင် တူတူပျော်ရတယ်။
၆။ သင့်ကို ရယ်မော်ပျော်ရွှင်အောင်ဘယ်လိုလုပ်ရမလဲသိသလို ဘယ်အချိန်မှာလုပ်ပေးရမလဲလည်းသိတယ်။
၇။ ဘ၀ကိုဖြတ်သန်းရတာ တစ်ယောက်တည်းအဖော်မရှိတာထက်စာရင်တော့ ပိုအဆင်ပြေတယ်။
၈။ သင့်ကိုဂရုတစိုက်ရှိတယ်။
၉။ အပြစ်ကို မျှပြီးတာဝန်ယူပေးတယ်။
၁၀။ ဘယ်လောက်ဝေးတဲ့နေရာရောက်ရောက် သူမဟာ သင့်အတွက်အချိန်မရွေးရှိနေပေးမယ်ဆိုတာ သေချာတယ်။
Source : Radioone
duwun

မှတ်ချက်များ