ဝိတ်လည်းကျ ကင်ဆာလည်းပျောက်မယ့် အစားအစာ (၅) မျိုး


ကိုယ်အလေးချိန်လျော့ကျလိုသူတွေ စားသုံးနေရတဲ့ အစားအစားတွေမှာ ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်တာတွေလည်း ပါဝင်ပါတယ်။

၁။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာ ကင်ဆာရောဂါတိုက်ဖျက်ရာမှာ အခြားပရဆေးပင်တွေထက်တောင် အာနိသင်ပိုသက်ရောက်ပါတယ်။ အထူးသဖြင့် အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာတို့လို့ အစာခြေစနစ်မှာပါတဲ့ အစိတ်အပိုင်းတွေကို ကြံ့ခိုင်ကျန်းမာစေပါတယ်။

၂။ ခရမ်းချဉ်သီး

လိုက်ကိုပင်းန်လို့ခေါ်တဲ့ အစွမ်းထက် ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိကြောင့် ခရမ်းချဉ်သီးများများစားတဲ့ အမျိုးသားတွေမှာ ဆီးကြိတ်ကင်ဆာအဖြစ်နည်းပါတယ်။

၃။ လက်ဖက်စိမ်း

ကင်ဆာရောဂါကို ကာကွယ်နိုင်ရုံသာမက ကင်ဆာပျံ့နှံ့မှုကိုပါ လျှော့ချနိုင်စွမ်းရှိပါတယ်။

၎။ နနွင်း

အမေရိကန် ကင်ဆာအဖွဲ့အစည်းရဲ့ အဆိုအရ နနွင်းဟာ ကင်ဆာကြောင့်ဖြစ်လာတဲ့ အကြိတ်တွေကို လျော့ပါးသက်သာစေတယ်လို့ သိရပါတယ်။

၅။ စပျစ်သီး

စပျစ်သီးတွေကလည်း ကင်ဆာမဖြစ်အောင် ကာကွယ်ပေးသလို ကင်ဆာဖြစ်ဖြစ်ချင်းမှာ စပျစ်သီးများများစားရင် ကင်ဆာပိုးတွေ ထပ်ပြီးမပျံ့နှံ့တော့ပါဘူး။

Source : Health Digezt
Duwun

မှတ်ချက်များ