အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့ ဖက်ရှင်တွေနဲ့ အဖွားအို


အသက်အရွယ်ဆိုတာ ဘာမှမဟုတ်ပေမယ့် ကိန်းဂဏန်းတခုပါပဲ။

ဖွားဖွားလင်းအတွက်တော့ သူ့ရဲ့ ရှိရင်းစွဲ လက်ရှိအသက် ၈၀ နဲ့ မမျှအောင် ဖက်ရှင်အမြင်နဲ့ ရပ်တည်နေနိုင်တာကတော့ အံ့သြစရာပါ။

ပထမအကြိမ် စတင်မြင်ဖူးသူတွေကတော့ ဖွားဖွားလင်းဟာ ၁၉၃၀ ပြည့်နှစ်ကာလတွင်းက မွေးဖွားခဲ့သူဆိုတာ ယုံကြည်နိုင်ဖို့ ခက်နေပါလိမ့်မယ်။

ဘာလို့လဲဆိုတော့ သူ့ရဲ့ ပုံပန်းသွင်ပြင်က ခွန်အားပြည့်ပြည့်၀၀နဲ့ ခေတ်မီနေလို့ပါပဲ။

မကြာသေးခင်ကတော့ ဖွားဖွားဟာ အခုရာသီအတွက် ခေတ်စားနေတဲ့ အရောင်တွေ၊ နောက်ဆုံးပေါ် ဖက်ရှင်အသွင်အပြင်တွေနဲ့ အလှဓာတ်ပုံတွေ ရိုက်ခဲ့ပါတယ်။

သူ့ရဲ့ ၀တ်စားဆင်ယင်မှုကြောင့် ငယ်ရွယ်တယ်လို့ ထင်ရပေမယ့် ဖွားဖွားလင်းဟာ သဘာဝအတိုင်းပဲရှိနေစေပြီး အသက်အရွယ် အိုမင်းမှုကြောင့် ဖြစ်ပေါ်နေတဲ့ အစက်အပြောက်တွေ၊ အရေးအကြောင်းတွေကိုတော့ ဖုံးကွယ်ထားတာမျိုး မရှိခဲ့ပါဘူး။

ဖွားဖွားလင်းဟာ အမြင့် ၁၀ စင်တီမီတာရှိတဲ့ ခွာမြင့်ဒေါက်ဖိနပ်ကိုတောင် စီးထားနိုင်ပြီး ပုံစံအမျိုးမျိုးနဲ့ လမ်းလျှောက်ပြီး ဓာတ်ပုံရိုက်ခံခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။

ဓာတ်ပုံရိုက်တဲ့အဖွဲ့ဟာ ဖွားဖွားလင်းကို အချိန် ၁၂ နာရီလောက် တောက်လျှောက် မမောမပန်းနိုင်ဘဲ ဓာတ်ပုံအရိုက်ခံနိုင်လိမ့်မယ်လို့ မျှော်လင့်မထားခဲ့ကြပါဘူး။

သူ့ဆီမှာ ပင်ပန်းနွမ်းနယ်တဲ့ အမူအရာမျိုး မတွေ့ရဘဲ “ဖွားဖွားမပင်ပန်းပါဘူး။ (ဓာတ်ပုံရိုက်နေတဲ့) တချိန်လုံး ပျော်စရာကောင်းခဲ့တယ် မဟုတ်လား” လို့ မေးခဲ့တာပါ။

ဓာတ်ပုံ – စီစီတီဗွီ / DVB

မှတ်ချက်များ