ကြမ္းယာထဲ ထည့္စားၾကတဲ့ ႏိုင္တီတူး (92) ဘူးေပၚမွာ ေရးထားတဲ့စာ
Zawgyi ျဖင့္ဖတ္ရန္
Do not swallow, Not a food product (ၿမိဳမခ်ရ၊ စားေသာက္ကုန္မဟုတ္)၊ Do not use as ingredient in any food (မည္သည့္အစားအစာတြင္မွ ဟင္းမယ္တခုအျဖစ္ မသုံးရ တဲ့။)
ႏိုင္တီတူး (92) ေဆးကို ေဆးတံေသာက္ေဆးအျဖစ္ ရည္႐ြယ္ၿပီး ထုတ္လုပ္ထားတယ္လို႔ သိရပါတယ္။ ေသခ်ာတာ ကေတာ့ ေဆးကို ပါးစပ္ထဲ ထည့္ၿပီး ဝါးတာကေတာ့ အလြန္အႏၲရာယ္ မ်ားပါတယ္။ အန္တီၾကဴ (ေလးစားမႈျဖင့္ ခရက္ဒစ္)
ၿမိဳ႕တိုင္းလိုလို ကြမ္းစားသုံးမႈ မ်ားျပား လာသည္ႏွင့္ အမွ် အိႏၵိယႏိုင္ငံမွ တရားမဝင္ တင္သြင္းေသာ ႏိုင္တီတူး၊ ဖိုတီဖိုက္ စသည့္ ေဆးျပင္းမ်ားကို စားသုံး ေနၾကသည္။ ထို႔ျပင္ Shikhar (ရွီးခါး)၊ ကင္းၿမီးေကာက္ တံဆိပ္ပါ ကြမ္းေပါင္း ေဆးထုပ္ မ်ား ကို လူငယ္အမ်ားစု စားသုံးမႈ ပိုမို မ်ားျပား လာၾက။
ႏိုင္တီတူး (92) ဘူးေပၚမွာ ေရးထားတဲ့စာ
ယခင္က ကြမ္းကို ကြမ္းသီး၊ ထုံး၊ ေဆး႐ြက္ႀကီး တို႔ျဖင့္ စားသုံးၾကရာမွ ယခုအခါ ကြမ္းစားသုံး မႈသည္ လူတန္းစား မေ႐ြး ေစ်းႏႈန္း သက္သာစြာျဖင့္ အလြယ္တကူ ဝယ္ယူ စားသုံး ႏိုင္ျခင္းေၾကာင့္ ကြမ္းစားသုံးမႈ မွာ ပိုမို ျမင့္မားလာၿပီး လူႀကီး၊ လူငယ္ ကြမ္းစားသုံးမႈ မ်ားျပား လာသည္ႏွင့္ အတူကြမ္းစား ျခင္းေၾကာင့္ ခံတြင္းေရာဂါ ျဖစ္ပြားမႈသည္ ယခင္ကထက္ သက္တမ္း ထက္ဝက္ခန႔္ ေစာ၍ ျဖစ္ပြား လာသည္ကို ေတြ႕ရွိ ေနရသည္။
ယခင္က အသက္ ၄ဝ ေနာက္ပိုင္း မွသာ သြားဖုံးကင္ဆာ ျဖစ္ပြားမႈ ေတြ႕ရွိ ရေသာ္လည္း ယခုအခါ အသက္ ၂၅ ႏွစ္မွ ၃၅ ႏွစ္ ဝန္းက်င္ အ႐ြယ္မွစ၍ ျဖစ္ပြားမႈမ်ား ရွိလာသည္ကို ေလ့လာ သိရသည္။
ႏိုင္တီတူး (92) ဘူးေပၚမွာ ေရးထားတဲ့စာ
ကြမ္းယာေရာင္းဆိုင္ အခ်ိဳ႕သည္ ကြမ္းသီးကို ေရစိမ္ထားက ၎ကြမ္းသီး မ်ား ေရစိမ္ ထားသည့္အတြက္ ပြလာကာ ကြမ္းသီးကို အေရာင္ေဖြးၿပီး လွေနေအာင္ ဓာတုခြၽတ္ေဆး တစ္မ်ိဳးျဖင့္ အေရာင္ ခြၽတ္ကာ ေရေဆးၿပီး ေနလွန္း အေျခာက္ခံ သည္ကို လည္းေကာင္း၊ ေဆး႐ြက္ႀကီး မ်ားကိုလည္း ပ်ားရည္ႏွင့္ ေရာစပ္ကာ ႏွပ္ေဆး သေဘာမ်ိဳး အသြင္ေျပာင္း ထားသလို ထုံးကိုလည္း ေရႏွင့္ေဖ်ာ္ၿပီး အေပၚယံ ေရၾကည္ကို သြန္ပစ္ကာ အနည္ထိုင္ က်န္ခဲ့သည့္ အႏွစ္သားကို ပ်စ္ပ်စ္ ေဖ်ာ္ထားသည့္ ႏို႔မႈန႔္မ်ားျဖင့္ ေရာစပ္ လိုက္သည့္ အတြက္ ထုံးကို စားသည့္အခါ ႏို႔မႈန႔္ ပါလာသည့္ အတြက္ ထုံးသားက ဆိမ့္ဆိမ့္ေလး ျဖစ္ေနေၾကာင္း၊ သို႔ေသာ္ က်န္းမာေရး ႏွင့္ ကိုက္ညီမႈ ရွိ၊ မရွိ မသိရေၾကာင္း စသည့္ ကြမ္းႏွင့္ ကြမ္းသီး အေၾကာင္း ကို ေကာလင္းမွ ေလ့လာသူ တစ္ဦးက ေျပာျပ၍ သိရသည္။
ယခုအခါ ကြမ္း စားသုံးသူ မ်ားႏွင့္ ကြမ္းေသြး ေထြးရန္ အခက္အခဲမ်ား ရွိ၍ငုံထားခ်ိန္မ်ားျခင္း၊Shikhar (ရွီးခါး)၊ ကင္းၿမီးေကာက္ တံဆိပ္ပါ ကြမ္းေပါင္းေဆး မ်ားကို သုံးစြဲ၍ ပါးေစာင္ ေပါက္ၿပီး ကင္ဆာ ေရာဂါမ်ား ျဖစ္ပြားကာ ေသဆုံးသူ မ်ားျပား လာေၾကာင္း သိရွိရသည္။
share from:xyznews
Unicode ဖြင့်ဖတ်ရန်
ကွမ်းယာထဲ ထည့်စားကြတဲ့ နိုင်တီတူး (92) ဘူးပေါ်မှာ ရေးထားတဲ့စာ
Do not swallow, Not a food product (မြိုမချရ၊ စားသောက်ကုန်မဟုတ်)၊ Do not use as ingredient in any food (မည်သည့်အစားအစာတွင်မှ ဟင်းမယ်တခုအဖြစ် မသုံးရ တဲ့။)
နိုင်တီတူး (92) ဆေးကို ဆေးတံသောက်ဆေးအဖြစ် ရည်ရွယ်ပြီး ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။ သေချာတာ ကတော့ ဆေးကို ပါးစပ်ထဲ ထည့်ပြီး ဝါးတာကတော့ အလွန်အန္တရာယ် များပါတယ်။ အန်တီကြူ (လေးစားမှုဖြင့် ခရက်ဒစ်)
မြို့တိုင်းလိုလို ကွမ်းစားသုံးမှု များပြား လာသည်နှင့် အမျှ အိန္ဒိယနိုင်ငံမှ တရားမဝင် တင်သွင်းသော နိုင်တီတူး၊ ဖိုတီဖိုက် စသည့် ဆေးပြင်းများကို စားသုံး နေကြသည်။ ထို့ပြင် Shikhar (ရှီးခါး)၊ ကင်းမြီးကောက် တံဆိပ်ပါ ကွမ်းပေါင်း ဆေးထုပ် များ ကို လူငယ်အများစု စားသုံးမှု ပိုမို များပြား လာကြ။
နိုင်တီတူး (92) ဘူးပေါ်မှာ ရေးထားတဲ့စာ
ယခင်က ကွမ်းကို ကွမ်းသီး၊ ထုံး၊ ဆေးရွက်ကြီး တို့ဖြင့် စားသုံးကြရာမှ ယခုအခါ ကွမ်းစားသုံး မှုသည် လူတန်းစား မရွေး ဈေးနှုန်း သက်သာစွာဖြင့် အလွယ်တကူ ဝယ်ယူ စားသုံး နိုင်ခြင်းကြောင့် ကွမ်းစားသုံးမှု မှာ ပိုမို မြင့်မားလာပြီး လူကြီး၊ လူငယ် ကွမ်းစားသုံးမှု များပြား လာသည်နှင့် အတူကွမ်းစား ခြင်းကြောင့် ခံတွင်းရောဂါ ဖြစ်ပွားမှုသည် ယခင်ကထက် သက်တမ်း ထက်ဝက်ခန့် စော၍ ဖြစ်ပွား လာသည်ကို တွေ့ရှိ နေရသည်။
ယခင်က အသက် ၄ဝ နောက်ပိုင်း မှသာ သွားဖုံးကင်ဆာ ဖြစ်ပွားမှု တွေ့ရှိ ရသော်လည်း ယခုအခါ အသက် ၂၅ နှစ်မှ ၃၅ နှစ် ဝန်းကျင် အရွယ်မှစ၍ ဖြစ်ပွားမှုများ ရှိလာသည်ကို လေ့လာ သိရသည်။
နိုင်တီတူး (92) ဘူးပေါ်မှာ ရေးထားတဲ့စာ
ကွမ်းယာရောင်းဆိုင် အချို့သည် ကွမ်းသီးကို ရေစိမ်ထားက ၎င်းကွမ်းသီး များ ရေစိမ် ထားသည့်အတွက် ပွလာကာ ကွမ်းသီးကို အရောင်ဖွေးပြီး လှနေအောင် ဓာတုချွတ်ဆေး တစ်မျိုးဖြင့် အရောင် ချွတ်ကာ ရေဆေးပြီး နေလှန်း အခြောက်ခံ သည်ကို လည်းကောင်း၊ ဆေးရွက်ကြီး များကိုလည်း ပျားရည်နှင့် ရောစပ်ကာ နှပ်ဆေး သဘောမျိုး အသွင်ပြောင်း ထားသလို ထုံးကိုလည်း ရေနှင့်ဖျော်ပြီး အပေါ်ယံ ရေကြည်ကို သွန်ပစ်ကာ အနည်ထိုင် ကျန်ခဲ့သည့် အနှစ်သားကို ပျစ်ပျစ် ဖျော်ထားသည့် နို့မှုန့်များဖြင့် ရောစပ် လိုက်သည့် အတွက် ထုံးကို စားသည့်အခါ နို့မှုန့် ပါလာသည့် အတွက် ထုံးသားက ဆိမ့်ဆိမ့်လေး ဖြစ်နေကြောင်း၊ သို့သော် ကျန်းမာရေး နှင့် ကိုက်ညီမှု ရှိ၊ မရှိ မသိရကြောင်း စသည့် ကွမ်းနှင့် ကွမ်းသီး အကြောင်း ကို ကောလင်းမှ လေ့လာသူ တစ်ဦးက ပြောပြ၍ သိရသည်။
ယခုအခါ ကွမ်း စားသုံးသူ များနှင့် ကွမ်းသွေး ထွေးရန် အခက်အခဲများ ရှိ၍ငုံထားချိန်များခြင်း၊Shikhar (ရှီးခါး)၊ ကင်းမြီးကောက် တံဆိပ်ပါ ကွမ်းပေါင်းဆေး များကို သုံးစွဲ၍ ပါးစောင် ပေါက်ပြီး ကင်ဆာ ရောဂါများ ဖြစ်ပွားကာ သေဆုံးသူ များပြား လာကြောင်း သိရှိရသည်။
share from:xyznews
မှတ်ချက်များ