Zawgyiျဖင့္ဖတ္ရန္
ေမြးျမဴေရးၾကက္ သို႔မဟုတ္ ၄၅ ရက္သားအသားတိုးၾကက္ စားသံုးျခင္းနွင့္ပတ္သက္၍အေမရိကန္ အစားအစာနွင့္ ေဆးဝါးကြပ္ကဲေရးဌာန၊ အေမရိကန္တိရိစၦာန္ဆရာဝန္မ်ားသုေတသန အဖြဲ႕တို႔ရဲ႕ ေရးသားခ်က္မ်ားကမ်ားစြာစဥ္းစားစရာျဖစ္ေစေနပါတယ္။ေမြးျမဴေရးအသားတိုးၾကက္(၄၅ ရက္သား)မ်ားတြင္ အာဆင္းနစ္ လို႔ေခၚေသာစိန္ အဆိပ္မ်ားကို ၇၀ ရာခိုင္နႈန္း အထိစစ္ေဆးေတြ႕ရေၾကာင္း။
ထို စိန္ အဆိပ္မ်ားမွာ လူလုပ္စိန္ အဆိပ္မ်ားျဖစ္ၾကၿပီး ၾကက္အစာအျဖစ္ စိုက္ပ်ိဳးထားေသာ အပင္မ်ားမွတစ္ဆင့္ ၾကက္အတြင္းသို႔ဝင္ေရာက္လာေၾကာင္း။ထို အဆိပ္မ်ားမွာ ၾကက္၏ ခနၶာထဲ မွ စားသံုးေသာလူသားမ်ားထံသို႔ေရာက္ရွိကာ ကင္ဆာေရာဂါ မ်ားကိုျဖစ္ပြားေစနိုင္ေၾကာင္း ေလ့လာမႈစာတမ္းမွာေဖာ္ျပထားပါတယ္။အသားတိုးေမြးျမဴေရးၾကက္ ( ၄၅ ရက္သား)နဲ႔ပတ္သက္လို႔ ျမန္မာျပည္က်န္းမာေရးဂ်ာနယ္မ်ားမွာလည္း အသိေပးေဖာ္ျပထားျပန္ပါတယ္။
Healthy Life ဂ်ာနယ္မွာ အသားတိုးေမြးျမဴေရးၾကက္မ်ား ကို ႀကိမ္ေရမ်ားစြာစားသံုးမိပါက ကေလးမ်ား လူပ်ိဳ အပ်ိဳဝင္ခ်ိန္ေစာတတ္ေၾကာင္းေဖာ္ျပထားပါတယ္။ထိုသို႔ျဖစ္ရျခင္းမွာ အသားတိုးေမြးျမဴေရးၾကက္မ်ားတြင္ ေဟာ္မုန္းဓာတ္ ပါဝင္မႈမ်ားေသာေၾကာင့္ျဖစ္ပါေၾကာင္းေရးသားထားပါတယ္။
စားသံုးသူမ်ား အသိသတိရွိနိုင္ၾကပါေစ။။အေထြေထြဗဟုသုတမ်ားရရွိရန္အတြက္

Unicode ဖြင့်ဖတ်ရန်
မွေးမြူရေးကြက် သို့မဟုတ် ၄၅ ရက်သားအသားတိုးကြက် စားသုံးခြင်းနှင့်ပတ်သက်၍အမေရိကန် အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးဌာန၊ အမေရိကန်တိရိစ္ဆာန်ဆရာဝန်များသုတေသန အဖွဲ့တို့ရဲ့ ရေးသားချက်များကများစွာစဉ်းစားစရာဖြစ်စေနေပါတယ်။မွေးမြူရေးအသားတိုးကြက်(၄၅ ရက်သား)များတွင် အာဆင်းနစ် လို့ခေါ်သောစိန် အဆိပ်များကို ၇၀ ရာခိုင်နှုန်း အထိစစ်ဆေးတွေ့ရကြောင်း။
ထို စိန် အဆိပ်များမှာ လူလုပ်စိန် အဆိပ်များဖြစ်ကြပြီး ကြက်အစာအဖြစ် စိုက်ပျိုးထားသော အပင်များမှတစ်ဆင့် ကြက်အတွင်းသို့ဝင်ရောက်လာကြောင်း။ထို အဆိပ်များမှာ ကြက်၏ ခန္ဓာထဲ မှ စားသုံးသောလူသားများထံသို့ရောက်ရှိကာ ကင်ဆာရောဂါ များကိုဖြစ်ပွားစေနိုင်ကြောင်း လေ့လာမှုစာတမ်းမှာဖော်ပြထားပါတယ်။အသားတိုးမွေးမြူရေးကြက် ( ၄၅ ရက်သား)နဲ့ပတ်သက်လို့ မြန်မာပြည်ကျန်းမာရေးဂျာနယ်များမှာလည်း အသိပေးဖော်ပြထားပြန်ပါတယ်။
Healthy Life ဂျာနယ်မှာ အသားတိုးမွေးမြူရေးကြက်များ ကို ကြိမ်ရေများစွာစားသုံးမိပါက ကလေးများ လူပျို အပျိုဝင်ချိန်စောတတ်ကြောင်းဖော်ပြထားပါတယ်။ထိုသို့ဖြစ်ရခြင်းမှာ အသားတိုးမွေးမြူရေးကြက်များတွင် ဟော်မုန်းဓာတ် ပါဝင်မှုများသောကြောင့်ဖြစ်ပါကြောင်းရေးသားထားပါတယ်။
စားသုံးသူများ အသိသတိရှိနိုင်ကြပါစေ။။အထွေထွေဗဟုသုတများရရှိရန်အတွက်
Credit: ေစတနာ

မှတ်ချက်များ