ေယာက်ာ္းေလးေတြထဲမွာ Benjamin Sum ကိုအရမ္းႀကိဳက္တယ္ဆိုတဲ့ မထက္


Zawgyiျဖင့္ဖတ္ရန္

LGBT တစ္ေယာက္အျဖစ္သာမက Make up Artist တစ္ေယာက္အေနနဲ႔ပါ ပရိသတ္ေတြၾကားနာမည္ႀကီးတဲ့ မထက္ကေတာ့ Transgender တစ္ဦးေပမယ့္ သာမန္မိန္းကေလးေတြထက္ေတာင္ ေခ်ာေမာလွပသူမို႔ မိန္းမထုႀကီးကိုယ္တိုင္က သေဘာက်ခ်စ္ခင္ရသလို ေယာက်ာ္းထုႀကီးကပါ မထက္ကိုလက္ခံအားေပးေနၾကတာပါ။


ေအာင္ျမင္ေက်ာ္ၾကားတဲ့အႏုပညာရွင္ မင္းသမီး၊မင္းသားေတြကိုမွ တာဝန္ယူျပင္ဆင္လိမ္းျခယ္​ေပးရတဲ့ နာမည္ႀကီး makeup artist တစ္ေယာက္ျဖစ္သလို အႏုပညာေလာကထဲမွာ သ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္ပါ ႐ုပ္ရွင္ကားႀကီးေတြကို ႐ိုက္ကူးထားပါေသးတယ္။ မိန္းကေလးတစ္ေယာက္လို သိမ္ေမြ႕ႏူးညံ့ျခင္းေတြျပည့္ေနတဲ့ မထက္ရဲ႕ေနပုံထိုင္ပုံ စကားေျပာဟန္ေလးေတြက အင္မတန္ကိုခ်စ္စဖြယ္ေကာင္းတာေၾကာင့္ ပရိသတ္ႀကီးက တစ္ခဲနက္ဝန္းရံအားေပးေနၾကတာလဲျဖစ္ပါတယ္။

မထက္ကေတာ့ လတ္တေလာကို ျမန္မာအိုင္ေဒါက ဒိုင္တစ္ဦးျဖစ္သူ မတင္ဇာေမာ္ရဲ႕ အလွအပပိုင္းမွာ တာဝန္ယူလိမ္းျခယ္ေပးေနရတာျဖစ္ပါတယ္။ သူမအေနနဲ႔ ျမန္မာအိုင္ေဒါမွာတစ္ခါမွ မိတ္ကပ္ပိုင္းကိုတာဝန္ယူမလိမ္းျခယ္ေပးဖူးတဲ့အတြက္ ရင္ခုန္စိတ္လႈပ္ရွားမိေၾကာင္းနဲ႔ ျမန္မာအိုင္ေဒါၿပိဳင္ဝင္ေတြထဲမွာ ဘန္ဂ်မင္ဆုမ္းကိုသေဘာက်တယ္ဆိုတဲ့အေၾကာင္းကို မီဒီယာနဲ႔အင္တာဗ်ဴးမွာ ေျပာျပသြားခဲ့ပါတယ္။


မထက္က “ဒီႏွစ္ၿပိဳင္ပြဲဝင္ေတြကိုေတာ့ အရမ္းအာရတယ္။ လူတိုင္းနီးပါးေကာင္းတဲ့အတြက္ အရမ္းကိုႀကိဳက္တယ္ ။ အားလုံးကတကယ့္ကိုေကာင္းေတာ့ ဘယ္သူ႔ကိုမွေတာင္ မျဖဳတ္ခ်င္ဘူး။ အားလုံးကိုႀကိဳက္တယ္ အေယာက္ခ်င္းစီတိုင္းကိုႀကိဳက္တယ္။ အထူးသျဖင့္ မိန္းက​ေလးေတြကအရမ္းေကာင္းေတာ့ မိန္းကေလးေတြကိုအရမ္းႀကိဳက္တယ္။ ေယာက်ာ္းေလးေတြလဲ အရမ္းေကာင္းၾကတယ္။ အဲ့ထဲမွာမွ ခ်စ္စရာေကာင္းတယ္ ဘာညာဆိုတဲ့ဟာမ်ိဳးေလးကိုလဲ ႀကိဳက္မိတယ္ေပါ့ေနာ္။ မိန္းကေလးေတြကိုေတာ့ အဓိကပိုအားေပးျဖစ္တယ္။ ေယာက်ာ္းေလးကိုႀကိဳက္ပါလားဆိုရင္ေတာ့ Benjamin ကို အရမ္းသေဘာက်တယ္။ ဆံပင္ေကာက္ေကာက္ေလးနဲ႔ဆိုေတာ့ေလ” ဆိုၿပီး ႏွစ္ၿခိဳက္စြာရယ္ေမာရင္း ေျဖၾကားသြားပါတယ္။

ကိုယ္ႀကိဳက္တဲ့ၿပိဳင္ပြဲဝင္ကို Vote ေပးတာနဲ႔ပတ္သက္ၿပီး “ကိုယ္သုံးတဲ့ Simcard က vote ေပးလို႔မရေတာ့ သူမ်ားေတြကိုေတာ့ သူ႔ကို Vote ေပးလိုက္ပါလားဆိုၿပီး လိုက္ေျပာျဖစ္တယ္။ လင္းလင္းကေတာ့ ဟိုေန႔က ၅၀၀၀၀ ဖိုး Vote ေပးလိုက္တယ္လို႔ေျပာတယ္။ သူေပးလိုက္လို႔ပါသြားဆိုၿပီးေတာ့ေတာင္ သူ႔ကိုစေနေသးတယ္။ ႏွာေခါင္းနဲ႔ မ vote နဲ႔ေနာ္၊ နားနဲ႔ vote ပါဆိုၿပီးေတာ့ေတာင္ ေနာက္လိုက္ေသးတယ္” ဆိုၿပီး ရယ္ရယ္ေမာေမာ ေျပာသြားခဲ့ပါတယ္။

ကဲ ပရိသတ္ႀကီးေရ… မထက္ကေတာ့ ဆံပင္ေကာက္ေကာင္ေလးနဲ႔ ခ်စ္စရာေကာင္းတဲ့ေကာင္ေခ်ာေလး Benjamin Sum ကို အားေပးပါသတဲ့။ ပရိသတ္ႀကီးကေရာ မထက္နဲ႔အႀကိဳက္ခ်င္းတူလား?? ျမန္မာအိုင္ေဒါၿပိဳင္ပြဲဝင္ေတြထဲမွာ ဘယ္သူ႔ကိုအႀကိဳက္ဆုံးလဲဆိုတာ ေျပာသြားခဲ့ပါဦးေနာ္….

Source_Popular Journal

Credit:(ပိုပိုေလး)

Unicodeဖြင့်ဖတ်ရန်

ယောကျာ်းလေးတွေထဲမှာ Benjamin Sum ကိုအရမ်းကြိုက်တယ်ဆိုတဲ့ မထက်

LGBT တစ်ယောက်အဖြစ်သာမက Make up Artist တစ်ယောက်အနေနဲ့ပါ ပရိသတ်တွေကြားနာမည်ကြီးတဲ့ မထက်ကတော့ Transgender တစ်ဦးပေမယ့် သာမန်မိန်းကလေးတွေထက်တောင် ချောမောလှပသူမို့ မိန်းမထုကြီးကိုယ်တိုင်က သဘောကျချစ်ခင်ရသလို ယောကျာ်းထုကြီးကပါ မထက်ကိုလက်ခံအားပေးနေကြတာပါ။


အောင်မြင်ကျော်ကြားတဲ့အနုပညာရှင် မင်းသမီး၊မင်းသားတွေကိုမှ တာဝန်ယူပြင်ဆင်လိမ်းခြယ်ပေးရတဲ့ နာမည်ကြီး makeup artist တစ်ယောက်ဖြစ်သလို အနုပညာလောကထဲမှာ သရုပ်ဆောင်တစ်ယောက်အဖြစ်ပါ ရုပ်ရှင်ကားကြီးတွေကို ရိုက်ကူးထားပါသေးတယ်။ မိန်းကလေးတစ်ယောက်လို သိမ်မွေ့နူးညံ့ခြင်းတွေပြည့်နေတဲ့ မထက်ရဲ့နေပုံထိုင်ပုံ စကားပြောဟန်လေးတွေက အင်မတန်ကိုချစ်စဖွယ်ကောင်းတာကြောင့် ပရိသတ်ကြီးက တစ်ခဲနက်ဝန်းရံအားပေးနေကြတာလဲဖြစ်ပါတယ်။

မထက်ကတော့ လတ်တလောကို မြန်မာအိုင်ဒေါက ဒိုင်တစ်ဦးဖြစ်သူ မတင်ဇာမော်ရဲ့ အလှအပပိုင်းမှာ တာဝန်ယူလိမ်းခြယ်ပေးနေရတာဖြစ်ပါတယ်။ သူမအနေနဲ့ မြန်မာအိုင်ဒေါမှာတစ်ခါမှ မိတ်ကပ်ပိုင်းကိုတာဝန်ယူမလိမ်းခြယ်ပေးဖူးတဲ့အတွက် ရင်ခုန်စိတ်လှုပ်ရှားမိကြောင်းနဲ့ မြန်မာအိုင်ဒေါပြိုင်ဝင်တွေထဲမှာ ဘန်ဂျမင်ဆုမ်းကိုသဘောကျတယ်ဆိုတဲ့အကြောင်းကို မီဒီယာနဲ့အင်တာဗျူးမှာ ပြောပြသွားခဲ့ပါတယ်။


မထက်က “ဒီနှစ်ပြိုင်ပွဲဝင်တွေကိုတော့ အရမ်းအာရတယ်။ လူတိုင်းနီးပါးကောင်းတဲ့အတွက် အရမ်းကိုကြိုက်တယ် ။ အားလုံးကတကယ့်ကိုကောင်းတော့ ဘယ်သူ့ကိုမှတောင် မဖြုတ်ချင်ဘူး။ အားလုံးကိုကြိုက်တယ် အယောက်ချင်းစီတိုင်းကိုကြိုက်တယ်။ အထူးသဖြင့် မိန်းကလေးတွေကအရမ်းကောင်းတော့ မိန်းကလေးတွေကိုအရမ်းကြိုက်တယ်။ ယောကျာ်းလေးတွေလဲ အရမ်းကောင်းကြတယ်။ အဲ့ထဲမှာမှ ချစ်စရာကောင်းတယ် ဘာညာဆိုတဲ့ဟာမျိုးလေးကိုလဲ ကြိုက်မိတယ်ပေါ့နော်။ မိန်းကလေးတွေကိုတော့ အဓိကပိုအားပေးဖြစ်တယ်။ ယောကျာ်းလေးကိုကြိုက်ပါလားဆိုရင်တော့ Benjamin ကို အရမ်းသဘောကျတယ်။ ဆံပင်ကောက်ကောက်လေးနဲ့ဆိုတော့လေ” ဆိုပြီး နှစ်ခြိုက်စွာရယ်မောရင်း ဖြေကြားသွားပါတယ်။

ကိုယ်ကြိုက်တဲ့ပြိုင်ပွဲဝင်ကို Vote ပေးတာနဲ့ပတ်သက်ပြီး “ကိုယ်သုံးတဲ့ Simcard က vote ပေးလို့မရတော့ သူများတွေကိုတော့ သူ့ကို Vote ပေးလိုက်ပါလားဆိုပြီး လိုက်ပြောဖြစ်တယ်။ လင်းလင်းကတော့ ဟိုနေ့က ၅၀၀၀၀ ဖိုး Vote ပေးလိုက်တယ်လို့ပြောတယ်။ သူပေးလိုက်လို့ပါသွားဆိုပြီးတော့တောင် သူ့ကိုစနေသေးတယ်။ နှာခေါင်းနဲ့ မ vote နဲ့နော်၊ နားနဲ့ vote ပါဆိုပြီးတော့တောင် နောက်လိုက်သေးတယ်” ဆိုပြီး ရယ်ရယ်မောမော ပြောသွားခဲ့ပါတယ်။

ကဲ ပရိသတ်ကြီးရေ… မထက်ကတော့ ဆံပင်ကောက်ကောင်လေးနဲ့ ချစ်စရာကောင်းတဲ့ကောင်ချောလေး Benjamin Sum ကို အားပေးပါသတဲ့။ ပရိသတ်ကြီးကရော မထက်နဲ့အကြိုက်ချင်းတူလား?? မြန်မာအိုင်ဒေါပြိုင်ပွဲဝင်တွေထဲမှာ ဘယ်သူ့ကိုအကြိုက်ဆုံးလဲဆိုတာ ပြောသွားခဲ့ပါဦးနော်….

Source_Popular Journal

Credit:(ပိုပိုလေး)

မှတ်ချက်များ