Zawgyiျဖင့္ဖတ္ရန္

အင္ဒိုနီးရွားႏိုင္ငံမွာ ျဖစ္ခဲ့တဲ့ လူသတ္မႈကေတာ့ နည္းနည္းေလး ထူးျခားေနပါတယ္။ လူသတ္ရတဲ့ အေၾကာင္းအရင္း ကေတာ့ “ဘယ္ေတာ့ လက္ထပ္မွာလဲ..” ဆိုတဲ့ ေမးခြန္းေၾကာင့္ပါ။ ေတြ႕တိုင္း ႀကိမ္ဖန္မ်ားစြာ ဒီေမးခြန္းပဲ အေမးခံေနရ လို႔ သူ႔ရဲ႕အိမ္နီးခ်င္းကို သတ္ခဲ့တာလို႔ အင္ဒိုအမ်ိဳးသားက ထြက္ဆိုခဲ့ပါတယ္။
(၂၀၁၈)ဇန္နဝါရီလ (၁၉)ရက္ေန႔က အင္ဒိုနီးရွားႏိုင္ငံ Kampung Pasir Jonge မွာ ျဖစ္ခဲ့တာပါ။ အသက္ (၂၈)ႏွစ္ အ႐ြယ္ Faiz Nurdin ဆိုတဲ့ အမ်ိဳးသားက လူသတ္မႈ က်ဴးလြန္ခဲ့တာပါ။ သူ႔ရဲ႕ အိမ္နီးခ်င္း အသက္(၃၂) ႏွစ္အ႐ြယ္ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီး Aisyah ကို သတ္ခဲ့တာပါ။
တစ္ရက္မွာ သူအိမ္ေရွ႕မွာ ထိုင္ေနတုန္း ” ျမန္ျမန္ လက္ထပ္ေတာ့ေလ … တျခားသူေတြက ယူေတာင္ၿပီးၾကၿပီ …နင္ကေရာ ဘာလို႔ ခုထိမယူေသးတာလဲ…” ဆိုၿပီး စကားလာေျပာခဲ့ေၾကာင္း၊ ဒီစကားလုံးေတြဟာ သူ႔ရဲ႕ တစ္ကိုယ္တည္း Single life ကို ထိခိုက္ပုတ္ခတ္တယ္လို႔ ခံစားခဲ့ရတယ္လို႔ တရားခံက ေျပာခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ျပန္ေျပာျပခဲ့ပါတယ္။
ေတြ႕လိုက္တိုင္း.” ဘယ္ေတာ့ မိန္းမယူမွာ လဲ..ဘယ္ေတာ့ လက္ထပ္မွာလဲ ..” လို႔ ေရွ႕မွာလည္း အႀကိမ္ႀကိမ္ေမးခဲ့ဖူးတယ္လို႔ သိရပါတယ္။ အဲဒီေန႔မွာပဲ တရားခံ Faiz Nurdin က Aisyah ရဲ႕ အိမ္ကို အလည္သြားခ်င္ေယာင္ ေဆာင္ခဲ့ပါတယ္။ အမ်ိဳးသမီးက သူမရဲ႕ ဧည့္ခန္းကို ဖိတ္ေခၚခဲ့ပါတယ္။ Faiz က သူမေနာက္ကို တိတ္ဆိတ္စြာ လိုက္လာၿပီး အိပ္ယာေပၚ အတင္းဆြဲေခၚကာလည္ပင္းညႇစ္သတ္ခဲ့ပါတယ္။
အသတ္ခံလိုက္ရတဲ့ အမ်ိဳးသမီးဆီကေန (RM 230) နဲ႔ အခန္းထဲက စမတ္ဖုန္းကိုလည္း ခိုးယူသြားခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ ဂ်ာကာတာၿမိဳ႕ကို ထြက္ေျပးခဲ့ပါတယ္။ ဒါေပမယ့္ အင္ဒိုရဲတပ္ဖြဲ႕က ေနာက္ဆုံးမွာ တရားခံရဲ႕ ေျခေထာက္ကို ပစ္ခတ္ၿပီး ဖမ္းဆီးလိုက္ႏိုင္ခဲ့ပါတယ္။ ျပစ္မႈက်ဴးလြန္ခဲ့တဲ့ တရားခံအေနနဲ႔ ေထာင္ဒဏ္တစ္သက္တစ္ကြၽန္း ျပစ္ဒဏ္က်ခံရႏိုင္ဖြယ္ရွိတယ္လို႔ worldofbuzz မွာ ေဖာ္ျပထားပါတယ္။
Credit:shwmom

Unicodeဖြင့်ဖတ်ရန်

“ဘယ်တော့ လက်ထပ်မှာလဲ”လို့ ခဏခဏမေးတဲ့ အိမ်နီးချင်းကို သတ်ပစ်ခဲ့သူ

အင်ဒိုနီးရှားနိုင်ငံမှာ ဖြစ်ခဲ့တဲ့ လူသတ်မှုကတော့ နည်းနည်းလေး ထူးခြားနေပါတယ်။ လူသတ်ရတဲ့ အကြောင်းအရင်း ကတော့ “ဘယ်တော့ လက်ထပ်မှာလဲ..” ဆိုတဲ့ မေးခွန်းကြောင့်ပါ။ တွေ့တိုင်း ကြိမ်ဖန်များစွာ ဒီမေးခွန်းပဲ အမေးခံနေရ လို့ သူ့ရဲ့အိမ်နီးချင်းကို သတ်ခဲ့တာလို့ အင်ဒိုအမျိုးသားက ထွက်ဆိုခဲ့ပါတယ်။
(၂၀၁၈)ဇန်နဝါရီလ (၁၉)ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ Kampung Pasir Jonge မှာ ဖြစ်ခဲ့တာပါ။ အသက် (၂၈)နှစ် အရွယ် Faiz Nurdin ဆိုတဲ့ အမျိုးသားက လူသတ်မှု ကျူးလွန်ခဲ့တာပါ။ သူ့ရဲ့ အိမ်နီးချင်း အသက်(၃၂) နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး Aisyah ကို သတ်ခဲ့တာပါ။
တစ်ရက်မှာ သူအိမ်ရှေ့မှာ ထိုင်နေတုန်း ” မြန်မြန် လက်ထပ်တော့လေ … တခြားသူတွေက ယူတောင်ပြီးကြပြီ …နင်ကရော ဘာလို့ ခုထိမယူသေးတာလဲ…” ဆိုပြီး စကားလာပြောခဲ့ကြောင်း၊ ဒီစကားလုံးတွေဟာ သူ့ရဲ့ တစ်ကိုယ်တည်း Single life ကို ထိခိုက်ပုတ်ခတ်တယ်လို့ ခံစားခဲ့ရတယ်လို့ တရားခံက ပြောခဲ့ကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြန်ပြောပြခဲ့ပါတယ်။
တွေ့လိုက်တိုင်း.” ဘယ်တော့ မိန်းမယူမှာ လဲ..ဘယ်တော့ လက်ထပ်မှာလဲ ..” လို့ ရှေ့မှာလည်း အကြိမ်ကြိမ်မေးခဲ့ဖူးတယ်လို့ သိရပါတယ်။ အဲဒီနေ့မှာပဲ တရားခံ Faiz Nurdin က Aisyah ရဲ့ အိမ်ကို အလည်သွားချင်ယောင် ဆောင်ခဲ့ပါတယ်။ အမျိုးသမီးက သူမရဲ့ ဧည့်ခန်းကို ဖိတ်ခေါ်ခဲ့ပါတယ်။ Faiz က သူမနောက်ကို တိတ်ဆိတ်စွာ လိုက်လာပြီး အိပ်ယာပေါ် အတင်းဆွဲခေါ်ကာလည်ပင်းညှစ်သတ်ခဲ့ပါတယ်။
အသတ်ခံလိုက်ရတဲ့ အမျိုးသမီးဆီကနေ (RM 230) နဲ့ အခန်းထဲက စမတ်ဖုန်းကိုလည်း ခိုးယူသွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဂျာကာတာမြို့ကို ထွက်ပြေးခဲ့ပါတယ်။ ဒါပေမယ့် အင်ဒိုရဲတပ်ဖွဲ့က နောက်ဆုံးမှာ တရားခံရဲ့ ခြေထောက်ကို ပစ်ခတ်ပြီး ဖမ်းဆီးလိုက်နိုင်ခဲ့ပါတယ်။ ပြစ်မှုကျူးလွန်ခဲ့တဲ့ တရားခံအနေနဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျခံရနိုင်ဖွယ်ရှိတယ်လို့ worldofbuzz မှာ ဖော်ပြထားပါတယ်။
Credit:shwmom