Zawgyi ျဖင့္ဖတ္ရန္
Myanmar Idol Season 4 ရဲ႕ ေယာက်္ားေလးၿပိဳင္ပြဲဝင္ေတြထဲမွာ အသက္အငယ္ဆုံးနဲ႔ အဆိုပညာ အပါးနပ္ဆုံးျဖစ္တဲ့ ‘Benjamin Sum’ ကို Music Director အျဖစ္ ေဆာင္႐ြက္ေနတဲ့ ဝါရင့္သဘာရင့္ ဂီတပညာရွင္ ‘ဥကၠာဦးသာ’ က ပညာသားပါတဲ့ ေမးခြန္းတစ္ခု ထုတ္လိုက္ပါတယ္။
“သား Benjamin မင္းဘာျဖစ္ခ်င္လို႔ ဆရာတို႔ ဘာလုပ္ေပးရမလဲ..?” လို႔ ဆရာဥကၠာဦးသာ က ခ်ိဳခ်ိဳသာသာပဲ ပညာသားပါပါ ေမးခြန္းထုတ္ခဲ့တာ ျဖစ္ပါတယ္။
Myanmar Idol Season 1 ထဲကေန အဆိုၿပိဳင္ပြဲဝင္ေတြကို တေလွ်ာက္လုံး သင္ၾကားျပသေပးခဲ့ၾကတဲ့ ဆရာမထေရစီ နဲ႔ ဆရာဥကၠာဦးသာ တို႔ဟာ ဂီတနယ္ပယ္မွာ ကြၽမ္းက်င္သူပညာရွင္ေတြအျဖစ္ ျဖတ္သန္းက်င္လည္ခဲ့တာ ႏွစ္ေပါင္း ၂၀ မက ၾကာျမင့္ေနၿပီျဖစ္တဲ့ ဝါရင့္သဘာရင့္ အႏုပညာရွင္ႀကီးေတြျဖစ္ပါတယ္။
ၿပိဳင္ပြဲဝင္ ‘Benjamin Sum’ ကလည္း ငယ္ငယ္ေလးကတည္းက ဂီတနဲ႔ ရင္းႏွီးကြၽမ္းဝင္ခဲ့သူမို႔ အသက္ငယ္ေပမယ့္ အဆိုပါရမီဘက္မွာ အခံအားေကာင္းသူျဖစ္ပါတယ္။ ဒီလိုေတာ္ၿပီးသား တတ္ၿပီးသား ၿပိဳင္ပြဲဝင္ကို သင္ၾကားေလ့က်င့္ေပးရတဲ့ေနရာမွာ ဆရာဥကၠာဦးသာ တို႔အေနနဲ႔ အခက္အခဲေလးေတြ ရွိေနပုံရပါတယ္။
“သူသီခ်င္းတိုက္တိုင္းမွာ သူ႔မွာအခက္အခဲေလးေတြ အၿမဲရွိေနေတာ့ ကြၽန္ေတာ္တို႔နဲ႔ သူတို႔ၾကားထဲမွာ အေမးအေျဖေလး ရွိေနတာေလး တစ္ခုေတာ့ရွိေနပါတယ္” လို႔ အင္တာဗ်ဴးမွာ ေျပာၾကားခဲ့ပါတယ္။
ၿပိဳင္ပြဲဝင္ေတြ မယွဥ္ၿပိဳင္မီ ျပသေလ့ရွိတဲ့ သီးခ်င္းတိုက္ေနတဲ့ အခ်ိန္နဲ႔ သီခ်င္းေလ့က်င့္ေပးတဲ့ ဆရာႏွစ္ဦးတို႔ရဲ႕ ၿပိဳင္ပြဲဝင္ေတြရဲ႕ အျဖအေနေတြအေပၚ အင္တာဗ်ဴးတဲ့ အခါတိုင္း အခုအခ်ိန္အထိေတာ့ ‘Benjamin Sum’ ကို ဒီတစ္ခါ အရမ္းအားရတယ္၊ စိတ္ခ်တယ္ ဆိုတာမ်ိဳး ေျပာသံမၾကားရေသးပါဘူး။ အဲဒီအစား သူ႔မွာရွိတဲ့ အဆိုပညာနဲ႔ ပါရမီကို မွန္မွန္ကန္ကန္ အသုံးမခ်ႏိုင္မွာ စိုးရိမ္တယ္၊ အခုခ်ိန္ထိေတာ့ သူႀကိဳးစားေနရတုန္းပါပဲ၊ သူ႔အတြက္ နဲနဲေတာ့ စိတ္ပူမိပါတယ္ စသည္ျဖင့္တို႔သာ ဆရာနဲ႔ ဆရာမတို႔ရဲ႕ သုံးသပ္ခ်က္ကို တတိယ Live Show အထိ ၾကားေနရဆဲျဖစ္ပါတယ္။
ဒါေပမယ့္ စင္ေပၚမွာ တစ္ကယ္ သီခ်င္းဆိုရတဲ့ အခ်ိန္မွာေတာ့ ပရိသတ္ေတြရဲ႕ လက္ခုတ္သံေတြနဲ႔အတူ ဒိုင္လူႀကီးေတြရဲ႕ ေကာင္းမြန္တဲ့ မွတ္ခ်က္ေတြကို ‘Benjamin Sum’ ရရွိစၿမဲျဖစ္ပါတယ္။
ဘယ္လိုပဲ ျဖစ္ျဖစ္ ‘Benjamin Sum’ အေနနဲ႔ေတာ့ သူအမွန္တစ္ကယ္ ဘာျဖစ္ခ်င္တာလဲဆိုတာကိုေတာ့ ဆရာဥကၠာဦးသာ တို႔ကို ရွင္းရွင္းလင္းလင္း ေျပာျပႏိုင္မွသာ ေရွ႕ေလွ်ာက္ လက္တြဲညီညီနဲ႔ ဖိုင္နယ္အဆင့္ေရာက္ေအာင္ ဆရာတို႔ဘက္က ပံ့ပိုးေပးဖို႔အတြက္လည္း လြယ္ကူသြားမယ္ဆိုတာကေတာ့ ေသခ်ာေနပါတယ္..။
Credit: popolay
Unicode ဖြင့်ဖတ်ရန်
Benjamin Sum ကို ပညာသားပါပါ မေးခွန်းထုတ်လိုက်တဲ့ ဥက္ကာဦးသာ (ရုပ်သံ)
Myanmar Idol Season 4 ရဲ့ ယောကျ်ားလေးပြိုင်ပွဲဝင်တွေထဲမှာ အသက်အငယ်ဆုံးနဲ့ အဆိုပညာ အပါးနပ်ဆုံးဖြစ်တဲ့ ‘Benjamin Sum’ ကို Music Director အဖြစ် ဆောင်ရွက်နေတဲ့ ဝါရင့်သဘာရင့် ဂီတပညာရှင် ‘ဥက္ကာဦးသာ’ က ပညာသားပါတဲ့ မေးခွန်းတစ်ခု ထုတ်လိုက်ပါတယ်။
“သား Benjamin မင်းဘာဖြစ်ချင်လို့ ဆရာတို့ ဘာလုပ်ပေးရမလဲ..?” လို့ ဆရာဥက္ကာဦးသာ က ချိုချိုသာသာပဲ ပညာသားပါပါ မေးခွန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။
Myanmar Idol Season 1 ထဲကနေ အဆိုပြိုင်ပွဲဝင်တွေကို တလျှောက်လုံး သင်ကြားပြသပေးခဲ့ကြတဲ့ ဆရာမထရေစီ နဲ့ ဆရာဥက္ကာဦးသာ တို့ဟာ ဂီတနယ်ပယ်မှာ ကျွမ်းကျင်သူပညာရှင်တွေအဖြစ် ဖြတ်သန်းကျင်လည်ခဲ့တာ နှစ်ပေါင်း ၂၀ မက ကြာမြင့်နေပြီဖြစ်တဲ့ ဝါရင့်သဘာရင့် အနုပညာရှင်ကြီးတွေဖြစ်ပါတယ်။
ပြိုင်ပွဲဝင် ‘Benjamin Sum’ ကလည်း ငယ်ငယ်လေးကတည်းက ဂီတနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့သူမို့ အသက်ငယ်ပေမယ့် အဆိုပါရမီဘက်မှာ အခံအားကောင်းသူဖြစ်ပါတယ်။ ဒီလိုတော်ပြီးသား တတ်ပြီးသား ပြိုင်ပွဲဝင်ကို သင်ကြားလေ့ကျင့်ပေးရတဲ့နေရာမှာ ဆရာဥက္ကာဦးသာ တို့အနေနဲ့ အခက်အခဲလေးတွေ ရှိနေပုံရပါတယ်။
“သူသီချင်းတိုက်တိုင်းမှာ သူ့မှာအခက်အခဲလေးတွေ အမြဲရှိနေတော့ ကျွန်တော်တို့နဲ့ သူတို့ကြားထဲမှာ အမေးအဖြေလေး ရှိနေတာလေး တစ်ခုတော့ရှိနေပါတယ်” လို့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
ပြိုင်ပွဲဝင်တွေ မယှဉ်ပြိုင်မီ ပြသလေ့ရှိတဲ့ သီးချင်းတိုက်နေတဲ့ အချိန်နဲ့ သီချင်းလေ့ကျင့်ပေးတဲ့ ဆရာနှစ်ဦးတို့ရဲ့ ပြိုင်ပွဲဝင်တွေရဲ့ အဖြအနေတွေအပေါ် အင်တာဗျူးတဲ့ အခါတိုင်း အခုအချိန်အထိတော့ ‘Benjamin Sum’ ကို ဒီတစ်ခါ အရမ်းအားရတယ်၊ စိတ်ချတယ် ဆိုတာမျိုး ပြောသံမကြားရသေးပါဘူး။ အဲဒီအစား သူ့မှာရှိတဲ့ အဆိုပညာနဲ့ ပါရမီကို မှန်မှန်ကန်ကန် အသုံးမချနိုင်မှာ စိုးရိမ်တယ်၊ အခုချိန်ထိတော့ သူကြိုးစားနေရတုန်းပါပဲ၊ သူ့အတွက် နဲနဲတော့ စိတ်ပူမိပါတယ် စသည်ဖြင့်တို့သာ ဆရာနဲ့ ဆရာမတို့ရဲ့ သုံးသပ်ချက်ကို တတိယ Live Show အထိ ကြားနေရဆဲဖြစ်ပါတယ်။
ဒါပေမယ့် စင်ပေါ်မှာ တစ်ကယ် သီချင်းဆိုရတဲ့ အချိန်မှာတော့ ပရိသတ်တွေရဲ့ လက်ခုတ်သံတွေနဲ့အတူ ဒိုင်လူကြီးတွေရဲ့ ကောင်းမွန်တဲ့ မှတ်ချက်တွေကို ‘Benjamin Sum’ ရရှိစမြဲဖြစ်ပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ‘Benjamin Sum’ အနေနဲ့တော့ သူအမှန်တစ်ကယ် ဘာဖြစ်ချင်တာလဲဆိုတာကိုတော့ ဆရာဥက္ကာဦးသာ တို့ကို ရှင်းရှင်းလင်းလင်း ပြောပြနိုင်မှသာ ရှေ့လျှောက် လက်တွဲညီညီနဲ့ ဖိုင်နယ်အဆင့်ရောက်အောင် ဆရာတို့ဘက်က ပံ့ပိုးပေးဖို့အတွက်လည်း လွယ်ကူသွားမယ်ဆိုတာကတော့ သေချာနေပါတယ်..။
Credit: popolay
မှတ်ချက်များ