ခီေမာင္ႏွံဆီကေန အထူးလက္ေဆာင္တစ္ခု လက္ခံရရွိလိုက္တဲ့ အကယ္ဒမီ သက္မြန္ျမင့္
Zawgyi ျဖင့္ဖတ္ရန္
ျမန္မာႏိုင္ငံရဲ႕ ထိပ္တန္းအေက်ာ္အေမာ္ မင္းသမီးလို႔ မွတ္ယူရမယ့္ အကယ္ဒမီ သ႐ုပ္ေဆာင္ သက္မြန္ျမင့္ (ခ်စ္သက္) ဟာဆိုရင္ ခီေမာင္ႏွံလို႔သိၾကတဲ့ ဇဏ္ခီ၊ ခရစၥတီးနားခီ တို႔ရဲ႕ပြဲဦးထြက္ ႐ုံတင္ဇာတ္ကား ဥပါယ္တံမ်ဥ္မွာ အဓိကဇာတ္ေဆာင္ မင္းသမီးအျဖစ္ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး ခီတို႔နဲ႔ ခင္မင္ရင္းႏွီးခဲ့ပါတယ္။
သက္မြန္က လတ္တေလာ ထြက္ရွိထားတဲ့ ခီတို႔ရဲ႕ ဇာတ္ကား Now&Ever (ထာဝရ ေႏွာင္ႀကိဳး) ကိုလည္း အားေပးေနတဲ့အေၾကာင္း အင္တာဗ်ဴးတစ္ခုမွာ ေျပာျပဖူးပါတယ္။ “ထာဝရ ေႏွာင္ႀကိဳးနဲ႔က ေရစက္ကိုပါတာ သက္မြန္တို႔ကား ႐ုံတင္တဲ့ေန႔နဲ႔လည္း တစ္ေန႔တည္းပဲ” ဆိုၿပီး ‘သခင္ႀကီးနဲ႔ ငပိတို႔စရာ’ ႐ုပ္ရွင္ကား အႀကိဳမိတ္ဆက္ပြဲရဲ႕ မီဒီယာ အင္တာဗ်ဴးတစ္ခုမွ ေျဖၾကားသြားခဲ့ပါတယ္။
အႏုပညာအသိုင္းအဝိုင္းကလူေတြထဲ ခီေမာင္ႏွံတို႔နဲ႔ အကြၽမ္းတဝင္ရွိလွတဲ့ ခ်စ္သက္က ၿပီးခဲ့တဲ့ ရက္မွာ သူမ လူမႈကြန္ယက္ကေနၿပီး ခီေမာင္ႏွံဆီက အထူးလက္ေဆာင္ ရရွိခဲ့တဲ့အေၾကာင္းကို ပို႔စ္ေရးသားၿပီး တင္ခဲ့ပါတယ္။
ခ်စ္သက္ဟာ မင္းသား ကိုဇဏ္ခီ ေရးသားထားတဲ့ ‘ကိုယ္တိုင္ သိရွိသြားမႈ’ စာအုပ္ကို လက္ေဆာင္ အေနနဲ႔ ရရွိခဲ့ၿပီး အထဲမွာ ‘သက္မြန္နဲ႔ ကိုစစ္အတြက္ အမွတ္တရ’ ဆိုတဲ့ စာသားႏွင့္တကြ လက္မွတ္ပါ ေရးထိုးေပးထားတာကို ေတြ႕ျမင္ရပါတယ္။
ခ်စ္သက္က ဒီစာအုပ္ လက္ေဆာင္အျဖစ္ ရရွိလာတဲ့ အထိမ္းအမွတ္အေနနဲ႔ ဓာတ္ပုံတင္ခဲ့ၿပီး “Jdonut ေလး စားၾကပါဦးရွင္” ဆိုၿပီး ေရးသားခဲ့ပါတယ္။
ခ်စ္သက္နဲ႔ ခီေမာင္ႏွံတို႔ၾကားက ခင္မင္မႈဟာ တစ္ဦးအေပၚတစ္ဦး ေလးစားသမႈ ခ်စ္ခင္သမႈ တို႔နဲ႔ တည္ေဆာက္ထားတာေၾကာင့္ ျမင္ေတြ႕ရသူ အေပါင္းကို စိတ္ခ်မ္းသာေစတာေတာ့ အမွန္ပါပဲ။ ခ်စ္သက္ေရာ၊ ခီ တို႔ေရာ ဒီထက္မကတဲ့ ေအာင္ျမင္မႈမ်ိဳးေတြ ပိုင္ဆိုင္ႏိုင္ရပါေစလို႔ ဒီေနရာကေနပဲ ဆုမြန္ေကာင္း ေတာင္းေပးလိုက္ပါတယ္။
Credit: popolay
Unicode ဖြင့်ဖတ်ရန်
ခီမောင်နှံဆီကနေ အထူးလက်ဆောင်တစ်ခု လက်ခံရရှိလိုက်တဲ့ အကယ်ဒမီ သက်မွန်မြင့်
မြန်မာနိုင်ငံရဲ့ ထိပ်တန်းအကျော်အမော် မင်းသမီးလို့ မှတ်ယူရမယ့် အကယ်ဒမီ သရုပ်ဆောင် သက်မွန်မြင့် (ချစ်သက်) ဟာဆိုရင် ခီမောင်နှံလို့သိကြတဲ့ ဇဏ်ခီ၊ ခရစ္စတီးနားခီ တို့ရဲ့ပွဲဦးထွက် ရုံတင်ဇာတ်ကား ဥပါယ်တံမျဉ်မှာ အဓိကဇာတ်ဆောင် မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ခီတို့နဲ့ ခင်မင်ရင်းနှီးခဲ့ပါတယ်။
သက်မွန်က လတ်တလော ထွက်ရှိထားတဲ့ ခီတို့ရဲ့ ဇာတ်ကား Now&Ever (ထာဝရ နှောင်ကြိုး) ကိုလည်း အားပေးနေတဲ့အကြောင်း အင်တာဗျူးတစ်ခုမှာ ပြောပြဖူးပါတယ်။ “ထာဝရ နှောင်ကြိုးနဲ့က ရေစက်ကိုပါတာ သက်မွန်တို့ကား ရုံတင်တဲ့နေ့နဲ့လည်း တစ်နေ့တည်းပဲ” ဆိုပြီး ‘သခင်ကြီးနဲ့ ငပိတို့စရာ’ ရုပ်ရှင်ကား အကြိုမိတ်ဆက်ပွဲရဲ့ မီဒီယာ အင်တာဗျူးတစ်ခုမှ ဖြေကြားသွားခဲ့ပါတယ်။
အနုပညာအသိုင်းအဝိုင်းကလူတွေထဲ ခီမောင်နှံတို့နဲ့ အကျွမ်းတဝင်ရှိလှတဲ့ ချစ်သက်က ပြီးခဲ့တဲ့ ရက်မှာ သူမ လူမှုကွန်ယက်ကနေပြီး ခီမောင်နှံဆီက အထူးလက်ဆောင် ရရှိခဲ့တဲ့အကြောင်းကို ပို့စ်ရေးသားပြီး တင်ခဲ့ပါတယ်။
ချစ်သက်ဟာ မင်းသား ကိုဇဏ်ခီ ရေးသားထားတဲ့ ‘ကိုယ်တိုင် သိရှိသွားမှု’ စာအုပ်ကို လက်ဆောင် အနေနဲ့ ရရှိခဲ့ပြီး အထဲမှာ ‘သက်မွန်နဲ့ ကိုစစ်အတွက် အမှတ်တရ’ ဆိုတဲ့ စာသားနှင့်တကွ လက်မှတ်ပါ ရေးထိုးပေးထားတာကို တွေ့မြင်ရပါတယ်။
ချစ်သက်က ဒီစာအုပ် လက်ဆောင်အဖြစ် ရရှိလာတဲ့ အထိမ်းအမှတ်အနေနဲ့ ဓာတ်ပုံတင်ခဲ့ပြီး “Jdonut လေး စားကြပါဦးရှင်” ဆိုပြီး ရေးသားခဲ့ပါတယ်။
ချစ်သက်နဲ့ ခီမောင်နှံတို့ကြားက ခင်မင်မှုဟာ တစ်ဦးအပေါ်တစ်ဦး လေးစားသမှု ချစ်ခင်သမှု တို့နဲ့ တည်ဆောက်ထားတာကြောင့် မြင်တွေ့ရသူ အပေါင်းကို စိတ်ချမ်းသာစေတာတော့ အမှန်ပါပဲ။ ချစ်သက်ရော၊ ခီ တို့ရော ဒီထက်မကတဲ့ အောင်မြင်မှုမျိုးတွေ ပိုင်ဆိုင်နိုင်ရပါစေလို့ ဒီနေရာကနေပဲ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
Credit: popolay

မှတ်ချက်များ