ေနာက္ဆုံးပိတ္မွာ အိတ္နဲ႔သယ္သြားခဲ့တဲ့ “ေအးျမျဖဴ”


 Zawgyi ျဖင့္ဖတ္ရန္

Myanmar Idol ရဲ႕ တတိယေန႔ တိုက္႐ိုက္သီဆိုယွဥ္ၿပိဳင္မႈမွာ တကၠသိုလ္ေနာက္ခံ ေတးသီခ်င္းေတြနဲ႔ ယွဥ္ၿပိဳင္ခဲ့ၾကရပါတယ္။ ၿပိဳင္ပြဲဝင္ ၁၀ ဦးထဲမွာ ေနာက္ဆုံးမွ သီဆိုယွဥ္ၿပိဳင္ခဲ့ရတဲ့ “ေအးျမျဖဴ” က အထူးျခားစြာ ျမန္မာသံစဥ္ထဲက သီခ်င္းတစ္ပုဒ္ကို ေ႐ြးၿပီး ပိုင္ပိုင္ႏိုင္ႏိုင္ သီဆိုျပခဲ့တာဟာ ဒိုင္လူႀကီးေတြအားလုံးနဲ႔ ပရိသတ္ေတြကို တအံ့တၾသျဖစ္ေစခဲ့ရပါတယ္။



သူ႔ေရွ႕မွာ သီဆိုခဲ့ၾကတဲ့ ၿပိဳင္ပြဲဝင္ (၉)ဦးစလုံးက စတူဒီယိုသီခ်င္းေတြနဲ႔ ယွဥ္ၿပိဳင္ခဲ့ၾကၿပီး “ေအးျမျဖဴ” ကေတာ့ အဆိုေတာ္႐ုပ္ရွင္သ႐ုပ္ေဆာင္ ခ်ိဳၿပဳံး ရဲ႕ “တကၠသိုလ္ေက်ာင္းကေငြလမင္း” သီခ်င္းနဲ႔ ယွဥ္ၿပိဳင္ခဲ့ရာမွာ ပရိသတ္လူႀကီး လူငယ္ အားလုံးရဲ႕ နားေၾကာထဲကို စိမ့္ေအးၿပီး စီးဆင္းသြားခဲ့ပါတယ္။

ျမန္မာသံစဥ္ေတြ သီဆိုရတာဟာ ေခေပၚသီခ်င္းေတြထက္ မ်ားစြာခက္ၿပီး အရစ္အဝိုက္ အေကြ႕အေကာက္ေတြနဲ႔ ပညာခန္းေတြမ်ားလွတဲ့ ဒီသီခ်င္းကို “ေအးျမျဖဴ” က ကြၽမ္းက်င္ပိုင္ႏိုင္စြာ သီဆိုျပသခဲ့တာျဖစ္ပါတယ္။



“ေအးျမျဖဴ” သီဆိုေနစဥ္ တေလွ်ာက္လုံး တင္ဇာေမာ္ က စည္းနဲ႔ဝါး လိုက္ကာ သီခ်င္းကို သူကိုယ္တိုင္ ခံစားခ်က္အျပည့္နဲ႔ လိုက္ဆိုေနတာကို ေတြ႕ခဲ့ရပါတယ္။ ျဖဴျဖဴေက်ာ္သိန္း ကေတာ့ အရမ္းကို ေက်နပ္အားက်တဲ့ အၾကည့္ေတြနဲ႔ သူမကို ေငးေမာၾကည့္ေနခဲ့ပါတယ္။



သီခ်င္းအဆုံးမွာ ေအာင္ကိုလတ္ က သူ႔ကို ျမန္မာ့အသံဓါတ္ျပားရ အဆိုေတာ္ႀကီး တစ္ေယာက္လိုပဲလို႔ လႈိက္လႈိက္လွဲလွဲ ခ်ီးက်ဴးစကားေျပာၾကားခဲ့ပါတယ္။



အသက္ ၁၆ ႏွစ္သာ ရွိေသးေပမယ့္ သူမရဲ႕ အဆိုပညာက ဒိုင္လူႀကီးေတြအားလုံးကို လက္ဖ်ားခါေစခဲ့ပါတယ္။ “ေအးျမျဖဴ” ဟာ ငယ္ငယ္ေလးကတည္းက ကေလးအဆိုၿပိဳင္ပြဲေတြမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ဖူးၿပီး သူမကို ငယ္ငယ္ေလးကတည္းက အားေပးေနတဲ့ ပရိသတ္ေတြကလည္း အမာခံရွိေနပါတယ္။ မေန႔ညက သီဆိုယွဥ္ၿပိဳင္မႈ အၿပီးမွာေတာ့ “ေအးျမျဖဴ” ရဲ႕ ပရိသတ္ေတြ ထပ္ၿပီးတိုးလာမွာ ေသခ်ာပါတယ္။



ဒီကေန႔ ေသာၾကာေန႔ည Result Show မွာေတာ့ အစီစဥ္တင္ဆက္သူ ေက်ာ္ထက္ေအာင္ရဲ႕ “ေအးျမျဖဴ You Are Safe!” ဆိုတဲ့ အသံကို ေစာေစာစီးစီးၾကားရမွာ ရာႏႈန္းျပည့္ပဲျဖစ္ပါတယ္။

Credit: popolay 




Unicode ဖြင့်ဖတ်ရန်

 နောက်ဆုံးပိတ်မှာ အိတ်နဲ့သယ်သွားခဲ့တဲ့ “အေးမြဖြူ”


Myanmar Idol ရဲ့ တတိယနေ့ တိုက်ရိုက်သီဆိုယှဉ်ပြိုင်မှုမှာ တက္ကသိုလ်နောက်ခံ တေးသီချင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့ကြရပါတယ်။ ပြိုင်ပွဲဝင် ၁၀ ဦးထဲမှာ နောက်ဆုံးမှ သီဆိုယှဉ်ပြိုင်ခဲ့ရတဲ့ “အေးမြဖြူ” က အထူးခြားစွာ မြန်မာသံစဉ်ထဲက သီချင်းတစ်ပုဒ်ကို ရွေးပြီး ပိုင်ပိုင်နိုင်နိုင် သီဆိုပြခဲ့တာဟာ ဒိုင်လူကြီးတွေအားလုံးနဲ့ ပရိသတ်တွေကို တအံ့တသြဖြစ်စေခဲ့ရပါတယ်။



သူ့ရှေ့မှာ သီဆိုခဲ့ကြတဲ့ ပြိုင်ပွဲဝင် (၉)ဦးစလုံးက စတူဒီယိုသီချင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့ကြပြီး “အေးမြဖြူ” ကတော့ အဆိုတော်ရုပ်ရှင်သရုပ်ဆောင် ချိုပြုံး ရဲ့ “တက္ကသိုလ်ကျောင်းကငွေလမင်း” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ရာမှာ ပရိသတ်လူကြီး လူငယ် အားလုံးရဲ့ နားကြောထဲကို စိမ့်အေးပြီး စီးဆင်းသွားခဲ့ပါတယ်။

မြန်မာသံစဉ်တွေ သီဆိုရတာဟာ ခေပေါ်သီချင်းတွေထက် များစွာခက်ပြီး အရစ်အဝိုက် အကွေ့အကောက်တွေနဲ့ ပညာခန်းတွေများလှတဲ့ ဒီသီချင်းကို “အေးမြဖြူ” က ကျွမ်းကျင်ပိုင်နိုင်စွာ သီဆိုပြသခဲ့တာဖြစ်ပါတယ်။



“အေးမြဖြူ” သီဆိုနေစဉ် တလျှောက်လုံး တင်ဇာမော် က စည်းနဲ့ဝါး လိုက်ကာ သီချင်းကို သူကိုယ်တိုင် ခံစားချက်အပြည့်နဲ့ လိုက်ဆိုနေတာကို တွေ့ခဲ့ရပါတယ်။ ဖြူဖြူကျော်သိန်း ကတော့ အရမ်းကို ကျေနပ်အားကျတဲ့ အကြည့်တွေနဲ့ သူမကို ငေးမောကြည့်နေခဲ့ပါတယ်။



သီချင်းအဆုံးမှာ အောင်ကိုလတ် က သူ့ကို မြန်မာ့အသံဓါတ်ပြားရ အဆိုတော်ကြီး တစ်ယောက်လိုပဲလို့ လှိုက်လှိုက်လှဲလှဲ ချီးကျူးစကားပြောကြားခဲ့ပါတယ်။



အသက် ၁၆ နှစ်သာ ရှိသေးပေမယ့် သူမရဲ့ အဆိုပညာက ဒိုင်လူကြီးတွေအားလုံးကို လက်ဖျားခါစေခဲ့ပါတယ်။ “အေးမြဖြူ” ဟာ ငယ်ငယ်လေးကတည်းက ကလေးအဆိုပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး သူမကို ငယ်ငယ်လေးကတည်းက အားပေးနေတဲ့ ပရိသတ်တွေကလည်း အမာခံရှိနေပါတယ်။ မနေ့ညက သီဆိုယှဉ်ပြိုင်မှု အပြီးမှာတော့ “အေးမြဖြူ” ရဲ့ ပရိသတ်တွေ ထပ်ပြီးတိုးလာမှာ သေချာပါတယ်။



ဒီကနေ့ သောကြာနေ့ည Result Show မှာတော့ အစီစဉ်တင်ဆက်သူ ကျော်ထက်အောင်ရဲ့ “အေးမြဖြူ You Are Safe!” ဆိုတဲ့ အသံကို စောစောစီးစီးကြားရမှာ ရာနှုန်းပြည့်ပဲဖြစ်ပါတယ်။

Credit: popolay 

မှတ်ချက်များ