သခ်ဳၤိဳင္းေစာင့္ မဖဲဝါထက္ ၾကမ္းတဲ့ ဧရာဝတီတုိင္းက သရဲမ မစံပယ္အေၾကာင္း


Zawgyiျဖင့္ဖတ္ရန္

ကိုျမမုိးတုိ႔ရြာက ဧရာ၀တီတုိင္း၊ ၿမိဳ႕နယ္ေလးတစ္ခုအတြင္းက ရြာကေလးတစ္ရြာ ျဖစ္ပါတယ္။ ေခ်ာင္းလက္တက္ကေလး နဖူးေပၚမွာတည္ရွိၿပီး အိမ္ေျခက 50 ေက်ာ္သာ ရွိပါတယ္။ အဲဒီရြာကေလးမွာ မစံပယ္ဆုိတဲ့ အသက္ငယ္ငယ္ အမ်ိဳးသမီး တစ္ေယာက္ ရွိၿပီး၊ ရုပ္ရည္မွာ အလြန္ေခ်ာေမာလွပလုိ႔ ရြာနီးခ်ဳပ္စပ္က လာေရာက္ပုိးပန္းတာကို ခံရသူပါ။

အလြန္လွပလုိ႔ လုိခ်င္သူေတြ ၀ုိင္းေနသလုိ၊ ပုိးပန္းသူအခ်င္းခ်င္း တုတ္တျပတ္ ဓားတျပတ္ ျဖစ္ေစသည္အထိ မစံပယ္ အလွ က နန္းဆန္ခဲ့ပါတယ္။ ေနာက္ဆုံး မစံပယ္ဟာ မိသားစုသေဘာတူတဲ့ တစ္ရြာတည္းသား ကုိသန္းႏုိင္နဲ႔ လက္ထပ္ခဲ့ ပါတယ္။ ဒီအခါမွာ မစံပယ္အေပၚကို အခ်စ္ႀကီးၿပီး၊ အမ်က္ႀကီးခဲ့သူတစ္ေယာက္ ရွိလာခဲ့ပါတယ္။ အဲဒါကေတာ့ မစံပယ္ တုိ႔ရြာနဲ႔ သိပ္မေ၀းလွတဲ့ ရြာက ကုိေကာက္ဆုိသူပါ။

ကုိေကာက္က မစံပယ္ကို ေတြ႕ရာသခ်ႋဳင္းဓားမဆုိင္း သတ္မယ္ဆုိလုိ႔ မစံပယ္ခမ်ာ တစ္ပတ္ေလာက္ ရြာထဲက ရြာျပင္ မထြက္ရဲပါဘူး။ ဒါေပမယ့္ ရြာသားေတြက ကုိေကာက္က မူးလုိ႔ေျပာခဲ့တာျဖစ္ေၾကာင္း၊ သူတုိ႔ရြာ သူႀကီးက ေခၚယူဆုံးမၿပီး ျဖစ္ေၾကာင္း ၀ုိင္း၀န္း ႏွစ္သိမ့္တဲ့အခါမွသာ မစံပယ္ခမ်ာ နဂုိလုိ ေနရဲစားရဲပါေတာ့တယ္။

ကုိသန္းႏုိင္က ႀကဳံရာအလုပ္ လုပ္ကိုင္သူ ျဖစ္ပါတယ္။ သူဟာ ကြမ္းသီးခူးျခင္း၊ ကြမ္းသီးပုိ႔ျခင္း၊ စက္ေလွအငွားလုိက္ျခင္း စတဲ့ အလုပ္ကုိ ႐ုိသားစြာ လုပ္ကိုင္ၿပီး၊ မစံပယ္ကို သားမွတ္မွတ္ မယားမွတ္မွတ္ လုပ္ေၾကြးပါတယ္။ တစ္ရက္ေတာ့ ကုိသန္းႏုိင္၊ ဘာအလုပ္အကိုင္မွမရွိလုိ႔ ဟင္းစားေလးရေအာင္ဆုိၿပီး၊ ေခ်ာင္းထဲကုိ ငါးဖမ္းသြားခဲ့ပါတယ္။ ဒါေပမယ့္ ျပန္လာခ်ိန္ေရာက္သည္အထိ ျပန္မလာခဲ့ပါ။

မုိးေတြက ညေန ေျခာက္နာရီေလာက္မွာ သည္းထန္စြာ ရြာလာခဲ့ပါတယ္။ မစံပယ္ခမ်ာ ကိုယ္ေလးလက္၀န္ႀကီးနဲ႔ လင္ျဖစ္ သူကုိ အိမ္ေပါက္၀မွာ ေျခဆင္း ေခ်ာင္းစပ္အတြင္းကုိသာ လွမ္းေမွ်ာ္ေနပါတယ္။ ဒါေပမယ့္ မုိးက သည္းသည္ထက္ သည္းလာ၊ လင္ျဖစ္သူကလည္း ျပန္လာခ်ိန္ကုိလြန္လုိ႔ ည 7 နာရီပင္ ေရာက္လုေနၿပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ မစံပယ္ ကိုသန္းႏုိင္ ရွိႏုိင္မယ့္ ဆီကုိ လုိက္သြားဖုိ႔ ဆုံးျဖတ္ခဲ့ပါတယ္။

မုိးထဲေရထဲ တဲနီးနားခ်င္း ေဒၚမဲတူရဲ႕ ေလွကုိ ငွားၿပီး မစံပယ္တစ္ေယာက္၊ လင္ျဖစ္သူကုိ ေလွေလွာ္ၿပီး လုိက္ရွာပါ တယ္။ ေဒၚမဲတူကလည္း အေဖာ္လုိက္ခဲ့မယ္လုိ႔ ေျပာေပမယ့္၊ မစံပယ္က ျငင္းခဲ့ပါတယ္။ ေဒၚမဲတူခမ်ာ ေျခေထာက္သံစူးၿပီး ဖ်ားေနတာကို သူမက အေဖာ္အျဖစ္ မေခၚလုိေပ။ ဒါေၾကာင့္ တစ္ေယာက္တည္း ေလွေလွာ္ကာ ထြက္လာခဲ့ျခင္းပါ။

မုိးကလည္း တစ္ႏွစ္လုံးရြာမယ့္မုိး တစ္ခါတည္း စုၿပီး ရြာေလသလား မေျပာတတ္၊ မစံပယ္တစ္ေယာက္ ခုိက္ခိုက္တုန္ ေအာင္ ခ်မ္းေနပါၿပီ။ အခုအခ်ိန္အထိ မုိးထဲေလထဲမွာ ကိုသန္းႏုိင္ကို မေတြ႕ေပ။ ဒါေပမယ့္ ကံဆုိးမုိးေမွာင္က က်ခ်င္ ေတာ့ ေလွတစ္စင္းကုိ အိပဲ့အိပဲေလွာ္လာတဲ့ တစ္ဖက္ရြာက ကုိေကာက္နဲ႔ လူသူကင္းျပတ္ရာမွာ ပက္ပင္းေတြ႕လုိက္ရ ပါေတာ့တယ္။ မစံပယ္ခမ်ာ အဓမၼက်င့္ၿပီး ေခါင္းကုိ ဓားနဲ႔လွီးက သတ္ျဖတ္ခံခဲ့ရပါတယ္။ ကိုေကာက္ဆုိတဲ့ လူ႕အရုိင္းအစုိင္း ကို လည္း ရဲတပ္ဖြဲ႕က ဖမ္းဆီးေထာင္ခ်ခဲ့ပါတယ္။ ဒါေပမယ့္ မစံပယ္ရဲ႕ဇာတ္လမ္းက ဒီမွာတင္ ၿပီးမသြား ပါ။

မစံပယ္ေသဆုံးၿပီး တစ္လေလာက္အၾကာမွာ ဖုိးလျပည့္ဆုိတဲ့ လူပ်ိဳေပါက္တစ္ေယာက္ သည္းေျခပ်က္ၿပီး ႐ူးသြားပါတယ္။ သူဟာ ဟင္းစားရွာရင္း မစံပယ္သရဲမ က်က္စားရာ ေညာင္ပင္ေကြ႕ဆုိတဲ့ ေနရာမွာ မစံပယ္ကို ေတြ႕လုိက္လုိ႔ပါ။ ထုိေန႔က ဖုိးလျပည့္ ေလွေလွာ္လုိက္၊ ငါးဖမ္းလုိက္နဲ႔ အလုပ္ကုိ စိတ္ပါလက္ပါ လုပ္ေနခဲ့ပါတယ္။ ထုိစဥ္အခ်ိန္မွာပဲ ကိုင္းစက္မွာ အမ်ိဳးသမီးတစ္ေယာက္ကို ေတြ႕လုိက္ရပါတယ္။ ဖုိးလျပည့္ လွမ္းၾကည့္ေတာ့ မစံပယ္ဆုိတာ သိလုိက္ရပါတယ္။

“မစံပယ္ ခမ်ား ဘာလုပ္ေနတာတုန္း”ဆုိၿပီး ေမးလုိက္တယ္။ ” ငါလားေဟ့ … ကိုသန္းႏုိင္ကုိ လာေစာင့္ေနတာ ” ” ဟာ ” ထုိအခါက်မွ ဖုိးလျပည့္တစ္ေယာက္ မစံပယ္ဆုံးၿပီးသြားၿပီဆုိတာကုိ သတိရလုိက္ပါတယ္။ မစံပယ္ကို လွမ္းၾကည့္လုိက္ ေတာ့ မစံပယ္က သူ႕ေခါင္းျပတ္ႀကီးကို ကိုင္ထားပါတယ္။ အဲဒီမွာပင္ ဖုိးလျပည့္တစ္ေယာက္ ေလွကုိ ဦးတည္ရာ ေလွာ္ခတ္ၿပီး၊ စိတ္ေဖာက္႐ူးသြပ္သြားတယ္လုိ႔ ဆုိပါတယ္။

ေညာင္ပင္ေကြ႕ဟာ ေနာက္ပုိင္းမွာ လူေတြ ေရွာင္ရွားစျပဳလာခဲ့တဲ့ ေနရာတစ္ခု ျဖစ္လာခဲ့ပါတယ္။ အဖြဲ႕လုိက္ ငါးဖမ္း သြားတဲ့သူေတြေတာင္ ေန႔ခင္းေၾကာင္ေတာင္မွ အဆုိပါ ေညာင္ပင္ေကြ႕ေနရာကို ျဖတ္ရဲပါတယ္။ ညေန အေတာ္ေစာင္းၿပီ ဆုိရင္ေတာင္ တစ္ျခားေခ်ာင္းလက္တက္ကေန တစ္ေကြ႕တစ္ပတ္ ပတ္ၿပီး၊ ရြာဆီကုိ ျပန္ၾကရတဲ့အထိပါ။

မစံပယ္ဟာ ညေနတုိင္း ေရဆင္းခ်ိဳးေလ့ရွိတယ္လုိ႔ ဆုိပါတယ္။ တစ္ခါတေလ သူ႕ေခါင္းျပတ္ႀကီးကို ဒူးမွာစြပ္ၿပီး၊ ေခါင္းေလွ်ာ္ျခင္း၊ သန္းရွာျခင္းေတြ ျပဳလုပ္ေနတတ္တယ္လုိ႔ သိရပါတယ္။ အခုအခ်ိန္ထိလည္း ေန႔ခင္းေၾကာင္ေတာင္ ေညာင္ပင္ေကြ႕ကို ေလွနဲ႔ျဖတ္ရသူေတြအနက္ ရိပ္ကနဲ ေတြ႕လုိက္ရသူေတြ ရွိသလုိ၊ ေသြးသံရဲရဲနဲ႔ မစံပယ္ကုိ အေကာင္လုိက္ အထည္လုိက္ ေတြ႕လုိက္ရသူေတြလည္း ရွိပါတယ္။

ကုိစံေမာင္တုိ႔၊ ျမင့္ေရႊတုိ႔ တူ၀ရီးတစ္စုဟာ ညဘက္ဆုိ လယ္ကြက္ေတြဘက္ကို ငါးခုတ္ျခင္း၊ ၾကြက္ထုိးျခင္းနဲ႔ အသက္ ေမြး၀မ္းေၾကာင္း ျပဳသူေတြ ျဖစ္ပါတယ္။ သူတို႔ဟာ မစံပယ္တုိ႔နဲ႔ တစ္ရြာတည္းသားေတြျဖစ္ၿပီး၊ ေဆြမ်ိဳးလည္း မကင္းၾက ပါဘူး။ တစ္ည သူတုိ႔ လုပ္႐ုိးလုပ္စဥ္ျဖစ္တဲ့ ၾကြက္ထုိး၊ ငါးခုတ္လုပ္ဖုိ႔အတြက္ တူ၀ရီးႏွစ္ေယာက္ လယ္ကြက္ေတြ ဘက္ကုိ ေရာက္သြားပါတယ္။

ည ကိုးနာရီခန္႕ အခ်ိန္မွာ ဟင္းစားေတာ္ေတာ္ရၿပီမုိ႔ အိမ္ျပန္ဖုိ႔ တုိင္ပင္ၾကပါတယ္။ ထုိစဥ္မွာပဲ သူတုိ႔နဲ႔အတူ ပါလာ တဲ့ ေခြးက ေခ်ာင္းစပ္ဆီကို ၀႐ုန္းသုန္းကားနဲ႔ ထုိးေဟာင္ပါေတာ့တယ္။ တူ၀ရီးႏွစ္ေယာက္သား အဲဒီေတာ့မွ သတိထား မိလိုက္တာ သူတုိ႔ႏွစ္ေယာက္ ေညာင္ပင္ေကြ႕အနားကို ေရာက္ေနၿပီျဖစ္ေၾကာင္းကိုပါ။

ႏွစ္ေယာက္သား ေက်ာခ်မ္းသြားၾကပါတယ္။ ေခြးကလည္း ဘာမွ မျမင္ရဘဲ ထုိးလုိ႔သာ ေဟာင္ေနပါေတာ့တယ္။ ” ဦး … ဦးေလး .. ျမန္ျမန္ လုပ္ဗ်ာ … ျပန္ .. ျပန္ၾကစုိ႔ ” တူျဖစ္သူ ျမင့္ေရႊရဲ႕ အသံက တုန္ရီေနၿပီျဖစ္သလုိ၊ ကုိစံေမာင္ကလည္း မ်က္စိမ်က္ႏွာ ပ်က္ေနရွာၿပီ။ ရြာဆီကို လွမ္းေမွ်ာ္ၾကည့္ေတာ့ ေရာက္ဖုိ႔ မိနစ္သုံးဆယ္ေလာက္ေတာ့ အသာကေလး လမ္းေလွ်ာက္ရဦးမည္။

” ေအး … ပစၥည္းေတြ သိမ္းကြာ … မွိန္းသာ ၿမဲေအာင္ ကိုင္ထား … တစ္ခုခု အႏၱရာယ္ေတြ႕ရင္ ထုိးသာပစ္ ” ကုိစံေမာင္ ေနာက္ေက်ာမလုံသလုိ၊ လည္ျပန္ၾကည့္ၿပီး၊ ပစၥည္းေတြကို ကမန္းကတန္း သိမ္းၾကပါတယ္။ ႏွစ္ေယာက္သား ခပ္သုတ္သုတ္ လမ္းေလွ်ာက္ၾကစဥ္- ” ဦးေလး စံေမာင္” ” ဟာ ” အလြန္က်ယ္ေလာင္ တဲ့ အသံနက္ႀကီးကို တူု၀ရီး ႏွစ္ေယာက္သား ရွင္းရွုင္းလင္းလင္း ၾကားလုိက္ရလုိ႔ ဆံပင္ေမြးေတြပါ ေထာင္ကုန္ပါတယ္။

” ေဟ့ေကာင္ ျမန္ျမန္ေလွ်ာက္ေဟ့ အေျခအေန မေကာင္းဘူး ” ဆုိၿပီး တူျဖစ္သူကုိ သတိေပးကာ ေျခလွမ္းကို ေစာေစာ ကထက္ ပုိသြက္လုိက္ပါတယ္။ ေစာေစာက တစ္စုံတစ္ခု ျမင္လုိ႔ ထုိးေဟာင္ေနတဲ့ ေခြးေတာင္၊ ရြာဆီကုိ သုတ္ေျခ တင္ၿပီး ေျပးေနပါၿပီ။

” ေမာင္ေလး ျမင့္ေရႊ .. အစ္မပါ … အစ္မ စံပယ္ပါ … ဘာမွ မစားရေသးလုိ႔ ၾကြက္ကေလးေတြ ထားခဲ့ပါဦး ” ” ဟာ ဦးေလး ၾကြက္ … ၾကြက္စားဖုိ႔ ေတာင္းေနတာဗ် ” ” လြယ္အိတ္လုိက္သာ ပစ္ခ်ေပးခဲ့ေတာ့ေဟ့ … လာ ေျပးၾကစုိ႔”

မစံပယ္ကား ေဆြမ်ိဳးမို႔လားမသိ၊ အေမွာင္ထဲမွာ အသံေလာက္နဲ႔သာ ေျခာက္လွန္႔လုိ႔ ကိုစံေမာင္တုိ႔ တူ၀ရီး သက္သာရာ ရပါေတာ့တယ္။ ႏွစ္ေယာက္သား လယ္ကြင္းေတြ အလီလီေက်ာ္ျဖတ္ၿပီး၊ ရြာဆီကုိ ဖေနာင့္နဲ႔တင္ပါး တစ္သားတည္း က်ေအာင္ ေျပးၾကပါတယ္။ ဖုိးလျပည့္ ရြာျပန္ေရာက္လုိ႔ တခုိက္ခုိက္တုန္ေနသလုိ၊ တူ၀ရီးႏွစ္ေယာက္ စလုံး ေၾကာက္ရြံ႕ တုန္လႈပ္ေနၾကပါတယ္။ ဒါေပမယ့္ သူတုိ႔ကေတာ့ စိတ္ေဖာက္ျပန္ ရုူးသြပ္ျခင္း မရွိပါဘူး။ အခုဆုိ ငါးခုတ္ျခင္း၊ ၾကြက္ထုိး ျခင္းလည္း မလုပ္ၾကေတာ့ပါဘူး။ မစံပယ္ကေတာ့ ေညာင္ပင္ေကြ႕မွာ အပုိင္စားရထားတဲ့ သရဲမအျဖစ္ အခုအခ်ိန္ထိ ကၽြတ္တမ္း မ၀င္ႏုိင္ရွာေသးဘူးလုိ႔ ဆုိပါတယ္။ (ကုိျမမုိး၏ ေျပာၾကားခ်က္ကုိ ျပန္လည္မွ်ေ၀ပါသည္။)

Credit:မူရင္းေရးသားသူ (ေလးစားမႈျဖင့္ ခရက္ဒစ္)

Unicodeဖြင့်ဖတ်ရန်

သချုၤိုင်းစောင့် မဖဲဝါထက် ကြမ်းတဲ့ ဧရာဝတီတိုင်းက သရဲမ မစံပယ်အကြောင်း

ကိုမြမိုးတို့ရွာက ဧရာဝတီတိုင်း၊ မြို့နယ်လေးတစ်ခုအတွင်းက ရွာကလေးတစ်ရွာ ဖြစ်ပါတယ်။ ချောင်းလက်တက်ကလေး နဖူးပေါ်မှာတည်ရှိပြီး အိမ်ခြေက 50 ကျော်သာ ရှိပါတယ်။ အဲဒီရွာကလေးမှာ မစံပယ်ဆိုတဲ့ အသက်ငယ်ငယ် အမျိုးသမီး တစ်ယောက် ရှိပြီး၊ ရုပ်ရည်မှာ အလွန်ချောမောလှပလို့ ရွာနီးချုပ်စပ်က လာရောက်ပိုးပန်းတာကို ခံရသူပါ။

အလွန်လှပလို့ လိုချင်သူတွေ ဝိုင်းနေသလို၊ ပိုးပန်းသူအချင်းချင်း တုတ်တပြတ် ဓားတပြတ် ဖြစ်စေသည်အထိ မစံပယ် အလှ က နန်းဆန်ခဲ့ပါတယ်။ နောက်ဆုံး မစံပယ်ဟာ မိသားစုသဘောတူတဲ့ တစ်ရွာတည်းသား ကိုသန်းနိုင်နဲ့ လက်ထပ်ခဲ့ ပါတယ်။ ဒီအခါမှာ မစံပယ်အပေါ်ကို အချစ်ကြီးပြီး၊ အမျက်ကြီးခဲ့သူတစ်ယောက် ရှိလာခဲ့ပါတယ်။ အဲဒါကတော့ မစံပယ် တို့ရွာနဲ့ သိပ်မဝေးလှတဲ့ ရွာက ကိုကောက်ဆိုသူပါ။

ကိုကောက်က မစံပယ်ကို တွေ့ရာသင်္ချိုင်းဓားမဆိုင်း သတ်မယ်ဆိုလို့ မစံပယ်ခမျာ တစ်ပတ်လောက် ရွာထဲက ရွာပြင် မထွက်ရဲပါဘူး။ ဒါပေမယ့် ရွာသားတွေက ကိုကောက်က မူးလို့ပြောခဲ့တာဖြစ်ကြောင်း၊ သူတို့ရွာ သူကြီးက ခေါ်ယူဆုံးမပြီး ဖြစ်ကြောင်း ဝိုင်းဝန်း နှစ်သိမ့်တဲ့အခါမှသာ မစံပယ်ခမျာ နဂိုလို နေရဲစားရဲပါတော့တယ်။

ကိုသန်းနိုင်က ကြုံရာအလုပ် လုပ်ကိုင်သူ ဖြစ်ပါတယ်။ သူဟာ ကွမ်းသီးခူးခြင်း၊ ကွမ်းသီးပို့ခြင်း၊ စက်လှေအငှားလိုက်ခြင်း စတဲ့ အလုပ်ကို ရိုသားစွာ လုပ်ကိုင်ပြီး၊ မစံပယ်ကို သားမှတ်မှတ် မယားမှတ်မှတ် လုပ်ကြွေးပါတယ်။ တစ်ရက်တော့ ကိုသန်းနိုင်၊ ဘာအလုပ်အကိုင်မှမရှိလို့ ဟင်းစားလေးရအောင်ဆိုပြီး၊ ချောင်းထဲကို ငါးဖမ်းသွားခဲ့ပါတယ်။ ဒါပေမယ့် ပြန်လာချိန်ရောက်သည်အထိ ပြန်မလာခဲ့ပါ။

မိုးတွေက ညနေ ခြောက်နာရီလောက်မှာ သည်းထန်စွာ ရွာလာခဲ့ပါတယ်။ မစံပယ်ခမျာ ကိုယ်လေးလက်ဝန်ကြီးနဲ့ လင်ဖြစ် သူကို အိမ်ပေါက်ဝမှာ ခြေဆင်း ချောင်းစပ်အတွင်းကိုသာ လှမ်းမျှော်နေပါတယ်။ ဒါပေမယ့် မိုးက သည်းသည်ထက် သည်းလာ၊ လင်ဖြစ်သူကလည်း ပြန်လာချိန်ကိုလွန်လို့ ည 7 နာရီပင် ရောက်လုနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် မစံပယ် ကိုသန်းနိုင် ရှိနိုင်မယ့် ဆီကို လိုက်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

မိုးထဲရေထဲ တဲနီးနားချင်း ဒေါ်မဲတူရဲ့ လှေကို ငှားပြီး မစံပယ်တစ်ယောက်၊ လင်ဖြစ်သူကို လှေလှော်ပြီး လိုက်ရှာပါ တယ်။ ဒေါ်မဲတူကလည်း အဖော်လိုက်ခဲ့မယ်လို့ ပြောပေမယ့်၊ မစံပယ်က ငြင်းခဲ့ပါတယ်။ ဒေါ်မဲတူခမျာ ခြေထောက်သံစူးပြီး ဖျားနေတာကို သူမက အဖော်အဖြစ် မခေါ်လိုပေ။ ဒါကြောင့် တစ်ယောက်တည်း လှေလှော်ကာ ထွက်လာခဲ့ခြင်းပါ။

မိုးကလည်း တစ်နှစ်လုံးရွာမယ့်မိုး တစ်ခါတည်း စုပြီး ရွာလေသလား မပြောတတ်၊ မစံပယ်တစ်ယောက် ခိုက်ခိုက်တုန် အောင် ချမ်းနေပါပြီ။ အခုအချိန်အထိ မိုးထဲလေထဲမှာ ကိုသန်းနိုင်ကို မတွေ့ပေ။ ဒါပေမယ့် ကံဆိုးမိုးမှောင်က ကျချင် တော့ လှေတစ်စင်းကို အိပဲ့အိပဲလှော်လာတဲ့ တစ်ဖက်ရွာက ကိုကောက်နဲ့ လူသူကင်းပြတ်ရာမှာ ပက်ပင်းတွေ့လိုက်ရ ပါတော့တယ်။ မစံပယ်ခမျာ အဓမ္မကျင့်ပြီး ခေါင်းကို ဓားနဲ့လှီးက သတ်ဖြတ်ခံခဲ့ရပါတယ်။ ကိုကောက်ဆိုတဲ့ လူ့အရိုင်းအစိုင်း ကို လည်း ရဲတပ်ဖွဲ့က ဖမ်းဆီးထောင်ချခဲ့ပါတယ်။ ဒါပေမယ့် မစံပယ်ရဲ့ဇာတ်လမ်းက ဒီမှာတင် ပြီးမသွား ပါ။

မစံပယ်သေဆုံးပြီး တစ်လလောက်အကြာမှာ ဖိုးလပြည့်ဆိုတဲ့ လူပျိုပေါက်တစ်ယောက် သည်းခြေပျက်ပြီး ရူးသွားပါတယ်။ သူဟာ ဟင်းစားရှာရင်း မစံပယ်သရဲမ ကျက်စားရာ ညောင်ပင်ကွေ့ဆိုတဲ့ နေရာမှာ မစံပယ်ကို တွေ့လိုက်လို့ပါ။ ထိုနေ့က ဖိုးလပြည့် လှေလှော်လိုက်၊ ငါးဖမ်းလိုက်နဲ့ အလုပ်ကို စိတ်ပါလက်ပါ လုပ်နေခဲ့ပါတယ်။ ထိုစဉ်အချိန်မှာပဲ ကိုင်းစက်မှာ အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ ဖိုးလပြည့် လှမ်းကြည့်တော့ မစံပယ်ဆိုတာ သိလိုက်ရပါတယ်။

“မစံပယ် ခများ ဘာလုပ်နေတာတုန်း”ဆိုပြီး မေးလိုက်တယ်။ ” ငါလားဟေ့ … ကိုသန်းနိုင်ကို လာစောင့်နေတာ ” ” ဟာ ” ထိုအခါကျမှ ဖိုးလပြည့်တစ်ယောက် မစံပယ်ဆုံးပြီးသွားပြီဆိုတာကို သတိရလိုက်ပါတယ်။ မစံပယ်ကို လှမ်းကြည့်လိုက် တော့ မစံပယ်က သူ့ခေါင်းပြတ်ကြီးကို ကိုင်ထားပါတယ်။ အဲဒီမှာပင် ဖိုးလပြည့်တစ်ယောက် လှေကို ဦးတည်ရာ လှော်ခတ်ပြီး၊ စိတ်ဖောက်ရူးသွပ်သွားတယ်လို့ ဆိုပါတယ်။

ညောင်ပင်ကွေ့ဟာ နောက်ပိုင်းမှာ လူတွေ ရှောင်ရှားစပြုလာခဲ့တဲ့ နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ အဖွဲ့လိုက် ငါးဖမ်း သွားတဲ့သူတွေတောင် နေ့ခင်းကြောင်တောင်မှ အဆိုပါ ညောင်ပင်ကွေ့နေရာကို ဖြတ်ရဲပါတယ်။ ညနေ အတော်စောင်းပြီ ဆိုရင်တောင် တစ်ခြားချောင်းလက်တက်ကနေ တစ်ကွေ့တစ်ပတ် ပတ်ပြီး၊ ရွာဆီကို ပြန်ကြရတဲ့အထိပါ။

မစံပယ်ဟာ ညနေတိုင်း ရေဆင်းချိုးလေ့ရှိတယ်လို့ ဆိုပါတယ်။ တစ်ခါတလေ သူ့ခေါင်းပြတ်ကြီးကို ဒူးမှာစွပ်ပြီး၊ ခေါင်းလျှော်ခြင်း၊ သန်းရှာခြင်းတွေ ပြုလုပ်နေတတ်တယ်လို့ သိရပါတယ်။ အခုအချိန်ထိလည်း နေ့ခင်းကြောင်တောင် ညောင်ပင်ကွေ့ကို လှေနဲ့ဖြတ်ရသူတွေအနက် ရိပ်ကနဲ တွေ့လိုက်ရသူတွေ ရှိသလို၊ သွေးသံရဲရဲနဲ့ မစံပယ်ကို အကောင်လိုက် အထည်လိုက် တွေ့လိုက်ရသူတွေလည်း ရှိပါတယ်။

ကိုစံမောင်တို့၊ မြင့်ရွှေတို့ တူဝရီးတစ်စုဟာ ညဘက်ဆို လယ်ကွက်တွေဘက်ကို ငါးခုတ်ခြင်း၊ ကြွက်ထိုးခြင်းနဲ့ အသက် မွေးဝမ်းကြောင်း ပြုသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ မစံပယ်တို့နဲ့ တစ်ရွာတည်းသားတွေဖြစ်ပြီး၊ ဆွေမျိုးလည်း မကင်းကြ ပါဘူး။ တစ်ည သူတို့ လုပ်ရိုးလုပ်စဉ်ဖြစ်တဲ့ ကြွက်ထိုး၊ ငါးခုတ်လုပ်ဖို့အတွက် တူဝရီးနှစ်ယောက် လယ်ကွက်တွေ ဘက်ကို ရောက်သွားပါတယ်။

ည ကိုးနာရီခန့် အချိန်မှာ ဟင်းစားတော်တော်ရပြီမို့ အိမ်ပြန်ဖို့ တိုင်ပင်ကြပါတယ်။ ထိုစဉ်မှာပဲ သူတို့နဲ့အတူ ပါလာ တဲ့ ခွေးက ချောင်းစပ်ဆီကို ဝရုန်းသုန်းကားနဲ့ ထိုးဟောင်ပါတော့တယ်။ တူဝရီးနှစ်ယောက်သား အဲဒီတော့မှ သတိထား မိလိုက်တာ သူတို့နှစ်ယောက် ညောင်ပင်ကွေ့အနားကို ရောက်နေပြီဖြစ်ကြောင်းကိုပါ။

နှစ်ယောက်သား ကျောချမ်းသွားကြပါတယ်။ ခွေးကလည်း ဘာမှ မမြင်ရဘဲ ထိုးလို့သာ ဟောင်နေပါတော့တယ်။ ” ဦး … ဦးလေး .. မြန်မြန် လုပ်ဗျာ … ပြန် .. ပြန်ကြစို့ ” တူဖြစ်သူ မြင့်ရွှေရဲ့ အသံက တုန်ရီနေပြီဖြစ်သလို၊ ကိုစံမောင်ကလည်း မျက်စိမျက်နှာ ပျက်နေရှာပြီ။ ရွာဆီကို လှမ်းမျှော်ကြည့်တော့ ရောက်ဖို့ မိနစ်သုံးဆယ်လောက်တော့ အသာကလေး လမ်းလျှောက်ရဦးမည်။

” အေး … ပစ္စည်းတွေ သိမ်းကွာ … မှိန်းသာ မြဲအောင် ကိုင်ထား … တစ်ခုခု အန္တရာယ်တွေ့ရင် ထိုးသာပစ် ” ကိုစံမောင် နောက်ကျောမလုံသလို၊ လည်ပြန်ကြည့်ပြီး၊ ပစ္စည်းတွေကို ကမန်းကတန်း သိမ်းကြပါတယ်။ နှစ်ယောက်သား ခပ်သုတ်သုတ် လမ်းလျှောက်ကြစဉ်- ” ဦးလေး စံမောင်” ” ဟာ ” အလွန်ကျယ်လောင် တဲ့ အသံနက်ကြီးကို တူုဝရီး နှစ်ယောက်သား ရှင်းရှုင်းလင်းလင်း ကြားလိုက်ရလို့ ဆံပင်မွေးတွေပါ ထောင်ကုန်ပါတယ်။

” ဟေ့ကောင် မြန်မြန်လျှောက်ဟေ့ အခြေအနေ မကောင်းဘူး ” ဆိုပြီး တူဖြစ်သူကို သတိပေးကာ ခြေလှမ်းကို စောစော ကထက် ပိုသွက်လိုက်ပါတယ်။ စောစောက တစ်စုံတစ်ခု မြင်လို့ ထိုးဟောင်နေတဲ့ ခွေးတောင်၊ ရွာဆီကို သုတ်ခြေ တင်ပြီး ပြေးနေပါပြီ။

” မောင်လေး မြင့်ရွှေ .. အစ်မပါ … အစ်မ စံပယ်ပါ … ဘာမှ မစားရသေးလို့ ကြွက်ကလေးတွေ ထားခဲ့ပါဦး ” ” ဟာ ဦးလေး ကြွက် … ကြွက်စားဖို့ တောင်းနေတာဗျ ” ” လွယ်အိတ်လိုက်သာ ပစ်ချပေးခဲ့တော့ဟေ့ … လာ ပြေးကြစို့”

မစံပယ်ကား ဆွေမျိုးမို့လားမသိ၊ အမှောင်ထဲမှာ အသံလောက်နဲ့သာ ခြောက်လှန့်လို့ ကိုစံမောင်တို့ တူဝရီး သက်သာရာ ရပါတော့တယ်။ နှစ်ယောက်သား လယ်ကွင်းတွေ အလီလီကျော်ဖြတ်ပြီး၊ ရွာဆီကို ဖနောင့်နဲ့တင်ပါး တစ်သားတည်း ကျအောင် ပြေးကြပါတယ်။ ဖိုးလပြည့် ရွာပြန်ရောက်လို့ တခိုက်ခိုက်တုန်နေသလို၊ တူဝရီးနှစ်ယောက် စလုံး ကြောက်ရွံ့ တုန်လှုပ်နေကြပါတယ်။ ဒါပေမယ့် သူတို့ကတော့ စိတ်ဖောက်ပြန် ရုူးသွပ်ခြင်း မရှိပါဘူး။ အခုဆို ငါးခုတ်ခြင်း၊ ကြွက်ထိုး ခြင်းလည်း မလုပ်ကြတော့ပါဘူး။ မစံပယ်ကတော့ ညောင်ပင်ကွေ့မှာ အပိုင်စားရထားတဲ့ သရဲမအဖြစ် အခုအချိန်ထိ ကျွတ်တမ်း မဝင်နိုင်ရှာသေးဘူးလို့ ဆိုပါတယ်။ (ကိုမြမိုး၏ ပြောကြားချက်ကို ပြန်လည်မျှဝေပါသည်။)

Credit:မူရင်းရေးသားသူ (လေးစားမှုဖြင့် ခရက်ဒစ်)

မှတ်ချက်များ