သာမာန္ေက်ာင္းသူဘဝကေန ဝါရင့္သ႐ုပ္ေဆာင္ေတြနဲ႔ ႐ုပ္ရွင္႐ိုက္ႏိုင္တဲ့အထိ ေအာင္ျမင္လာတဲ့ ျဖဴျဖဴေထြး




Zawgyi ျဖင့္ဖတ္ရန္


ေက်ာင္းကပြဲ ဗီဒီယိုေလးမွတဆင့္ လူသိမ်ားလာခဲ့တဲ့ အြန္လိုင္းဆယ္လီ ျဖဴျဖဴေထြးက အခုဆိုရင္ ေအာင္ျမင္တဲ့ အႏုပညာရွင္ေပါက္စေလးတစ္ေယာက္ ျဖစ္လို႔ ေနပါၿပီ။ ျဖဴျဖဴေထြးက အခုဆိုရင္ ေၾကာ္ျငာေတြကိုလည္း လက္မလည္ေအာင္ ႐ိုက္ကူးေနရၿပီး နယ္စတိတ္ရႈိးပြဲေတြကိုလည္း သြားေရာက္ ေဖ်ာ္ေျဖေပးေနတာ ျဖစ္ပါတယ္။ ခ်စ္စရာေကာင္းၿပီး ပြင့္လင္းသြက္လက္လြန္းတဲ့ ျဖဴျဖဴေထြးကို ပရိသတ္ေတြကလည္း သေဘာက် အားေပးၾကပါတယ္။



ဒီတစ္ေခါက္မွာလည္း ျဖဴျဖဴေထြးက ႐ုပ္ရွင္ဇာတ္ကားႀကီးတစ္ခုမွာ ပါဝင္သ႐ုပ္ေဆာင္သြားရဦးမွာ ျဖစ္ပါတယ္။ ျဖဴျဖဴေထြးက “ေရာသမေမႊ” ႐ုပ္ရွင္ဇာတ္ကားႀကီးမွာ ဝါရင့္ အႏုပညာရွင္ေတြမ်ားစြာနဲ႔ သ႐ုပ္ေဆာင္ရမွာ ျဖစ္ပါတယ္။



ျဖဴျဖဴေထြးက ဒါ႐ိုက္တာ ကိုေဇာ္ (အ႐ုဏ္ဦး) ႐ိုက္ကူးပုံေဖာ္မယ့္ “ေရာသမေမႊ” ႐ုပ္ရွင္ဇာတ္ကားႀကီးမွာ အကယ္ဒမီ ေဖြးေဖြး၊ လႊမ္းပိုင္၊ ရဲရင့္ေအာင္ တို႔နဲ႔အတူတူ သ႐ုပ္ေဆာင္သြားမွာပဲ ျဖစ္ပါတယ္။



ျဖဴျဖဴေထြးက လက္ရွိမွာ ေအာင္ျမင္မႈေတြ ရရွိၿပီး ပရိသတ္ အခိုင္အမာ ရရွိထားတဲ့ မင္းသမီးေလး တစ္ေယာက္ ျဖစ္လို႔ ေနပါၿပီ။ သာမာန္ ေက်ာင္းသူဘဝကေန အခုလို ေန႔ခ်င္းညခ်င္း ေအာင္ျမင္ေက်ာ္ၾကားလာတာ သူမရဲ႕ ကံၾကမၼာပါပဲ။



ျဖဴျဖဴေထြးရဲ႕ ေအာင္ျမင္မႈကေတာ့ တကယ့္ကို ေၾကာက္ခမန္းလိလိပါပဲ။ ပရိသတ္ႀကီးလည္း ျဖဴျဖဴေထြးရဲ႕ “ေရာသမေမႊ” ႐ုပ္ရွင္ဇာတ္ကားႀကီး ထြက္ရွိရင္ အားေပးၾကပါဦးေနာ္။

Credit : mmtopnews


Unicode ဖြင့်ဖတ်ရန်

သာမာန်ကျောင်းသူဘဝကနေ ဝါရင့်သရုပ်ဆောင်တွေနဲ့ ရုပ်ရှင်ရိုက်နိုင်တဲ့အထိ အောင်မြင်လာတဲ့ ဖြူဖြူထွေး



ကျောင်းကပွဲ ဗီဒီယိုလေးမှတဆင့် လူသိများလာခဲ့တဲ့ အွန်လိုင်းဆယ်လီ ဖြူဖြူထွေးက အခုဆိုရင် အောင်မြင်တဲ့ အနုပညာရှင်ပေါက်စလေးတစ်ယောက် ဖြစ်လို့ နေပါပြီ။ ဖြူဖြူထွေးက အခုဆိုရင် ကြော်ငြာတွေကိုလည်း လက်မလည်အောင် ရိုက်ကူးနေရပြီး နယ်စတိတ်ရှိုးပွဲတွေကိုလည်း သွားရောက် ဖျော်ဖြေပေးနေတာ ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး ပွင့်လင်းသွက်လက်လွန်းတဲ့ ဖြူဖြူထွေးကို ပရိသတ်တွေကလည်း သဘောကျ အားပေးကြပါတယ်။



ဒီတစ်ခေါက်မှာလည်း ဖြူဖြူထွေးက ရုပ်ရှင်ဇာတ်ကားကြီးတစ်ခုမှာ ပါဝင်သရုပ်ဆောင်သွားရဦးမှာ ဖြစ်ပါတယ်။ ဖြူဖြူထွေးက “ရောသမမွှေ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ဝါရင့် အနုပညာရှင်တွေများစွာနဲ့ သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။



ဖြူဖြူထွေးက ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်ကူးပုံဖော်မယ့် “ရောသမမွှေ” ရုပ်ရှင်ဇာတ်ကားကြီးမှာ အကယ်ဒမီ ဖွေးဖွေး၊ လွှမ်းပိုင်၊ ရဲရင့်အောင် တို့နဲ့အတူတူ သရုပ်ဆောင်သွားမှာပဲ ဖြစ်ပါတယ်။



ဖြူဖြူထွေးက လက်ရှိမှာ အောင်မြင်မှုတွေ ရရှိပြီး ပရိသတ် အခိုင်အမာ ရရှိထားတဲ့ မင်းသမီးလေး တစ်ယောက် ဖြစ်လို့ နေပါပြီ။ သာမာန် ကျောင်းသူဘဝကနေ အခုလို နေ့ချင်းညချင်း အောင်မြင်ကျော်ကြားလာတာ သူမရဲ့ ကံကြမ္မာပါပဲ။



ဖြူဖြူထွေးရဲ့ အောင်မြင်မှုကတော့ တကယ့်ကို ကြောက်ခမန်းလိလိပါပဲ။ ပရိသတ်ကြီးလည်း ဖြူဖြူထွေးရဲ့ “ရောသမမွှေ” ရုပ်ရှင်ဇာတ်ကားကြီး ထွက်ရှိရင် အားပေးကြပါဦးနော်။

Credit : mmtopnews
 

မှတ်ချက်များ