အလြယ္ကူဆံုံး ေကြ႕တီယို ျပဳလုပ္နည္း



Zawgyi ျဖင့္ဖတ္ရန္

အ႐ိုးျပဳတ္ရည္က အဓိကမို႔ ၾကက္အ႐ိုး သို႔ ဝက္အ႐ိုးကို ၾကက္သြန္ျဖဴ အခြံခြာထားေသာမုန္လာဥျဖဴ၂လုံး င႐ုတ္ေကာင္းမႈန္႔ နံနံပင္အျမစ္ ပဲငံျပာရည္အၾကည္ ခ႐ုဆီ သၾကား ႏွင့္ ဆား အနည္းငယ္ ထည့္ၿပီး ၁နာရီခြဲခန္႔ျပဳတ္ေပးရပါမယ္။

အေပၚမွ ေဝ့တက္လာတဲ့ အႏွစ္ဖတ္အမည္းမ်ားကို ခပ္ထုပ္ေပးပါ။ ၿပီးမွႏွစ္သက္ရာ ပုဇြန္ ပဲေသြး ၾကက္သားလုံး ဝက္သားလုံး ငါးဖယ္လုံး မ်ားကို ထည့္ျပဳတ္ပါ။

ကန္စြန္း႐ြက္ ဆလက္႐ြက္ ပဲပင္ေပါက္ အစိမ္းနံ႔ေပ်ာက္ေစရန္ တို႔ကို ေရေႏြးေဖ်ာေပးထားပါ။ တြဲဖက္စားသုံးမယ့္ ဆန္ျပားေခါက္ဆြဲကိုလည္း ၂မိနစ္ခန္႔ျပဳတ္ၿပီး ျပန္ဆယ္ထားပါ။ အရမ္းေပ်ာ့ေနေအာင္ျပဳတ္ဖို႔မလိုပါဖူး။

ျပင္ဆင္ပုံကေတာ့ ပန္းကန္ထဲသို႔ ဆန္ျပားေခါက္ဆြဲ အ႐ြက္မ်ား အသားလုံးမ်ား ထည့္ပါ။ အရည္ဆမ္းပါ။ င႐ုတ္သီးမႈန္႔ ေထာင္းထားေသာေျမပဲမႈန္႔ ထည့္ပါ။ ခ်ဥ္ခ်ဥ္စပ္စပ္ေလးႀကိဳက္သူမ်ားအတြက္ လိုအပ္ရင္ထည့္စားႏိုင္ေစဖို႔ အခ်ဥ္စိမ္ထားေသာ င႐ုတ္သီးစိမ္းႏွင့္ သံပုရာသီးစိတ္ ျပဳလုပ္ထားပါ။ နံနံပင္ ၾကက္သြန္ၿမိတ္ ဘဲဥ ႏွင့္ ဝက္ေခါက္ေၾကာ္ကိုလည္း ထည့္စားႏိုင္ပါသည္။

#ေကြ႕တီယိုသုပ္ အတြက္ကေတာ့ ဆန္ျပားေခါက္ဆြဲ အ႐ြက္ အသားလုံး ေျမပဲေလွာ္မႈန္႔ င႐ုတ္သီးမႈန္႔ ၾကက္သြန္ျဖဴျဖင့္ခ်က္ထားေသာဆီခ်က္ အားလုံးေပါင္းၿပီး နယ္လိုက္ရင္ ေကြ႕တီယိုသုပ္ရပါၿပီ။

Credit : Daw San Thidar Htay


Unicode ဖြင့်ဖတ်ရန်



အလွယ်ကူဆုံံး #ကွေ့တီယို ပြုလုပ်နည်း



အရိုးပြုတ်ရည်က အဓိကမို့ ကြက်အရိုး သို့ ဝက်အရိုးကို ကြက်သွန်ဖြူ အခွံခွာထားသောမုန်လာဥဖြူ၂လုံး ငရုတ်ကောင်းမှုန့် နံနံပင်အမြစ် ပဲငံပြာရည်အကြည် ခရုဆီ သကြား နှင့် ဆား အနည်းငယ် ထည့်ပြီး ၁နာရီခွဲခန့်ပြုတ်ပေးရပါမယ်။

အပေါ်မှ ဝေ့တက်လာတဲ့ အနှစ်ဖတ်အမည်းများကို ခပ်ထုပ်ပေးပါ။ ပြီးမှနှစ်သက်ရာ ပုဇွန် ပဲသွေး ကြက်သားလုံး ဝက်သားလုံး ငါးဖယ်လုံး များကို ထည့်ပြုတ်ပါ။

ကန်စွန်းရွက် ဆလက်ရွက် ပဲပင်ပေါက် အစိမ်းနံ့ပျောက်စေရန် တို့ကို ရေနွေးဖျောပေးထားပါ။ တွဲဖက်စားသုံးမယ့် ဆန်ပြားခေါက်ဆွဲကိုလည်း ၂မိနစ်ခန့်ပြုတ်ပြီး ပြန်ဆယ်ထားပါ။ အရမ်းပျော့နေအောင်ပြုတ်ဖို့မလိုပါဖူး။

ပြင်ဆင်ပုံကတော့ ပန်းကန်ထဲသို့ ဆန်ပြားခေါက်ဆွဲ အရွက်များ အသားလုံးများ ထည့်ပါ။ အရည်ဆမ်းပါ။ ငရုတ်သီးမှုန့် ထောင်းထားသောမြေပဲမှုန့် ထည့်ပါ။ ချဉ်ချဉ်စပ်စပ်လေးကြိုက်သူများအတွက် လိုအပ်ရင်ထည့်စားနိုင်စေဖို့ အချဉ်စိမ်ထားသော ငရုတ်သီးစိမ်းနှင့် သံပုရာသီးစိတ် ပြုလုပ်ထားပါ။ နံနံပင် ကြက်သွန်မြိတ် ဘဲဥ နှင့် ဝက်ခေါက်ကြော်ကိုလည်း ထည့်စားနိုင်ပါသည်။

#ကွေ့တီယိုသုပ် အတွက်ကတော့ ဆန်ပြားခေါက်ဆွဲ အရွက် အသားလုံး မြေပဲလှော်မှုန့် ငရုတ်သီးမှုန့် ကြက်သွန်ဖြူဖြင့်ချက်ထားသောဆီချက် အားလုံးပေါင်းပြီး နယ်လိုက်ရင် ကွေ့တီယိုသုပ်ရပါပြီ။

Credit : Daw San Thidar Htay

    

မှတ်ချက်များ