မၾကာခဏ ရန္ျဖစ္ေလ့ရွိတဲ့ စုံတြဲတိုင္း သိထားသင့္တဲ့ နည္းလမ္းတစ္ခ်ိဳ႕



Zawgyiျဖင့္ဖတ္ရန္

အားလုံးပဲ မဂၤလာပါ။ ရန္ျဖစ္လိုက္ ျပန္ခ်စ္လိုက္ဆိုတာက နားေထာင္လို႔ေတာ့ ေကာင္းေပမဲ့ ခဏခဏရန္ျဖစ္ရင္က်ေတာ့ ႏွစ္ဦးႏွစ္ဖက္စိတ္ညစ္ရတာေပါ့ေနာ္။ ဆက္ထုံးမ်ားတဲ့ ႀကိဳးကမေကာင္းဘူးဆိုသလိုပဲ ရန္ျဖစ္လို႔ ျပတ္သြားလိုက္ ၿပီးက်ျပန္တြဲလိုက္နဲ႔ ေရရွည္ဆို သမီးရည္းစားဆက္ဆံေရးကိုထိခိုက္လာႏိုင္တယ္ေနာ္။

အခု မွ်ေဝေပးခ်င္တဲ့ နည္းလမ္းေလးေတြကေတာ့ ရန္ျဖစ္တာကို ဘယ္လိုရပ္တန႔္မလဲဆိုတာပါပဲ။

၁။ ေကာင္းမြန္တဲ့ ဆက္သြယ္ေရးနည္းလမ္းကိုသာ က်င့္သုံးပါ

သမီးရည္းစားေတြရန္ျဖစ္ၾကတယ္ဆိုတာ တစ္ေယာက္စိတ္ခံစားခ်က္ကို တစ္ေယာက္မသိၾကလို႔ ရန္ျဖစ္ၾကတာပါ။ သူတို႔ဆက္ဆံေရးမွာ တစ္ေယာက္အေၾကာင္းတစ္ေယာက္နားလည္ေအာင္ သင္ယူဖို႔ အမ်ားႀကီးလိုအပ္ေနပါၿပီ။

ၿပီးေတာ့ ရန္ျဖစ္ရင္ ဘယ္ေတာ့မွ တစ္ေယာက္နဲ႔တစ္ေယာက္ မေအာ္ပါနဲ႔။ ေအာ္တယ္ဆိုတာက သင္အားေပးတဲ့ ေဘာလုံးအသင္း ႏိုင္လို႔ ဝမ္းသာအားရတဲ့အခ်ိန္နဲ႔၊ ရႈံးေနလို႔ အားမလိုအားမရျဖစ္တဲ့ အခ်ိန္ေတြပဲ ေအာ္သင့္တာပါ။

ၿပီးရင္ ဂ႐ုတစိုက္နားေထာင္ေပးဖို႔လိုအပ္ပါတယ္။ တစ္ေယာက္စကားေျပာတဲ့အခ်ိန္မွာ အျခားတစ္ေယာက္က မေႏွာင့္ယွက္ဘဲ ဂ႐ုတစိုက္နားေထာင္ေပးမယ္ဆိုရင္ ျပႆနာကို ျမန္ျမန္ေျဖရွင္းႏိုင္မွာပါ။

၂။ ေလလႈိင္းေပၚကေန ျငင္းခုန္ေနတဲ့ စာပို႔တာရပ္မယ္

လူတိုင္းသိၾကတဲ့ အတိုင္း စာပို႔ၿပီးဆက္သြယ္တာက ေကာင္းမြန္တဲ့ ဆက္ဆံေရးကို မရႏိုင္ပါဘူး။ ကိုယ္ပို႔လိုက္တဲ့ Emoji ေလးေတြ၊ ဘာရယ္မဟုတ္ ႐ႊတ္ေနာက္ေနာက္နဲ႔ ပို႔လိုက္တဲ့ စာေလးတစ္ေစာင္ကို တစ္ဖက္လူက အဓိပၸါယ္ေကာက္လြဲသြားႏိုင္လို႔ပါ။ သင္တို႔ ႏွစ္ေယာက္က LDRS ေတြမဟုတ္သေ႐ြ႕ ေလလႈိင္းေပၚကေန ျငင္းခုန္ရန္ျဖစ္ေနတာမ်ိဳးမလုပ္ပဲ မ်က္ႏွာခ်င္းဆိုင္ေဆြးေႏြးေပးဖို႔လိုပါတယ္။

၃။ ျပႆနာျဖစ္ရျခင္းဇစ္ျမစ္ကို ရွာေဖြပါ

သမီးရည္းစားအမ်ားစုမွာ အျဖစ္မ်ားတဲ့ ျပႆနာက အက်င့္စ႐ိုက္ခ်င္းမတူညီၾကလို႔ပါပဲ။ တစ္ေယာက္ကက်ေတာ့ ျပႆနာကို အရမ္းအာ႐ုံစိတ္ေတြးေတာလြန္းၿပီးေတာ့ အျခားတစ္ေယာက္က ျပႆနာေျဖရွင္းခ်င္စိတ္မရွိတာ အရမ္းဆိုးလြန္းပါတယ္။

၄။ တစ္ေယာက္ကိုတစ္ေယာက္အျပစ္မတင္ဘဲ တာဝန္ယူမႈရွိပါ

ျငင္းခုန္မႈျဖစ္ၾကတာက ေဘးလူေတြေၾကာင့္မဟုတ္ဘဲ ကာယကံရွင္ႏွစ္ေယာက္ေၾကာင့္ပဲ ျဖစ္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ တစ္ဖက္လူေျပာတာကို အျခားတစ္ဖက္က မႀကိဳက္လို႔ ျပန္ေခ်ပရင္းနဲ႔ ေနာက္ဆုံးက် ရန္ျဖစ္ကုန္ေရာပဲ။ တစ္ဖက္က အမွားေတြ စြပ္စြဲတဲ့အခ်ိန္မွာ သင္ကစိတ္ေအးေအးထားၿပီး တစ္ခ်က္ခ်င္းစီျပန္ရွင္းျပေပးရမွာပါ။ ေဒါသသံမပါ ပါေစနဲ႔။

၅။ အတိတ္က အေၾကာင္းေတြ ျပန္အစေဖာ္တာ

အခုလက္ရွိ ျပႆနာကိုေတာင္ မေျဖရွင္းႏိုင္ၾကတာ ဘာျဖစ္လို႔ အတိတ္ကမေျဖရွင္းႏိုင္ခဲ့တဲ့ ျပႆနာေတြကို အစေဖာ္ခ်င္ရတာလဲ။ ဘယ္သူ႔အတြက္ေကာင္းက်ိဳုးရွိမွာမို႔လို႔လဲေနာ္။ၿပီးရင္ ကိုယ့္ခ်စ္သူကို ေလးစားပါ။ ရန္ျဖစ္ေနတဲ့အခ်ိန္ ကိုယ္ကစိတ္ညစ္လို႔ စိတ္သက္သာရာရေအာင္ဆိုၿပီး ကိုယ့္ခ်စ္သူမေကာင္းေၾကာင္းကို သူ႔ေနာက္ကြယ္မွာမေျပာပါနဲ႔။ ဒါက သူ႔ကိုမထီမဲ့ျမင္ျပဳျခင္းတစ္မ်ိဳးပါပဲ။ ကိုယ့္ကိုယ္ကိုလည္း သိကၡာခ်ရာေရာက္ပါတယ္။

၆။ ျပႆနာတစ္ခုကို တစ္ႀကိမ္တည္းနဲ႔ ေသခ်ာကိုင္တြယ္ေျဖရွင္းပါ

ေနရာတိုင္းမွာ အေျခအေနနဲ႔ အခ်ိန္အခါဆိုတာရွိပါတယ္။ ဘယ္သူကမွ မနက္ေစာေစာစီးစီး ျပႆနာအရွာခံခ်င္မွာ မဟုတ္ပါဘူး၊ အတင္းအၾကပ္ေဆြးေႏြးခံရတာလည္း မႀကိဳက္ပါဘူး။ အဲ့ဒါေၾကာင့္ သင့္ခ်စ္သူနဲ႔ ေသခ်ာေဆြးေႏြးဖို႔ ေသခ်ာတဲ့အခ်ိန္၊ ေအးေအးေဆးေဆးစကားေျပာလို႔ရမဲ့ေနရာေ႐ြးၿပီး အထက္ကေျပာျပတဲ့နည္းလမ္းေတြအတိုင္းေျဖရွင္းေပးပါ။

၇။ အေျဖထုတ္ပါ

ခုနကအတူတူေဆြေႏြးၿပီးသြားၿပီဆိုရင္ေတာ့ တိက်တဲ့ အေျဖတစ္ခုရလာပါလိမ့္မယ္။ အတြဲေတာ္ေတာ္မ်ားမ်ားကလည္း ဆက္လုပ္ရမဲ့ အေျဖကို သိၿပီးသည့္တိုင္ေအာင္ ျပတ္ျပတ္သားသားလုပ္ေဆာင္ဖို႔ ေနာက္တြန႔္ေနၾကပါတယ္။ ကိုယ့္ခ်စ္သူနဲ႔ ဘယ္လိုမွ ေရွ႕ဆက္သြားဖို႔အဆင္မေျပဘူးလား။ အဲ့ဒါဆိုရင္ေတာ့ လုပ္စရာတစ္နည္းပဲရွိပါေတာ့တယ္။ ဘာလဲဆိုတာ မေျပာျပေတာ့ဘူးေနာ္။ ဘဝႀကီးကတိုေတာင္းလွပါတယ္။ တိုေတာင္းလွတဲ့ လူ႔ဘဝႀကီးထဲမွာ ရန္ျဖစ္တာ၊ ျငင္းခုန္ေနတာနဲ႔ပဲ ဘာျဖစ္လို႔ အခ်ိန္ကုန္ခ်င္ရတာလဲ။ သင္က အျခားသူေတြနဲ႔ မွ်ေဝခံစားၿပီး ေပ်ာ္ေပ်ာ္ေနခ်င္တယ္ဆိုရင္ သင့္လိုပဲ ေပ်ာ္ေပ်ာ္ေနခ်င္တဲ့ သူနဲ႔ပဲ အတူရွိေနသင့္တာပါ။

Credit:Mystyle Myanmar

Unicodeဖြင့်ဖတ်ရန်

မကြာခဏ ရန်ဖြစ်လေ့ရှိတဲ့ စုံတွဲတိုင်း သိထားသင့်တဲ့ နည်းလမ်းတစ်ချို့

အားလုံးပဲ မင်္ဂလာပါ။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဆိုတာက နားထောင်လို့တော့ ကောင်းပေမဲ့ ခဏခဏရန်ဖြစ်ရင်ကျတော့ နှစ်ဦးနှစ်ဖက်စိတ်ညစ်ရတာပေါ့နော်။ ဆက်ထုံးများတဲ့ ကြိုးကမကောင်းဘူးဆိုသလိုပဲ ရန်ဖြစ်လို့ ပြတ်သွားလိုက် ပြီးကျပြန်တွဲလိုက်နဲ့ ရေရှည်ဆို သမီးရည်းစားဆက်ဆံရေးကိုထိခိုက်လာနိုင်တယ်နော်။

အခု မျှဝေပေးချင်တဲ့ နည်းလမ်းလေးတွေကတော့ ရန်ဖြစ်တာကို ဘယ်လိုရပ်တန့်မလဲဆိုတာပါပဲ။

၁။ ကောင်းမွန်တဲ့ ဆက်သွယ်ရေးနည်းလမ်းကိုသာ ကျင့်သုံးပါ

သမီးရည်းစားတွေရန်ဖြစ်ကြတယ်ဆိုတာ တစ်ယောက်စိတ်ခံစားချက်ကို တစ်ယောက်မသိကြလို့ ရန်ဖြစ်ကြတာပါ။ သူတို့ဆက်ဆံရေးမှာ တစ်ယောက်အကြောင်းတစ်ယောက်နားလည်အောင် သင်ယူဖို့ အများကြီးလိုအပ်နေပါပြီ။

ပြီးတော့ ရန်ဖြစ်ရင် ဘယ်တော့မှ တစ်ယောက်နဲ့တစ်ယောက် မအော်ပါနဲ့။ အော်တယ်ဆိုတာက သင်အားပေးတဲ့ ဘောလုံးအသင်း နိုင်လို့ ဝမ်းသာအားရတဲ့အချိန်နဲ့၊ ရှုံးနေလို့ အားမလိုအားမရဖြစ်တဲ့ အချိန်တွေပဲ အော်သင့်တာပါ။

ပြီးရင် ဂရုတစိုက်နားထောင်ပေးဖို့လိုအပ်ပါတယ်။ တစ်ယောက်စကားပြောတဲ့အချိန်မှာ အခြားတစ်ယောက်က မနှောင့်ယှက်ဘဲ ဂရုတစိုက်နားထောင်ပေးမယ်ဆိုရင် ပြဿနာကို မြန်မြန်ဖြေရှင်းနိုင်မှာပါ။

၂။ လေလှိုင်းပေါ်ကနေ ငြင်းခုန်နေတဲ့ စာပို့တာရပ်မယ်

လူတိုင်းသိကြတဲ့ အတိုင်း စာပို့ပြီးဆက်သွယ်တာက ကောင်းမွန်တဲ့ ဆက်ဆံရေးကို မရနိုင်ပါဘူး။ ကိုယ်ပို့လိုက်တဲ့ Emoji လေးတွေ၊ ဘာရယ်မဟုတ် ရွှတ်နောက်နောက်နဲ့ ပို့လိုက်တဲ့ စာလေးတစ်စောင်ကို တစ်ဖက်လူက အဓိပ္ပါယ်ကောက်လွဲသွားနိုင်လို့ပါ။ သင်တို့ နှစ်ယောက်က LDRS တွေမဟုတ်သရွေ့ လေလှိုင်းပေါ်ကနေ ငြင်းခုန်ရန်ဖြစ်နေတာမျိုးမလုပ်ပဲ မျက်နှာချင်းဆိုင်ဆွေးနွေးပေးဖို့လိုပါတယ်။

၃။ ပြဿနာဖြစ်ရခြင်းဇစ်မြစ်ကို ရှာဖွေပါ

သမီးရည်းစားအများစုမှာ အဖြစ်များတဲ့ ပြဿနာက အကျင့်စရိုက်ချင်းမတူညီကြလို့ပါပဲ။ တစ်ယောက်ကကျတော့ ပြဿနာကို အရမ်းအာရုံစိတ်တွေးတောလွန်းပြီးတော့ အခြားတစ်ယောက်က ပြဿနာဖြေရှင်းချင်စိတ်မရှိတာ အရမ်းဆိုးလွန်းပါတယ်။

၄။ တစ်ယောက်ကိုတစ်ယောက်အပြစ်မတင်ဘဲ တာဝန်ယူမှုရှိပါ

ငြင်းခုန်မှုဖြစ်ကြတာက ဘေးလူတွေကြောင့်မဟုတ်ဘဲ ကာယကံရှင်နှစ်ယောက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ဖက်လူပြောတာကို အခြားတစ်ဖက်က မကြိုက်လို့ ပြန်ချေပရင်းနဲ့ နောက်ဆုံးကျ ရန်ဖြစ်ကုန်ရောပဲ။ တစ်ဖက်က အမှားတွေ စွပ်စွဲတဲ့အချိန်မှာ သင်ကစိတ်အေးအေးထားပြီး တစ်ချက်ချင်းစီပြန်ရှင်းပြပေးရမှာပါ။ ဒေါသသံမပါ ပါစေနဲ့။

၅။ အတိတ်က အကြောင်းတွေ ပြန်အစဖော်တာ

အခုလက်ရှိ ပြဿနာကိုတောင် မဖြေရှင်းနိုင်ကြတာ ဘာဖြစ်လို့ အတိတ်ကမဖြေရှင်းနိုင်ခဲ့တဲ့ ပြဿနာတွေကို အစဖော်ချင်ရတာလဲ။ ဘယ်သူ့အတွက်ကောင်းကျိုုးရှိမှာမို့လို့လဲနော်။ပြီးရင် ကိုယ့်ချစ်သူကို လေးစားပါ။ ရန်ဖြစ်နေတဲ့အချိန် ကိုယ်ကစိတ်ညစ်လို့ စိတ်သက်သာရာရအောင်ဆိုပြီး ကိုယ့်ချစ်သူမကောင်းကြောင်းကို သူ့နောက်ကွယ်မှာမပြောပါနဲ့။ ဒါက သူ့ကိုမထီမဲ့မြင်ပြုခြင်းတစ်မျိုးပါပဲ။ ကိုယ့်ကိုယ်ကိုလည်း သိက္ခာချရာရောက်ပါတယ်။

၆။ ပြဿနာတစ်ခုကို တစ်ကြိမ်တည်းနဲ့ သေချာကိုင်တွယ်ဖြေရှင်းပါ

နေရာတိုင်းမှာ အခြေအနေနဲ့ အချိန်အခါဆိုတာရှိပါတယ်။ ဘယ်သူကမှ မနက်စောစောစီးစီး ပြဿနာအရှာခံချင်မှာ မဟုတ်ပါဘူး၊ အတင်းအကြပ်ဆွေးနွေးခံရတာလည်း မကြိုက်ပါဘူး။ အဲ့ဒါကြောင့် သင့်ချစ်သူနဲ့ သေချာဆွေးနွေးဖို့ သေချာတဲ့အချိန်၊ အေးအေးဆေးဆေးစကားပြောလို့ရမဲ့နေရာရွေးပြီး အထက်ကပြောပြတဲ့နည်းလမ်းတွေအတိုင်းဖြေရှင်းပေးပါ။

၇။ အဖြေထုတ်ပါ

ခုနကအတူတူဆွေနွေးပြီးသွားပြီဆိုရင်တော့ တိကျတဲ့ အဖြေတစ်ခုရလာပါလိမ့်မယ်။ အတွဲတော်တော်များများကလည်း ဆက်လုပ်ရမဲ့ အဖြေကို သိပြီးသည့်တိုင်အောင် ပြတ်ပြတ်သားသားလုပ်ဆောင်ဖို့ နောက်တွန့်နေကြပါတယ်။ ကိုယ့်ချစ်သူနဲ့ ဘယ်လိုမှ ရှေ့ဆက်သွားဖို့အဆင်မပြေဘူးလား။ အဲ့ဒါဆိုရင်တော့ လုပ်စရာတစ်နည်းပဲရှိပါတော့တယ်။ ဘာလဲဆိုတာ မပြောပြတော့ဘူးနော်။ ဘဝကြီးကတိုတောင်းလှပါတယ်။ တိုတောင်းလှတဲ့ လူ့ဘဝကြီးထဲမှာ ရန်ဖြစ်တာ၊ ငြင်းခုန်နေတာနဲ့ပဲ ဘာဖြစ်လို့ အချိန်ကုန်ချင်ရတာလဲ။ သင်က အခြားသူတွေနဲ့ မျှဝေခံစားပြီး ပျော်ပျော်နေချင်တယ်ဆိုရင် သင့်လိုပဲ ပျော်ပျော်နေချင်တဲ့ သူနဲ့ပဲ အတူရှိနေသင့်တာပါ။

Credit:Mystyle Myanmar

မှတ်ချက်များ