Zawgyiျဖင့္ဖတ္ရန္
ဒီေန႔လို ေခတ္မီတိုးတက္လာတဲ့ ေခတ္တစ္ခုမွာ ေရာဂါ ဘယေတြဟာလည္း တိုးတက္လာတယ္လို႔ ဆိုရမွာပဲျဖစ္ပါတယ္။ အရင္ တစ္ခ်ိန္က ၉၆ ပါး ေရာဂါလို႔သာ ဆိုရေပမယ့္လည္း အခုခ်ိန္မွာေတာ့ ၉၆ ပါး မကေတာ့တာအမွန္ပါပဲ။ ေရာဂါဆန္းေတြဟာ ေခတ္ႀကီးတစ္ခုလို အသစ္အဆန္းေတြ အရမ္းကို မ်ားလာခဲ့ပါတယ္။ အခုတင္ဆက္ေပးမယ့္ သတင္းေလးကေတာ့ ေရာဂါဆန္း တစ္ခုလို႔ ဆိုရမွာျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာသာမက ကမာၻတစ္ဝွမ္းလုံး နီးပါး စားသုံးၿပီး ႀကိဳက္ႏွစ္သက္ၾကတဲ့ Hot Pot က ေန ေရာဂါျဖစ္ရတဲ့ သတင္းေလးပါပဲ။
ဒီ ျဖစ္ရပ္ေလးကေတာ့ တ႐ုတ္ႏိုင္ငံမွာ ျဖစ္သြားတာျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံရဲ႕ မီဒီယာေတြဟာလည္း ဒီသတင္းကို ဦးစားေပး ေဖာ္ျပလ်က္ရွိပါတယ္။ အသက္ ၄၆ ႏွစ္ အ႐ြယ္ တ႐ုတ္ႏိုင္ငံသား တစ္ဦးဟာ Hot pot ခ်က္စားၿပီး ဝက္႐ူးျပန္ေရာဂါကို ခံစားခဲ့ရတာျဖစ္ပါတယ္။ သူဟာ အသားကို မက်က္တက်က္ ျပဳလုပ္ၿပီး စားသုံးခဲ့ပါတယ္။ ဒီလို စားသုံးၿပီး သိပ္မၾကာခင္မွာ ခံစားမႈဟာ မေကာင္းေတာ့တာေၾကာင့္ ဆရာဝန္ေတြဆီကို သြားေရာက္ျပသခဲ့ပါတယ္။ ဒီလို ျပသၿပီး စစ္ေဆးမႈေတြ ျပဳလုပ္ခဲ့ခ်ိန္မွာ ဦးေဏွာက္ထဲကို ကပ္ပါး ေကာင္ တစ္ေကာင္ ကပ္ညိေနခဲ့ပါတယ္။

သူ႔ရဲ႕ ဦးေဏွာက္ေသြးျပန္ေၾကာမွာ ပိတ္ဆို႔ေစခဲ့ၿပီး Intracranial calcification ကို ခံစားေစခဲ့ရပါတယ္။ သူဟာ ေဆးကုသမႈခံယူခဲ့ေသာ္လည္း သက္သာလာလို႔ ကုသမႈကို ဆက္လက္ မခံယူခဲ့ပါဘူး။ သိပ္မၾကာတဲ့ အခ်ိန္အေတာအတြင္းမွာေတာ့ သူဟာ ေဆးခန္းကို ထပ္မံျပသခဲ့ရၿပီး၊ စစ္ေဆးမႈေတြ ျပဳလုပ္တဲ့အခါမွာ သူဟာ Epilepsy လို႔ေခၚတဲ့ ဝက္႐ူးျပန္ေရာဂါကို ခံစားေနရၿပီျဖစ္ပါတယ္။ သူဟာ ဆရာဝန္ေတြကို ညဘက္မွာ ဝက္႐ူးျပန္တတ္ေၾကာင္း အမွန္တိုင္း ဝန္ခံၿပီး ေဆးကုသမႈေတြ ျပဳလုပ္ခဲ့ရပါတယ္။ ပရိတ္သတ္ႀကီးေရ Hot Pot စားတဲ့အခါမွာ အသားေတြကို က်က္ေအာင္ ျပဳလုပ္ၿပီးမွ စားဖို႔ အသိေပးႏႈိးေဆာ္ခ်င္ပါတယ္ေနာ္…………။
Unicode ဖြင့်ဖတ်ရန်
ဒီနေ့လို ခေတ်မီတိုးတက်လာတဲ့ ခေတ်တစ်ခုမှာ ရောဂါ ဘယတွေဟာလည်း တိုးတက်လာတယ်လို့ ဆိုရမှာပဲဖြစ်ပါတယ်။ အရင် တစ်ချိန်က ၉၆ ပါး ရောဂါလို့သာ ဆိုရပေမယ့်လည်း အခုချိန်မှာတော့ ၉၆ ပါး မကတော့တာအမှန်ပါပဲ။ ရောဂါဆန်းတွေဟာ ခေတ်ကြီးတစ်ခုလို အသစ်အဆန်းတွေ အရမ်းကို များလာခဲ့ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရောဂါဆန်း တစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာသာမက ကမ္ဘာတစ်ဝှမ်းလုံး နီးပါး စားသုံးပြီး ကြိုက်နှစ်သက်ကြတဲ့ Hot Pot က နေ ရောဂါဖြစ်ရတဲ့ သတင်းလေးပါပဲ။
ဒီ ဖြစ်ရပ်လေးကတော့ တရုတ်နိုင်ငံမှာ ဖြစ်သွားတာဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ မီဒီယာတွေဟာလည်း ဒီသတင်းကို ဦးစားပေး ဖော်ပြလျက်ရှိပါတယ်။ အသက် ၄၆ နှစ် အရွယ် တရုတ်နိုင်ငံသား တစ်ဦးဟာ Hot pot ချက်စားပြီး ဝက်ရူးပြန်ရောဂါကို ခံစားခဲ့ရတာဖြစ်ပါတယ်။ သူဟာ အသားကို မကျက်တကျက် ပြုလုပ်ပြီး စားသုံးခဲ့ပါတယ်။ ဒီလို စားသုံးပြီး သိပ်မကြာခင်မှာ ခံစားမှုဟာ မကောင်းတော့တာကြောင့် ဆရာဝန်တွေဆီကို သွားရောက်ပြသခဲ့ပါတယ်။ ဒီလို ပြသပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ချိန်မှာ ဦးဏှောက်ထဲကို ကပ်ပါး ကောင် တစ်ကောင် ကပ်ညိနေခဲ့ပါတယ်။
သူ့ရဲ့ ဦးဏှောက်သွေးပြန်ကြောမှာ ပိတ်ဆို့စေခဲ့ပြီး Intracranial calcification ကို ခံစားစေခဲ့ရပါတယ်။ သူဟာ ဆေးကုသမှုခံယူခဲ့သော်လည်း သက်သာလာလို့ ကုသမှုကို ဆက်လက် မခံယူခဲ့ပါဘူး။ သိပ်မကြာတဲ့ အချိန်အတောအတွင်းမှာတော့ သူဟာ ဆေးခန်းကို ထပ်မံပြသခဲ့ရပြီး၊ စစ်ဆေးမှုတွေ ပြုလုပ်တဲ့အခါမှာ သူဟာ Epilepsy လို့ခေါ်တဲ့ ဝက်ရူးပြန်ရောဂါကို ခံစားနေရပြီဖြစ်ပါတယ်။ သူဟာ ဆရာဝန်တွေကို ညဘက်မှာ ဝက်ရူးပြန်တတ်ကြောင်း အမှန်တိုင်း ဝန်ခံပြီး ဆေးကုသမှုတွေ ပြုလုပ်ခဲ့ရပါတယ်။ ပရိတ်သတ်ကြီးရေ Hot Pot စားတဲ့အခါမှာ အသားတွေကို ကျက်အောင် ပြုလုပ်ပြီးမှ စားဖို့ အသိပေးနှိုးဆော်ချင်ပါတယ်နော်…………။
Credit: Shwe Yaung Lan

မှတ်ချက်များ