ေဟာ္လန္ႏိုင္ငံသားေတြက ႐ုပ္ရွင္႐ုံထိသြားၾကည့္မယ္လို႔ေျပာလာတဲ့ ဦးေက်ာ္သူ႐ိုက္ကူးတဲ့ ၁၀၁၄ ႐ုပ္ရွင္ကားႀကီး




Zawgyiျဖင့္ဖတ္ရန္

ဦးေက်ာ္သူ ဒါ႐ိုက္တာအျဖစ္ ႐ိုက္ကူးထားတဲ့ ၁၀၁၄ ႐ုပ္ရွင္ကားႀကီးကို ဒီဇင္ဘာလ (၁၉) ရက္ေန႔မွာ႐ုံတင္ျပသေတာ့မယ္လို႔သိရပါတယ္ ။ ပုဂံေခတ္သူရဲေကာင္းေတြရဲ႕ အေၾကာင္းကို ဇာတ္အိမ္တည္ၿပီး ႐ိုက္ကူးထားတာျဖစ္သလို နာမည္ႀကီးမင္းသားမင္းသမီးေတြျဖစ္တဲ့ မို႔မို႔ျမင့္ေအာင္ ၊ ေက်ာ္သူ ၊ ေျပဇင္ ၊ ေမျမင့္မိုရ္ ၊ ထူးေအာင္နဲ႔ ေဒါင္းတို႔က ပါဝင္ သ႐ုပ္ေဆာင္ထားတယ္လို႔လည္းသိရပါတယ္ ။ ဒီဇာတ္ကားႀကီးကို အီတာလ်ံမီဒီယာေတြကပါ စိတ္ဝင္တစား ေမးျမန္းခဲ့ဖူးပါတယ္ ။





ဦးေက်ာ္သူ ဟာ မနက္ ၆:၀၀ နာရီ မိုးပ်ံပူေပါင္းစီးၿပီး ကမာၻေျမျပင္ႀကီးနဲ႔ သာသနာျပဳမင္းေတြကို ေမတၱာပို႔သခဲ့ၿပီးေနာက္ပုဂံေျမျပင္ကို ျပန္အေရာက္မွာ မိုးပ်ံပူေပါင္းေမာင္းႏွင္သူ ေဟာ္လန္ႏိုင္ငံသား San Jay က On Lineေပၚမွာပါေနၿပီျဖစ္တဲ့ ဦးေက်ာ္သူရဲ႕ “1014” ႐ုပ္ရွင္နမူနာကို အမွတ္မထင္ ျမင္ေတြ႕သြားၿပီး ဦးေက်ာ္သူကို ဝမ္းသာအားရေဖၚေ႐ြစြာလာေရာက္ႏႈတ္ဆက္ခဲ့ပါတ.္ ။ အဂၤလိပ္စာတန္းထိုးပါက ျမန္မာရာဇဝင္နဲ႔ ဗုဒၶဘာသာကိုစိတ္ဝင္စားတဲ့အတြက္ ဒီဇင္ဘာလ ၁၉ ရက္ေန႔မွာ ေက်ာက္ပန္းေတာင္း(သို႔)ပခုကၠဴ႐ုပ္ရွင္႐ုံေတြမွာ သြားေရာက္ၾကည့္ရႈမယ္လို႔ ေျပာခဲ့တဲ့အတြက္ ဦးေက်ာ္သူဟာ အရမ္းကိုဝမ္းသာပီတိျဖစ္ေနတယ္လို႔ လူမႈကြန္ရက္စာမ်က္ႏွာကေန ေရးသားေဖာ္ျပခဲ့ပါတယ္ ။







ဗုဒၶဘာသာ ေပၚထြန္းရာ ပုဂံရာဇဝင္ႀကီးကို အေျခခံၿပီး ပုဂံေခတ္သူရဲေကာင္းေတြရဲ႕ အေၾကာင္းကို ႐ိုက္ကူးျပသထားတာျဖစ္လို႔ ပရိသတ္ေတြကလည္း အရမ္းကိုစိတ္ဝင္စားေနၾကတာပါ ။ ႏိုင္ငံျခား မီဒီယာေတြနဲ႔ ႏိုင္ငံျခားသား ဧည့္သည္ေတြကပါ ဒီကားႀကီးကို အထူးစိတ္ဝင္စားေနၾကတာျဖစ္လို႔ ဘယ္ေလာက္ထိ ပရိသတ္ကို ဆြဲေဆာင္ႏိုင္တဲ့ ကားျဖစ္လာမလဲဆိုတာ စိတ္ဝင္စားစရာပါ ။


Unicode ဖြင့်ဖတ်ရန်




ဦးကျော်သူ ဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ ၁၀၁၄ ရုပ်ရှင်ကားကြီးကို ဒီဇင်ဘာလ (၁၉) ရက်နေ့မှာရုံတင်ပြသတော့မယ်လို့သိရပါတယ် ။ ပုဂံခေတ်သူရဲကောင်းတွေရဲ့ အကြောင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာဖြစ်သလို နာမည်ကြီးမင်းသားမင်းသမီးတွေဖြစ်တဲ့ မို့မို့မြင့်အောင် ၊ ကျော်သူ ၊ ပြေဇင် ၊ မေမြင့်မိုရ် ၊ ထူးအောင်နဲ့ ဒေါင်းတို့က ပါဝင် သရုပ်ဆောင်ထားတယ်လို့လည်းသိရပါတယ် ။ ဒီဇာတ်ကားကြီးကို အီတာလျံမီဒီယာတွေကပါ စိတ်ဝင်တစား မေးမြန်းခဲ့ဖူးပါတယ် ။





ဦးကျော်သူ ဟာ မနက် ၆:၀၀ နာရီ မိုးပျံပူပေါင်းစီးပြီး ကမ္ဘာမြေပြင်ကြီးနဲ့ သာသနာပြုမင်းတွေကို မေတ္တာပို့သခဲ့ပြီးနောက်ပုဂံမြေပြင်ကို ပြန်အရောက်မှာ မိုးပျံပူပေါင်းမောင်းနှင်သူ ဟော်လန်နိုင်ငံသား San Jay က On Lineပေါ်မှာပါနေပြီဖြစ်တဲ့ ဦးကျော်သူရဲ့ “1014” ရုပ်ရှင်နမူနာကို အမှတ်မထင် မြင်တွေ့သွားပြီး ဦးကျော်သူကို ဝမ်းသာအားရဖေါ်ရွေစွာလာရောက်နှုတ်ဆက်ခဲ့ပါတ.် ။ အင်္ဂလိပ်စာတန်းထိုးပါက မြန်မာရာဇဝင်နဲ့ ဗုဒ္ဓဘာသာကိုစိတ်ဝင်စားတဲ့အတွက် ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ ကျောက်ပန်းတောင်း(သို့)ပခုက္ကူရုပ်ရှင်ရုံတွေမှာ သွားရောက်ကြည့်ရှုမယ်လို့ ပြောခဲ့တဲ့အတွက် ဦးကျော်သူဟာ အရမ်းကိုဝမ်းသာပီတိဖြစ်နေတယ်လို့ လူမှုကွန်ရက်စာမျက်နှာကနေ ရေးသားဖော်ပြခဲ့ပါတယ် ။





ဗုဒ္ဓဘာသာ ပေါ်ထွန်းရာ ပုဂံရာဇဝင်ကြီးကို အခြေခံပြီး ပုဂံခေတ်သူရဲကောင်းတွေရဲ့ အကြောင်းကို ရိုက်ကူးပြသထားတာဖြစ်လို့ ပရိသတ်တွေကလည်း အရမ်းကိုစိတ်ဝင်စားနေကြတာပါ ။ နိုင်ငံခြား မီဒီယာတွေနဲ့ နိုင်ငံခြားသား ဧည့်သည်တွေကပါ ဒီကားကြီးကို အထူးစိတ်ဝင်စားနေကြတာဖြစ်လို့ ဘယ်လောက်ထိ ပရိသတ်ကို ဆွဲဆောင်နိုင်တဲ့ ကားဖြစ်လာမလဲဆိုတာ စိတ်ဝင်စားစရာပါ ။


Source : Kyaw Thu . Cele Zone


Credit: Myanmar technews 


မှတ်ချက်များ