သူ႔ရဲ႕ကေလးေတြ ေကာင္းေကာင္းမြန္မြန္ ေနရဖို႔ ေဂဟာေဆာက္လုပ္ရန္ စီစဥ္ေနတဲ့ ခိုင္ႏွင္းေဝ





Zawgyiျဖင့္ဖတ္ရန္

ႏိုင္ငံေက်ာ္သရုပ္ေဆာင္ ခိုင္ႏွင္းေဝ ဟာဆိုရင္ ပရိသတ္ေတြခ်စ္ခင္အားေပးရတဲ့ အႏုပညာရွင္တစ္ဦးပါ။ သူမက အႏုပညာကို ႀကိဳးစားလုပ္ရင္း မိသားစုနဲ႔ အတူ ဘဝကိုေအးခ်မ္းစြာျဖတ္သန္းေနသူေလးပဲျဖစ္ပါတယ္။ ခိုင္ႏွင္းေဝက သူမဦးေဆာင္ တဲ့ ပရဟိတအဖြဲ႕ ေလးနဲ႔ ျပည္သူလူထု အက်ိဳး မရွိဆင္းရဲသားေတြ အတြက္ ပရဟိတအလွဴမ်ားစြာကို လုပ္ကိုင္းႏိုင္တဲ့ စံျပမင္းသမီးတစ္ဦး ဆိုလည္း မမွားပါဘူး ။ ဒီတစ္ခါမွာေတာ့ ခ်စ္ပရိသတ္ေတြကို သူ႔ရဲ႕ ကေလးေတြ ေကာင္းေကာင္းမြန္မြန္ ေနရဖို႔ ေဂဟာ ေဆာက္ရန္စီစဥ္ေနတဲ့ ခိုင္ႏွင္းေဝအေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။



ခိုင္ႏွင္းေဝက ခုဆိုရင္ မိဘမဲ့ ကေလးမ်ားကိုလည္း ျပဳစုေစာင့္ေရွာက္တဲ့ မြန္ျမတ္တဲ့ အလုပ္ေတြကို လုပ္ကိုင္ေနသူပဲျဖစ္ပါတယ္။ လက္ရွိမွာလည္း ခိုင္ႏွင္းေဝက သူ႔ရဲ႕ ေမြးစားထားတဲ့ သမီးေလးကို သဲသဲလႈပ္ခ်စ္ေနတာပါ။ ကိုယ္တိုင္ေမြးထားတာ မဟုတ္ေပမယ့္ သူ႔ရဲ႕ ေသြးသားအရင္းလိုပဲ မိခင္ေမတၱာအျပည့္အဝ ေပးၿပီး သမီးေလးကို ျပဳစုေစာင့္ေရွာက္ေနတာပဲျဖစ္ပါတယ္။



ကိုယ့္ရဲ႕ ေသြးသားအရင္မဟုတ္ေပမယ့္ သူမရဲ႕ ေဂဟာ ေရာက္လာတဲ့ သားသမီးေတြကို မိခင္အရင္းလို ျပဳစုေနတဲ့ ခိုင္ႏွင္းေဝ ရဲ႕ စိတ္ဓာတ္ေလးက ေလးစားေလာက္ပါတယ္။



ဒီတစ္ခါမွာလည္း ခိုင္ႏွင္းေဝ ေဂဟာ မွ သူ႔ရဲ႕ ကေလးေတြကို ေကာင္းေကာင္းမြန္မြန္ေနရဖို႔ သူမ စီစဥ္ေနတဲ့ အေၾကာင္းကို ခုလိုေျပာထားပါတယ္။



ခိုင္ႏွင္းေဝ က ” ကေလးေတြေဂဟာေဆာက္လုပ္ရန္အတြက္ဒီေန႔ စည္ပင္မွတာဝန္ရွိသူမ်ားနဲ႔ေျမတိုင္းျခင္းမ်ားျပဳလုပ္ခဲ့ပါတယ္ရွင္…ကေလးေတြကို အခုထက္ပိုၿပီးေကာင္းမြန္စြာ ထားႏိုင္ဖို႔အတြက္စတင္အေကာင္ထည္ေဖာ္ေနၿပီမို႔ ကေလးတို႔ရဲ႕ေမေမ ေပ်ာ္ရႊင္ေနပါတယ္လို႔… ” ဆိုၿပီးေျပာထားပါတယ္။



ပရိသတ္ၿကီးလည္းသူ႔ရဲ႕ သားသမီးေတြ ေနဖို႔ ေဂဟာ ေဆာက္လုပ္ရန္ စီစဥ္ေနတဲ့ ခိုင္ႏွင္းေဝ ရဲ႕ အေၾကာင္းကို သိေလာက္ၿပီ ထင္ပါတယ္။ ၾကည့္ရူေပးၾကတဲ့ ပရိသတ္ႀကီးကို ေက်းဇူးအထူးတင္ရွိပါတယ္ေနာ္။


Unicode ဖြင့်ဖတ်ရန်



နိုင်ငံကျော်သရုပ်ဆောင် ခိုင်နှင်းဝေ ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပါ။ သူမက အနုပညာကို ကြိုးစားလုပ်ရင်း မိသားစုနဲ့ အတူ ဘဝကိုအေးချမ်းစွာဖြတ်သန်းနေသူလေးပဲဖြစ်ပါတယ်။ ခိုင်နှင်းဝေက သူမဦးဆောင် တဲ့ ပရဟိတအဖွဲ့ လေးနဲ့ ပြည်သူလူထု အကျိုး မရှိဆင်းရဲသားတွေ အတွက် ပရဟိတအလှူများစွာကို လုပ်ကိုင်းနိုင်တဲ့ စံပြမင်းသမီးတစ်ဦး ဆိုလည်း မမှားပါဘူး ။ ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေကို သူ့ရဲ့ ကလေးတွေ ကောင်းကောင်းမွန်မွန် နေရဖို့ ဂေဟာ ဆောက်ရန်စီစဉ်နေတဲ့ ခိုင်နှင်းဝေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။



ခိုင်နှင်းဝေက ခုဆိုရင် မိဘမဲ့ ကလေးများကိုလည်း ပြုစုစောင့်ရှောက်တဲ့ မွန်မြတ်တဲ့ အလုပ်တွေကို လုပ်ကိုင်နေသူပဲဖြစ်ပါတယ်။ လက်ရှိမှာလည်း ခိုင်နှင်းဝေက သူ့ရဲ့ မွေးစားထားတဲ့ သမီးလေးကို သဲသဲလှုပ်ချစ်နေတာပါ။ ကိုယ်တိုင်မွေးထားတာ မဟုတ်ပေမယ့် သူ့ရဲ့ သွေးသားအရင်းလိုပဲ မိခင်မေတ္တာအပြည့်အဝ ပေးပြီး သမီးလေးကို ပြုစုစောင့်ရှောက်နေတာပဲဖြစ်ပါတယ်။



ကိုယ့်ရဲ့ သွေးသားအရင်မဟုတ်ပေမယ့် သူမရဲ့ ဂေဟာ ရောက်လာတဲ့ သားသမီးတွေကို မိခင်အရင်းလို ပြုစုနေတဲ့ ခိုင်နှင်းဝေ ရဲ့ စိတ်ဓာတ်လေးက လေးစားလောက်ပါတယ်။



ဒီတစ်ခါမှာလည်း ခိုင်နှင်းဝေ ဂေဟာ မှ သူ့ရဲ့ ကလေးတွေကို ကောင်းကောင်းမွန်မွန်နေရဖို့ သူမ စီစဉ်နေတဲ့ အကြောင်းကို ခုလိုပြောထားပါတယ်။



ခိုင်နှင်းဝေ က ” ကလေးတွေဂေဟာဆောက်လုပ်ရန်အတွက်ဒီနေ့ စည်ပင်မှတာဝန်ရှိသူများနဲ့မြေတိုင်းခြင်းများပြုလုပ်ခဲ့ပါတယ်ရှင်…ကလေးတွေကို အခုထက်ပိုပြီးကောင်းမွန်စွာ ထားနိုင်ဖို့အတွက်စတင်အကောင်ထည်ဖော်နေပြီမို့ ကလေးတို့ရဲ့မေမေ ပျော်ရွှင်နေပါတယ်လို့… ” ဆိုပြီးပြောထားပါတယ်။



ပရိသတ်ကြီးလည်းသူ့ရဲ့ သားသမီးတွေ နေဖို့ ဂေဟာ ဆောက်လုပ်ရန် စီစဉ်နေတဲ့ ခိုင်နှင်းဝေ ရဲ့ အကြောင်းကို သိလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။




Credit: မုိမုိေလး



မှတ်ချက်များ